Sunday, October 3, 2010

Moving to my web site from Blogspot...!

ကျွန်တော့ရဲ့ www.thiha-ucsm.blogspot.com ကို လာကြည့်၊ လာဖတ် တဲ့အတွက် ကျေးဇူး တင်ပါတယ်။
အခု ကျွန်တော် blogspot ကို မသုံးတော့ပဲ ကိုယ်ပိုင် web site ဖန်တီး ထားပါတယ်။

နောက်ပိုင်းမှာ ကျွန်တော့ post တွေကို ကျွန်တော့ရဲ့ ကိုယ်ပိုင် web site ပေါ်မှာပဲ တင်တော့မှာ ဖြစ်ကြောင်း အသိပေး ပါတယ်။ အခု ဒီ blog မှာ တင် ထားတဲ့ post တွေကိုလည်း ကျွန်တော့ web site ပေါ်ကို ပြောင်း ပေးထားပါတယ်။

ကျွန်တော့ ကိုယ်ပိုင် web site လိပ်စာက  www.thihaoo.com   ဖြစ်ပါတယ်...။

Monday, September 20, 2010

Use iPhone's Internet connection for Wi-Fi only iPad

Apple က ထုတ်တဲ့ ဘာပစ္စည်းမဆို သဘောကျစရာ ကောင်းတာတော့ အမှန်ပဲ။ iPhone 3GS ပြီးတော့ iPhone4၊ နောက်ပြီး iPad တဲ့။ အမျိုးမျိုးပဲ။ အခုကျွန်တော် မျက်စိကျ နေတာက iPad ပေါ့။ (ဒါပေမယ့် လက်ထဲမှာ မရှိသေးပါဘူး)

iPhone ကိုသုံးနေတဲ့ သူတွေအဖို့ iPhone 3G network ကို tether လုပ်ပြီး computer တွေကို Internet ချိတ်လို့ ရအောင် လုပ်နိုင်တယ် ဆိုတာ အတော်များများ သိပြီးသားပါ။ ကျွန်တော် ကိုယ်တိုင်လည်း ကျွန်တော့ laptop ကို Internet မရှိတဲ့ နေရာကို ယူသွားဖြစ်ရင် iPhone သုံးပြီး Internet ချိတ်ဖြစ်ပါတယ်။ အဆင်လည်း ပြေတဲ့ အပြင် ကျွန်တော် ကတော့ အရမ်း သဘောကျမိတယ်။ Mobile broadband adaptor ၀ယ်သုံးတာလောက် မမြန် ပေမယ့် Internet ကို လိုတဲ့ နေရာမှာ သုံးလို့ရတော့ အလုပ် ဖြစ်တယ်လေ။ သီးသန့် mobile broadband လည်း ထပ်မ၀ယ်ရတော့ ဘူးပေါ့။

အခု ကျွန်တော် စဥ်းစားကြည့်တာက iPad အတွက်ပါ။ iPad ၀ယ်မယ် လို့ စဉ်းစားရင် ရွေးချယ်စရာ ၂ မျိုး ရှိပါတယ်။ Wi-Fi သီးသန့် အမျိုးအစားနဲ့ Wi-Fi + 3G ဆိုပြီး ရှိတာ လူတိုင်း သိပါတယ်။ Wi-Fi နဲ့ 3G နှစ်မျိုးလုံး ရတဲ့ iPad က ဈေးပိုကြီးတာ ပေါ့နော်။ ဒီတော့ iPad မ၀ယ်ခင် သေချာစဉ်းစား ရမှာက Wi-Fi သီးသန့် ပဲ ၀ယ်မလား၊ ဈေးပိုပေးပြီး 3G ရတာကို ၀ယ်မလားပေါ့။ ပုံမှန်အတိုင်း ဆို အိမ်တွေမှာက Wi-Fi wireless access point (router) ရှိနေတော့ Wi-Fi နဲ့ တင် လုံလောက်တယ်လေ။ ဒါပေမယ့် တစ်ခြား အပြင်ကို ယူသွားရင် iPad မှာ Internet ရအောင် ဘယ်လို လုပ်မလည်းပေါ့။

iPhone ရဲ့ Internet tethering ကို သုံးပြီး computer တွေကို Internet ချိတ်လို့ ရအောင် သုံးနိုင်ခဲ့တော့ iPhone ရဲ့ tethering ကို iPad အတွက်ရော သုံးလို့ ရနိုင်မလား စဉ်းစားမိပါတယ်။ Internet ပေါ်မှာ research လုပ်ကြည့်တဲ့ အဖြေက (ပုံမှန်အတိုင်းဆို) iPad နဲ့ iPhone Internet tethering ကို ချိတ်ပြီး Internet သုံးလို့ မရနိုင်ပါဘူး။ 3G မပါတဲ့ iPad ကို Internet ချိတ်ချင်ရင် Wi-Fi access point တစ်ခု ရှိဖို့ လိုပါတယ်။ ဒါပေမယ့် Wi-Fi သီးသန့် iPad က ဈေးလည်း သက်သာတယ်။ ၀ယ်ဖို့လည်း သင့်တော်တယ် လို့ ယူဆတော့ Wi-Fi သီးသန့် iPad ကို iPhone က တစ်ဆင့် Internet နဲ့ ချိတ်ဖို့ ဖြစ်နိုင်ချေကို ရှာကြည့်တော့ နည်းတစ်ခု ကို တွေ့ခဲ့ပါတယ်။

iPhone ကို jailbreak လုပ်ပြီးရင် သေချာ ဖန်တီးထားတဲ့ MiWi ဆိုတဲ့ software ကို ထည့်လိုက်ရင် ကျွန်တော်တို့ ရဲ့ iPhone က Wi-Fi access point အနေနဲ့ အလုပ် လုပ်ပါလိမ့်မယ်။ ကွန်ပျူတာ နဲ့ ချိတ်ဖို့က အဲလိုကြီး လုပ်ဖို့ မလိုပေမယ့် Wi-Fi သီးသန့် ပဲ ပါတဲ့ iPad ကို Internet ချိတ်ဖို့က Wi-Fi access point ရှိမှ ဖြစ်မှာမို့ အဲဒါကို သုံးရပါ လိမ့်မယ်။ ဒါဆို iPhone က Wi-Fi access point ဖြစ်သွားပြီ ဆိုတော့ Wi-Fi iPad ကို အဲဒီ network ထဲကို ၀င်ချိတ်လိုက် တာနဲ့ Internet သုံးလို့ ရပြီပေါ့။ ကိုယ့်ရဲ့ iPhone ကို jailbreak လုပ်ဖို့တော့ လိုပါလိမ့်မယ်။

ဒီနည်းကို သုံးခြင်းအားဖြင့် 3G မပါတဲ့ iPad ကို iPhone ကတစ်ဆင့် ရောက်လေရာ နေရာမှာ Internet သုံးလို့ ရအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ခု သတိထားရမှာက အဲလိုသုံးတယ်ဆိုရင် iPhone battery အရမ်း စားပါတယ်။ ဒါကြောင့် iPhone ကို charge လုပ်ဖို့ အဆင်ပြေမှ သုံးသင့်ပါတယ်။ ဒါမှမဟုတ် iPhone ကို computer ရဲ့ USB မှာ တပ်ထားပြီးမှ သုံးပေါ့နော်။ ဘယ်လိုပဲ ဖြစ်ဖြစ် iPhone က Wi-Fi wireless access point အနေနဲ့ အလုပ်လုပ်ပေး နိုင်တဲ့ အတွက် ဈေးသက်သာတဲ့ Wi-Fi သီးသန့် iPad အတွက် အဆင်ပြေသွားတာ ပေါ့နော်။

ကျွန်တော့ လက်ထဲမှာ iPad မရှိတဲ့ အတွက် အဲဒါကို လက်တွေ့ မစမ်းကြည့်ရ သေးပါဘူး။ ဒါပေမယ့် Internet က ရတဲ့ information အရ MyWi program က ကောင်းကောင်း အလုပ်လုပ် နိုင်တယ်လို့ ပြောပါတယ်။

Thursday, September 16, 2010

How to solve MacBook Pro freezing problem on Windows 7

Apple က MacBook PRO 13” တွေကို Mid-2010 model တွေမှာ internal hardware တွေကို ပိုကောင်းတာ တွေနဲ့ ပြောင်းခဲ့ပါတယ်။ အထူးသဖြင့် အရင်က Nvidia Geforce 9400M (16 shaders) အစား ပိုကောင်းတဲ့ Geforce 320M (48 shaders) တွေနဲ့ အစားထိုး ခဲ့ပါတယ်။
ဒါကြောင့် mid-2010 MacBook PRO 13” တစ်ခု ၀ယ်ဖြစ် ခဲ့ပါတယ်။ ကျွန်တော်က laptop ၀ယ်ရင် 13” လောက်ပဲ သဘောကျ မိတယ်။ 14” ကိုတောင် ကြီးတယ် ထင်လို့ပါ။ အဲဒီ MacBook Pro ရဲ့ graphic card အသစ် ကိုလည်း အတော် သဘောကျ မိပါတယ်။ အရင်က 9400 ထက် အများကြီး ပိုကောင်းလာတာ သိသာပါတယ်။ MacBook ဖြစ်တဲ့ အတွက် Mac OS X (SnowLeopoard) ပဲ ပါလာတဲ့ အတွက် Windows 7 (OEM) ကို ၀ယ်ပြီး install လုပ်ခဲ့ပါတယ်။

ဒါပေမယ့် ၀ယ်ပြီး ကထဲက စိတ်အနှောင့် အယှက် ဖြစ်ရတာက Windows 7 ပေါ်မှာ video တွေ ကြည့်နေရင်းနဲ့ video ကို pause လုပ်လိုက်ရင် system တစ်ခုလုံး စက္ကန့် (၃၀) ကနေ (၁)မိနစ် လောက် freeze ဖြစ်သွား ပါတယ်။ ဘာမှ လုပ်လို့မရပဲ ခဏလောက် စောင့်နေမှ ပြန်သုံးလို့ ရပါတယ်။ Video ကို pause လုပ်လိုက်တိုင်း ဖြစ်ပါတယ်။ အစက youtube video တွေ ကြည့်တဲ့ အချိန်မှာ သတိထားမိ ခဲ့လို့ streaming video တွေမှာ ဖြစ်တယ် ထင်ခဲ့ပါတယ်။ ဒါကြောင့် network driver နဲ့ configuration တွေကို အမျိုးမျိုး စမ်းကြည့် ပေမယ့် မရခဲ့ပါဘူး။
ဒါပေမယ့် နောက်ပိုင်းမှာ သတိထားမိ တာက download လုပ်ထားတဲ့ hard disk ထဲက video file တွေကို ဖွင့်ရင်လည်း ဖြစ်တာကို တွေ့ခဲ့ပါတယ်။ ဒါကြောင့် graphic card မှာများ ပြဿနာ တက်သလား ဆိုပြီး graphic card driver တွေကို အမျိုးမျိုး ပြောင်းသုံးခဲ့ ပါတယ်။ Setting အမျိုးမျိုး နဲ့ စမ်းကြည့်တာ လည်း အဆင်မပြေပါ။ နောက်ဆုံး Windows ကို ပြန် install လုပ်တယ်။ Windows 7 Home Premium ရော၊ Windows 7 Professional နဲ့ပါ စမ်းလည်း ပြဿနာ မပြေလည် ခဲ့ပါဘူး။ IE, FireFox, Safari, Chrome စတဲ့ browser တွေ ပြောင်းပြီး youtube ကို စမ်းလည်း freeze ဖြစ်တဲ့ ကိစ္စက မပြေလည် ခဲ့ပါဘူး။ အတော်ကို စိတ်အနှောင့် အယှက် ဖြစ်ရပါတယ်။
Youtube video တွေတင် မဟုတ်ပဲ နောက်ပိုင်းမှာ game ကစားနေရင်း ingame movie တွေ တက်လာရင်လည်း တစ်ခါတစ်ခါ freeze ဖြစ်တတ်တာကို သတိထားမိ ခဲ့ပါတယ်။ အဲဒီလို freeze ဖြစ်တဲ့ အချိန်မှာ CPU usage ကလည်း 100% ပြနေတာကို သတိထားမိ ပါတယ်။
Apple discussion မှာ ၀င်ဆွေးနွေး ကြည့်တော့လည်း တိကျ ရေရာတဲ့ အဖြေကို မရခဲ့ပါဘူး။ တစ်ချို့ကဆို hardware problem လို့တောင် ပြောပါ သေးတယ်။
ခက်တာက Mac OS X ထဲမှာကျတော့ ဘာမှ မဖြစ်ပဲ Windows 7 ထဲမှာမှ ဖြစ်တာကိုလည်း သေသေချာချာ သတိထားမိတော့ hardware ပြဿနာ မဖြစ်နိုင်ဘူး လို့ပဲ ယူဆပါတယ်။ ဒါပေမယ့် နည်းလမ်း အတော်များများ နဲ့ စမ်းသပ် ခဲ့ပေမယ့် အဲဒီ freeze ပြဿနာကို မဖြေရှင်း နိုင်ခဲ့ပါဘူး။ Internet ပေါ်က ဘယ် web site က video ကိုပဲ ကြည့်ကြည့် pause လုပ်လိုက်တာနဲ့ system က ရပ်သွားတာ အတော်ကို စိတ်ညစ်မိ ပါတယ်။ နောက်ဆုံး ကျွန်တော့ MacBook Pro ကို Apple ဆီကို ပြန်ပို့ရတော့ မလားလို့ တောင် စဉ်းစားမိ ပါတယ်။ ကျွန်တော် ဖြေရှင်းနေတာ ၂ လနီးပါး ရှိခဲ့ပြီလေ…။

စိတ်ထဲမှာ မကျေနပ်တာ နဲ့ ဖြစ်နိုင်ချေ တွေကို စဉ်းစားပါတယ်။ Video file တွေ ကြည့်နေရင်း ဖြစ်တာဆိုတော့ graphic card မှာ ပြဿနာ ဖြစ်နိုင်သလို sound မှာလည်း ပြဿနာ ဖြစ်နိုင်တာကို စဉ်းစားမိခဲ့ ပါတယ်။ MacBook PRO 13” ရဲ့ sound chip က CirrusLogic က ထုတ်တာပါ။ Nvidia ရဲ့ MCP89 chipset နဲ့ တွဲပြီး အလုပ်လုပ် ပါတယ်။
Windows 7 control panel ထဲက Sound settings ထဲကို ၀င်ပြီး ကျွန်တော့ sound chip ရဲ့ properties တွေကို စစ်ကြည့်ပါတယ်။ အဲဒီမှာ တွေ့မိတာက Windows 7 default configuration က 4-speaker (surround) လို့ လုပ်ထားတာ သတိထားမိ ပါတယ်။ ကျွန်တော့ MacBook Pro က speaker ၂ ခုပဲ ပါတဲ့အတွက် stereo (2-speakers) ကို ပြန်ချိန် ထားလိုက်ပါတယ်။ ပြီးတော့ Advanced settings ထဲက sound quality ကိုလည်း 24-bit, 48000Hz (Studio Quality) ကနေ 16-bit, 44100Hz (DVD quality) ကို ပြန်ပြောင်း လိုက်ပါတယ်။ သာမာန် stereo အတွက်ဆို အဲဒါက လုံလောက်တယ် မဟုတ်လား။
အဲဒီ လို ပြောင်းပြီးတော့ youtube ကို သွားပြီး video ကြည့်ရင်း pause လုပ်ကြည့်တော့ ကျွန်တော့ကို စိတ်အနှောင့် အယှက် ပေးနေတဲ့ freeze ဖြစ်တဲ့ ပြဿနာ လုံးဝ မရှိတော့တာကို ၀မ်းသာစရာ တွေ့လိုက်ရပါတယ်။ ကျွန်တော် အမျိုးမျိုး စမ်းကြည့်တော့ တစ်ကယ်ပဲ freeze ဖြစ်တာ မရှိတော့တာကို တွေ့ရပါတယ်။

ဒါကြောင့် တစ်ကယ်လို့ mid-2010 MacBook Pro တွေကို သုံးနေရင်း video freezing ပြဿနာများ ကြုံခဲ့ရင် sound configuration တွေကို ပြင်ကြည့်မယ် ဆိုရင် ပြေလည်သွားနိုင် တယ်လို့ ကျွန်တော့ အတွေ့အကြုံကို မျှဝေချင် ပါတယ်။

Wednesday, September 15, 2010

More shaders (or) Higher Clock???

Graphic Processing Unit (GPU) တွေကို ရွေးချယ်ဖို့ စဉ်းစားတဲ့ အခါမှာ GPU တွေနဲ့ သိပ်မရင်းနှီး သေးတဲ့ လူသစ်တွေ နဲ့ အခုမှ game လောကထဲကို ၀ယ်ဖို့ ကြံစည်နေတဲ့ new gamers တွေ အတွက် အသုံးတည့်မယ့် အကြောင်းအရာ လေး တစ်ခုလောက်ရေးချင်ပါတယ်။

GPU တစ်ခုကို ရွေးချယ်တော့မယ် ဆိုရင် အခြေခံ အကျဆုံး စဉ်းစားတဲ့ အချက်က chip model နဲ့ memory ပမာဏ ကို အရင်ဆုံး ကြည့်ဖြစ်ကြပါတယ်။ GPU chip က ဘာအမျိုးအစားလည်း ဆိုတာ အရင်ဆုံး သတိထားပြီးရင် ဒုတိယ ကြည့်ဖြစ်တာက video memory (graphic memory, frame buffer, VRM လို့လည်း ခေါ်ပါတယ်) ပမာဏ နဲ့ အမျိုးအစား ပါ။
သာမာန် အားဖြင့် တွေးကြည့်ရင် video memory များရင် game တွေ အတွက် ပိုကောင်းတယ် ဆိုပေမယ့် GPU အပေါ်မှာလည်း မူတည် ပါတယ်။ Graphic card ထုတ်လုပ် သူတွေဟာ performance သိပ်မကောင်းတဲ့ GPU တွေကို အထင်ကြီး လေးစားမှု ရအောင်လို့ VRAM များများ ထည့်ပြီး ဆွဲဆောင် တတ်ပါတယ်။ ဥပမာ ပြောရရင် - ATI Radeon X1300 GPU ကို 512MB graphic memory တပ်ထားတာဟာ Radeon X1900 GPU ကို 256MB memory နဲ့ သုံးတာလောက် တစ်ကယ်တမ်း game တွေ ကစားကြည့်ရင် ပိုမကောင်း နိုင်ပါဘူး။ Memory ပမာဏ များတာဟာ GPU က အားနည်းနေရင် အစစ်အမှန် performance ကို သိသိသာသာ ပိုကောင်းမလာ စေတာကို သတိပြု သင့်ပါတယ်။ ဒါကြောင့် memory များတာကိုပဲ မကြည့်ပဲ GPU ကို သေသေချာချာ ထည့်သွင်း စဉ်းစားသင့်ပါတယ်။ နောက် ဥပမာ တစ်ခုပြောရရင် ATI Radeon HD 4650 (512MB) graphic card ဟာ ATI Radeon HD 3650 (1GB) ထက် စွမ်းဆာင်ရည် ပိုကောင်းတာ သေချာပါတယ်။
Graphic memory ကို စဉ်းစားတဲ့ နေရာမှာ memory width ကလည်း အရေးကြီး ပါတယ်။ ဥပမာ- Nvidia Geforce 9800GT မှာ သုံးထားတဲ့ video memory က 256-bit data ပို့နိုင်ပေမယ့် Geforce 9400GT card တွေမှာ တွေ့ရတဲ့ video memory က 128-bit ပဲ ရှိတာကို တွေ့နိုင်ပါတယ်။ ဈေးသက်သာတဲ့ graphic card တွေမှာ bus width နည်းတဲ့ memory ကိုပဲ သုံးထား တတ်ပါတယ်။ ဈေးချိုတဲ့ graphic card တွေမှာ အဆင့်မြင့် card တွေမှာ သုံးတဲ့ GDDR-3, GDDR5 လို high speed memory မသုံးပဲ DDR2, DDR3 လို နှေးတဲ့ memory တွေကို သုံးထားတတ်တာ ကိုလည်း သတိပြုသင့် ပါတယ်။ ယျေဘူယျ အားဖြင့် desktop graphic card တွေမှာ ပါတဲ့ memory တွေက 128, 256 bit နဲ့ အထက် ရှိပေမယ့် သာမာန် laptop GPU တွေက memory width 64-bit ပဲ ရှိတာကို သတိပြုသင့် ပါတယ်။

Memory ကို စဉ်းစား ပြီးရင် နောက်ထပ် သေချာ စဉ်းစားရမှာက GPU အတွက်ပါ။ GPU လို့ ပြောလိုက်ရင် အဓိက ကျွန်တော်တို့ စကားပြောတာက shader (stream processors) ဘယ်လောက် ပါသလည်း ဆိုတာ နဲ့ clock speed ကို ပြောလေ့ ရှိပါတယ်။ အဲဒီ နှစ်ခု စလုံးဟာ GPU ရဲ့ performance ကို ဆုံးဖြတ်တဲ့ နေရာမှာ အရေးပါ ပါတယ်။
ဥပမာ- Laptop GPU တွေ ဖြစ်တဲ့ Nvidia Geforce 305M, Geforce 310M နဲ့ Geforce 320M တွေဟာ နည်းပညာ အခြေခံ အားဖြင့် အတူတူပါပဲ။ Architecture လည်း တူကြပါတယ်။ သူတို့မှာ အဓိက ကွာတာက သူတို့ထဲမှာ ပါတဲ့ shader (stream processors) အရေအတွက် နဲ့ clock speed တွေပါ။ 

Geforce 305M = 16 shaders (525Mhz core clock) , 64-bit memory
Geforce 310M = 16 shaders (625MHz core clock) , 64-bit memory
Geforce 320M = 48 shaders (450MHz core clock) , 64-bit memory

အဲဒီ GPU (၃) ခုစလုံးဟာ laptop တွေမှာ သုံးတဲ့ mobile GPU တွေ ဖြစ်တဲ့ အပြင် shared memory ကို သုံးပါတယ်။ ဆိုလိုတာက main memory ကနေ graphic memory ကို share လုပ်သုံးပါတယ်။
သူတို့ကို နှိုင်းယှဉ်ကြည့် တဲ့အခါ shader များတာ ပိုကောင်းသလား၊ clock speed မြန်တာကို စဉ်းစားရမလား ဆိုတာ မေးစရာဖြစ်လာပါတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံး ပြောရရင် ဒီနေ့ခေတ် demand များတဲ့ 3D game တွေအတွက် သိပ်မကွာရင် shader များတာက ပိုကောင်းတယ် လို့ ပြောချင်ပါတယ်။ ကျွန်တော့ကို အဲဒီ ကိစ္စ နဲ့ ပါတ်သက်ပြီး သိပ်နားမလည် သေးသူတွေက မေးတာလည်း ရှိပါတယ်။ ကျွန်တော်ကတော့ clock speed နှေးပေမယ့် shader ပိုများတဲ့ 320M ကိုပဲ ရွေးမှာပါ။ Geforce 310M ဟာ entry-level အဆင့်ပဲ ရှိပါတယ်။ 310M နဲ့ 320M သာမာန်ကြည့်ရင် သိပ်မကွာပါဘူး။ Performance အတူတူ လောက်ဖြစ်မှာပါ လို့ ထင်ရပေမယ့် Call of Duty : Modern Warfare 2 လို game မျိုး ကစားကြည့်ရင် performance ကွာတာကို သိနိုင်ပါတယ်။
Shader အရေအတွက် များတာဟာ clock speed ပိုမြန်တာထက် high end game တွေမှာ ပိုအကျိုး ရှိစေတာ သေချာပါတယ်။

Monday, August 23, 2010

Nvidia GPU များရဲ့ ကွာဟချက်များ....

Nvidia ရဲ့ GPU (Graphic Processing Unit) တွေကို ကြည့်ရင် desktop အတွက်ပဲ ဖြစ်ဖြစ်၊ mobile version ပဲ ဖြစ်ဖြစ် model number တစ်ခုထဲမှာ ကိုပဲ sub-categories တွေ အမျိုးမျိုး ကွဲနေတတ် ပါတယ်။ ဥပမာ- GS, GT, GTS, GTX စသည်ဖြင့်ပေါ့။ ဒါကြောင့် တစ်ခါတစ်လေ ဘယ်လို ကွာပြီး ဘာက ကောင်းမှန်း မသိပဲ အတော် ဦးနှောက် ခြောက်ရ ပါတယ်။
GPU model တစ်ခုမှာ အဲဒီလို နောက်က ပါတဲ့ စာသားတွေ ကွဲသွားရင် တစ်ကယ်က main chip က အတူတူပါပဲ။ ကွာခြား သွားတာက clock speed (MHz), အထဲမှာ ပါတဲ့ shader အရေအတွက်၊ memory bus width, power consumption နဲ့ အပူထုတ် လွှတ်မှု စတာတွေ ကွာသွားတာပါ။ တစ်ခုပဲ သတိထား ရမှာက GT, GS, GTS, GTX စသည်ဖြင့် နာမည်တပ်ထားတဲ့ model တွေနဲ့ 9100M G, 9400M လိုမျိုး motherboard chiptset မှာ built-in လုပ်ထားတဲ့ GPU တွေနဲ့တော့ လုံးဝ နှိုင်းယှဉ်လို့ မရပါဘူး။ Built-in GPU တွေက (model တူရင်) စွမ်းဆောင်ရည်မှာ နိမ့်ပါတယ်။
နမူနာ အနေနဲ့ အထက်တန်း level လို့ သတ်မှတ်လို့ ရတဲ့ Nvidia Geforce 9800M (Laoptop) GPU ရဲ့ မူကွဲတွေ ဘယ်လို ကွာတယ် ဆိုတာ အောက်မှာ ပြထားပါတယ်။ အဲဒီ မှာ တွေ့ရတဲ့ အတိုင်းပါပဲ။ အဓိက ကွာသွားတာက clock speed နဲ့ shader အရေ အတွက်ပါ။ Memory width တောင် 256-bit ချင်း တူကြပါတယ်။ ပုံမှန် 9400M လို motherboard built-in CPU တွေက memory bus width 64-bit ပဲ ရှိပါတယ်။

GeForce 9800M GTX (Clock speed = 500MHz, shaders = 112)
GeForce 9800M GT (Clock speed = 500MHz, shaders = 96)
GeForce 9800M GTS (Clock speed = 600MHz, shaders = 64)
GeForce 9800M GS (Clock speed = 530MHz, shaders = 64)

Nvidia GPU နဲ့ ATI GPU ရဲ့ shader အရေအတွက် ကို တိုက်ရိုက် သွားပြီး နှိုင်းလို့ မရပါဘူး။ သူတို့ရဲ့ တည်ဆောက်ပုံ architecture နဲ့ shader ကို count လုပ်ပုံချင်း မတူပါ။ ယျေဘူယျအားဖြင့် ပြောရရင် ATI’s shaders = Nvidia’s shaders * 5 လို့ တွက်ရပါမယ်။
ဥပမာ- Nvidia GPU ရဲ့ 8 shders ဟာ ATI GPU ရဲ့ 40 shders နဲ့ လုပ်ဆောင်ရည်ချင်း တူနိုင်ပါတယ်။ ( 8 *5 = 40)

CD/DVD/Blue-Ray burner software for FREE

CD BurnerXP software လေး အကြောင်းကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော် တင်ထား ဖူးပါတယ်။ အခု နောက်ဆုံး ထွက် version မှာ Windows 7 support နဲ့ အတူ ပိုကောင်းလာတဲ့ အတွက် ထပ်ပြီး post လုပ် ဖြစ်တာပါ။
Data CD/DVD တွေကို burn လုပ်မယ် ဆိုရင်၊ ဒါမှမဟုတ် CD/DVD တွေကို copy ကူးမယ် ဆိုရင် သုံးလို့ရမယ့် CD/DVD burner software တွေ အများကြီး ရှိပါတယ်။ Nero Burning ROM ဆိုရင် အရမ်း နာမည်ကြီးပါတယ်။ ဒါပေမယ့် အဲဒီလို နာမည်ကြီး CD/DVD burner software တွေက အလကားမရတဲ့ အပြင် တစ်ကယ်တမ်း အမှန်အကန် ၀ယ်မယ် ဆိုရင် ဈေးလည်း ကြီးပါတယ်။
အခု ကျွန်တော် free ရတဲ့ CD/DVD burner program လေး တစ်ခုကို ပြောပြချင်ပါတယ်။ လုံးဝ free ရတဲ့ အပြင် လေးစားစရာကောင်းလောက်အောင် လုပ်ဆောင် နိုင်စွမ်းလည်း အတော်လေးကို စုံတာကို တွေ့ရပါတယ်။ Installer file size ကလည်း သေးသေးလေးပါ။
CD BurnerXP ဆိုတဲ့ software လေးပါ။
Internet ကနေ လွယ်လွယ်လေး ရှာပြီး အခမဲ့ download လုပ်ယူလို့ ရနိုင်ပါတယ်။ CD/DVD အပြင် Blue-Ray နဲ့ HD DVD တွေကိုတောင် burn လုပ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ကွန်ပျူတာ မှာတော့ burner drive ရှိဖို့ လိုတာပေါ့နော်။

Nero BurningROM လိုမျိုး ဈေးကြီးပြီး ကြီးကျယ်တဲ့ software တွေကို မသုံးပဲ အခမဲ့လည်းဖြစ်တဲ့ CD/DVD burner software ကို အမှန်အကန် သုံးကြည့်ချင်တယ် ဆိုရင် CD Burner XP ဆိုတဲ့ burner software လေးကို သုံးကြည့်ပါလို့ အကြံပြုချင်ပါတယ်။ ကျွန်တော့ အတွက်တော့ DVD ကူးတာ၊ multi-session disic တွေဖန်တီးတာ၊ ISO image file တွေလုပ်တာ၊ image file တွေကို Disc ပေါ်ကို ပြန်ေ၇းတာ အားလုံးအတွက် အဆင်ပြေအောင် လုပ်ပေးနိုင်တဲ့ အတွက် အတော်လေး သဘောကျမိ ပါတယ်။
Freeware ဖြစ်တဲ့အတွက် license ပြဿနာ တွေ နဲ့ crack လုပ်ရတဲ့ ကိစ္စ တွေလည်း မရှိတော့ ဘူးပေါ့။

Friday, August 20, 2010

Nvidia reference driver ကို OEM GPU အတွက် install လုပ်ခြင်း (အပိုင်း ၂)

Nvidia web site က download လုပ်ယူလို့ ရတဲ့ driver ထဲမှာ Apple MacBook တွေရဲ့ Nvidia Geforce 320M  အတွက် support မပါပါဘူး။ ဒါနဲ့ ကျွန်တော် ရှေ့မှာ ပြောခဲ့တဲ့ နည်းအတိုင်း ရမရ လက်တွေ့ စမ်းကြည့် ခဲ့ပါတယ်။
Geforce 320M ရဲ့ device ID ပါတဲ့ စာကြောင်းကို Windows 7 device manager ကနေ ကြည့်ပြီး မှတ်ထား လိုက်ပါတယ်။ ပြီးတော့ Nvidia က ရတဲ့ driver အသစ်ရဲ့ INF file ထဲမှာ device ID ဆင်တူမယ့် စာကြောင်း ကို ရှာကြည့်တော့ device ID နဲ့ ဆင်တူတဲ့ စာကြောင်းတောင် ရှာလို့ မရခဲ့ ပါဘူး။

ဒါနဲ့ Geforce 320M အတွက် နဂိုမူလ driver အဟောင်းကို ဖွင့်ပြီး အဲဒီထဲက INF file ထဲမှာ device ID ပါတဲ့ စာကြောင်းတွေကို ရှာပါတယ်။ ၂ ခုတွေ့ပါတယ်။ အဲဒီ စာကြောင်း ၂ ခုလုံးကို copy ကူးလိုက်ပြီး driver အသစ်ရဲ့ INF file ထဲမှာ မူလ driver အဟောင်းက နေရာချတဲ့ ပုံစံအတိုင်း ကူးထည့် လိုက်ပါတယ်။ 
ပြီးတော့ driver အဟောင်းရဲ့ INF file ထဲက "Geforce 320M" ဆိုတဲ့ device description နာမည်ပါတဲ့ စာကြောင်းတွေကို ရှာပြီး သူတို့ကို ခုနကလိုပဲ driver အသစ်ရဲ့ INF file ထဲကို copy ကူးထည့် လိုက်ပါတယ်။

အားလုံး ကူးလို့ ပြီးတော့ Nvidia ရဲ့ driver အသစ်ကို install လုပ်တော့ compatible device ကို မတွေ့ဘူး ဆိုတဲ့ error message မပြတော့ပဲ အဆင်ပြေပြေ install လုပ်သွားပါတယ်။ တစ်ခုပဲ ရှိပါတယ်။ Windows 7 က ကျွန်တော်တို့ modify လုပ်ထားတဲ့ driver ကို signature မတွေ့လို့ install လုပ်မှာ သေချာလား မေးပါလိမ့်မယ်။ Install anyway ကိုသာ ရွေးပေးလိုက်ပါ။ သူ့ဘာသာ ဆက်ပြီး install လုပ်သွား ပါလိမ့်မယ်။ Windows ကို reboot လုပ်ပြီးတဲ့ အချိန်မှာ diver အသစ်က ကျွန်တော့ Geforce 320M နဲ့ ကောင်းကောင်း အလုပ် လုပ်တာကို ၀မ်းသာစွာ တွေ့လိုက်ရပါတယ်။

ဒါကြောင့် တစ်ကယ်လို့ Nvidia web site က ရတဲ့ latest driver အသစ်ရဲ့ INF file ထဲမှာ ကိုယ့် graphic chip ရဲ့ hardware ID ကို လုံးဝ ရှာလို့ မတွေ့ရင်လည်း ပြဿနာ မရှိပါဘူး။ Driver အဟောင်းထဲက အတိုင်း သက်ဆိုင်ရာ စာကြောင်းတွေကို ကူးထည့် ပေးလိုက်ရင်လည်း ကောင်းကောင်း အလုပ်လုပ် နိုင်ပါတယ် လို့ ပြောချင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော်တို့ download ဆွဲထားတဲ့ driver က ကျွန်တော်တို့ graphic chip family နဲ့ အလုပ်လုပ် ဖို့တော့ လိုပါတယ်။ (များသော အားဖြင့် လုပ်ပါတယ်)

ဒီ information အရဆိုရင် နောက်ဆို Nvidia GPU တွေ အတွက် driver support မရမှာ မပူရတော့ ဘူးပေါ့။ Device description နာမည် ပါတဲ့ စာကြောင်းတွေမှာ device နာမည်ကို ကိုယ်ကြိုက်တာ လျှောက်ပေးလို့ တောင် ရနိုင်ပါတယ်...။ :)

Wednesday, August 18, 2010

Install Nvidia drivers for OEM GPUs

ATI က laptop computer တွေမှာ သုံးတဲ့ သူ့ရဲ့ Mobility Radeon graphic processor တွေအတွက် mobility driver တွေကို ATI web site မှာ download လုပ်ခွင့် မပေးပဲ laptop ထုတ်လုပ်သူ Original Equipment Manufacturer (OEM) တွေဆီကနေပဲ download လုပ်ခွင့် ပေးပါတယ်။ ဒါကြောင့် ATI က driver update လုပ်တိုင်း desktop GPU သုံးသူတွေသာ update လုပ်ခွင့် ရပြီး laptop သုံးသူ တွေကတော့ update လုပ်ခွင့် မရခဲ့ပါဘူး။ အဲဒါကို ဖြေရှင်းဖို့ Mobility Modder အကြောင်းကို ကျွန်တော် ဆွေးနွေး ဖူးပါတယ်။

အခုတစ်ခါ ATI နဲ့ အပြိုင် ထိပ်တန်း GPU ထုတ်လုပ် သူ Nvidia အတွက်ပါ။ အခုနောက်ပိုင်း Nvidia က ထုတ်တဲ့ တစ်ချို့ laptop GPU တွေလည်း driver ရှာရတာ ခက်ပါတယ်။ Nvidia web site မှာ ပေးထားတဲ့ driver list ထဲမှာ သူတို့ နာမည် မပါတာတွေ တွေ့ရတတ် ပါတယ်။ Apple MacBook နဲ့ MacBook PRO ကို Windows OS နဲ့ သုံးတဲ့ သူတွေ ပိုပြီး သိမှာပါ။ ဥပမာ- Geforce 320M, Geforce 330M…။

ကိုယ့်ရဲ့ laptop မှာ ပါတဲ့ Nvidia GPU (Graphic Processing Unite) အတွက် Nvidia web site မှာ support မပါဘူး ဆိုရင် (OEM) manufacturer ဆီကနေ သွားရှာရ ပါတယ်။ Nvidia web site က ရတဲ့ နောက်ဆုံး ထွက် updated driver က သုံးလို့ မရပါဘူး။ Install လုပ်တာနဲ့ setup program က compatible ဖြစ်တဲ့ device ကို ရှာလို့ မတွေ့ဘူး ဆိုပြီး error message ပေးပြီး install လုပ်ခွင့် မပေးပါဘူး။ တစ်ကယ်လို့ ဘယ်လိုပဲ ဖြစ်ဖြစ် Nvidia က ထုတ်တဲ့ latest driver ကို ကိုယ့်ရဲ့ laptop GPU အတွက် သုံးချင်တယ် ဆိုရင် လုပ်လို့ ရတဲ့ နည်းရှိပါတယ်။
အမှန်က Nvidia က ကျွန်တော်တို့ laptop GPU ရဲ့ hardware ID ကို သူ့ရဲ့ device list ထဲမှာ မထည့် ပေးထားတဲ့ အတွက် driver setup program က error ပြပြီး install လုပ် မပေးတာပါ။ ဒါကြောင့် ကျွန်တော်တို့က device ID list ထဲကို ကိုယ့်ဘာသာ ထည့်ပေးရပါမယ်။

ပထမဆုံး လုပ်ရမှာက ကိုယ့် laptop ၀ယ်တုန်းက ပါလာတဲ့ driver အဟောင်း ကို ထည့်ထား ပြီးသား
ဆိုရင် ကိုယ့် laptop မှာရှိတဲ့ GPU ရဲ့ hardware ID ကို မှတ်ထား ရပါမယ်။
Device Manager ကို ဖွင့်ပါ။ (My Computer ကို Right Click လုပ်ပြီး Properties ကနေ သွားရင် ရပါတယ်)။ Display adapters ကို ဖွင့်လိုက်ရင် ကိုယ့်စက်ထဲမှာ ရှိတဲ့ graphic card ကို မြင်ရ ပါမယ်။ သူ့ကို right click လုပ်ပြီး ပေါ်လာတဲ့ menu ကနေ Properties ကို ရွေးလိုက်ပါ။
Properties dialog box တစ်ခု ပေါ်လာရင် Details ဆိုတဲ့ tab လေးကို သွားလိုက်ပါ။ Property ဆိုတဲ့ drop list ကနေ Hardware IDs ဆိုတာကို ရွေးလိုက်ပါ။ (ပုံမှာကြည့်ပါ)

Hardware Ids list ထဲက ဒုတိယ စာကြောင်းကို copy ကူးမှတ်ထားပါ။ ဒါမှမဟုတ် ရေးမှတ်ထား လိုက်ပါ။ သူ့မှာ SUBSYS ဆိုတဲ့ စာသား ပါရပါမယ်။

ဥပမာ- PCI\VEN_10DE&DEV_0A29&SUBSYS_035B1234

ဒုတိ အဆင့်အနေနဲ့ Nvidia ကနေ latest driver ကို download လုပ်ပါ။ ကိုယ့်မှာ ရှိတဲ့ Windows OS နဲ့ ကိုက်ညီတာကို download ဆွဲပေါ့နော်။ သူ့ထဲမှာ ပါတဲ့ file တွေကို folder တစ်ခု ထဲကို ဖြည်ချ လိုက်ပါ။
အဲဒီ file တွေထဲကမှ nvac.inf ဆိုတဲ့ file လေးကို တွေ့အောင် ရှာပြီး Notepad လို မျိုး text editor နဲ့ ဖွင့်လိုက်ပါ။ Find ကိုသုံးပြီး ခုနက ကျွန်တော်တို့ ရေးမှတ်ထားတဲ့ ကျွန်တော်တို့ laptop ရဲ့ hardware ID ကို ရှာပါ။  
အရေးကြီးတာက ရှာတဲ့နေရာမှာ SUBSYS နောက်က နံပါတ်တွေကို မထည့်ပါနဲ့။
ဥပမာ- ကျွန်တော်တို့ ရှာတဲ့ ID က PCI\VEN_10DE&DEV_0A29&SUBSYS ဆိုတာ မျိုးပဲ ဖြစ်ရ ပါမယ်။

Find နဲ့ ရှာလိုက်လို့ %NVIDIA_DEV.0A29.01% = ပါတဲ့ စာကြောင်း တွေ့ပြီ ဆိုရင် သူ့ နောက်နားမှာ ရှိတဲ့ hardware ID ကို ကျွန်တော်တို့ ခုနက ရေးမှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ hardware ID တစ်ခုလုံးနဲ့ အစားထိုး လိုက်ပါ။ ပြီးရင်တော့ file ကို save လုပ်ပြီး ပိတ်လိုက်ပါ။

တစ်ကယ်လို့ Driver list ထဲမှာ ကိုယ့် hardware ID ကို ဘယ်လိုမှ ရှာလို့မရဘူး ဆိုရင် driver အဟောင်းက hardware ID ပါတဲ့ စာကြောင်း (များသောအားဖြင့် ၂ ခုဖြစ်တတ်ပါတယ်) တွေကို copy ကူးပြီး driver အသစ်က inf file ထဲကို ထည့်ပေးလိုက် လို့လည်း ရနိုင်ပါတယ်။

အပေါ်က အဆင့်တွေ အားလုံးပြီးသွားရင် Nvidia driver ကို ဖြည်ချထားတဲ့ folder ထဲက setup.exe ကို run ကြည့်ရင် driver installer က hardware ကို မတွေ့ဘူး ဆိုတဲ့ error မပေးတော့ပဲ install လုပ်သွားပါ လိမ့်မယ်။

အခု ကျွန်တော် ပြောပြတဲ့ နည်းက hardware အားလုံး နဲ့ အလုပ်လုပ်ချင်မှ လုပ်မှာပါ။ ကိုယ့် စက်ထဲမှာ ရှိတဲ့ hardware, driver version, installer version အပေါ် မူတည်ပြီး ရနိုင် မရနိုင် ဆိုတာ ရှိလာနိုင် ပါတယ်။ ကိုယ့်ဘာသာ စမ်းကြည့်ပေါ့နော်။

Tuesday, August 17, 2010

Sound problem with Windows 7 on MacBook PRO

Apple က သူ့ရဲ့ Macbook (white) တွေနဲ့ MacBook PRO တွေကို ပြင်ပ design ရော၊ hardware တွေကိုပါ ပြင်ပြီး အသစ်ထုတ်ခဲ့ပါတယ်။ အဓိက ပြောင်းလဲသွားတာက CPU တွေ ကောင်းလာတဲ့အပြင် အထူးသဖြင့် graphic processor (GPU) တွေကိုလည်း အဆင့်မြှင့်ခဲ့ပါတယ်။
အရင်က shader 16 ခုပဲ ပါတဲ့ Nvidia Geforce 9400M ကနေ အခု နောက် model တွေမှာ shader 48 ခုပါပြီး DDR3 memory ကို သုံးတဲ့ Geforce 320M တွေကို အစားထိုးခဲ့ ပါတယ်။ 15” နဲ့ 17” MacBook PRO မှာ ဆိုရင် Geforce GT 330M တွေ ပါလာ ပါတယ်။ GT model တွေက shared memory ကို မသုံးပဲ dedicated graphic memory ကို သုံးတဲ့ အပြင် memory bus width လည်း ပိုကျယ်တဲ့ အတွက် performance ပိုကောင်း ပါတယ်။


၂၀၁၀ ခုနှစ်ထုတ် MacBook PRO တစ်လုံး ၀ယ်ပြီး Windows 7 Home Premium (OEM) edition ကို install လုပ်ခဲ့ ပါတယ်။ OEM Windows 7 က Retail ထက် အများကြီး ဈေးသက်သာ ပါတယ်။ မကောင်းတာ တစ်ခု က OEM version တွေက ကွန်ပျူတာ တစ်လုံးမှာ install လုပ်ပြီး activate လုပ်ပြီးရင် နောက်ထပ် ကွန်ပျူတာ တစ်လုံးကို ပြောင်းလို့ မရတော့ ပါဘူး။ ဒါကြောင့် ဈေးသက်သာတာပေါ့။ ဒါပေမယ့် laptop လို hardware သိပ် အပြောင်းအလဲ မရှိပဲ နဲ့ ကိုယ်ကလည်း ရေရှည်သုံးမယ် ဆိုရင် အဆင်ပြေတယ်လေ။ OEM Windows 7 Home Premium က 130S$ လောက်ပဲ ရှိပါတယ်။ Retail version က S$ 325 လောက်ရှိပါတယ်။

အခု ကျွန်တော် မျှဝေချင်တာက ကျွန်တော့ ရဲ့ MacBook PRO မှာ Windows 7 ကို ထည့်ပြီးနောက်မှာ ကြုံခဲ့ရတဲ့ sound ပြဿနာ ကို ပြောပြချင် ပါတယ်။ MacBook တွေ ၀ယ်ရင် Mac OS X installation DVD တစ်ခါထဲ ပါလာပါတယ်။ အဲဒီ Mac OS X DVD ထဲမှာ Windows ကို MacBook ပေါ်ကို install လုပ်ပြီးရင် Windows အတွက် လိုအပ်တဲ့ drivers တွေနဲ့ အထိန်း program ဖြစ်တဲ့ BootCamp ပါလာပါတယ်။ BootCamp ကို install လုပ်ပြီး မှသာ Windows နဲ့ MacBook က ကောင်းကောင်း အပြည့်အ၀ အလုပ်လုပ်မှာပါ။
ကျွန်တော်က MacBook PRO 13” ပေါ်မှာ Windows 7 ကို install လုပ်ခဲ့ ပါတယ်။ လိုအပ်တဲ့ BootCamp နဲ့ drivers တွေကိုလည်း install လုပ်ခဲ့ ပါတယ်။ အားလုံး OK တယ် ပြော၇မှာပေါ့နော်။ ကျွန်တော့ MacBOOK PRO ရဲ့ sound chip က Cirrus Logic က chip ပါ။ အဲဒါ built-in speaker တွေကလည်း Windows 7 မှာ အလုပ်လုပ် ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ headphone (နားကျပ်) ကို MacBook PRO 13” ရဲ့ audio output port မှာ တပ်လိုက်တော့ MacBook PRO ရဲ့ speaker က အသံတိတ်သွား ပေမယ့် head phone မှာ ဘာသံမှ မကြားရပါဘူး။ အတော် ကို ပြဿနာ တက်ပါတယ်။ ဒါနဲ့ sound driver ကို ပြန်ပြီး install လုပ်ကြည့်လည်း မရပါဘူး။ Soundcard ထုတ်လုပ်သူရဲ့ web site ကို သွားပြီး driver အသစ်ကို install လုပ်ပြီး စမ်းကြည့်တော့လည်း အဆင်မပြေပါဘူး။ ဒါနဲ့ ကျွန်တော့ MacBook PRO က hardware က ပျက်တယ်လို့တောင် ထင်မိပါသေးတယ်။ ဒါပေမယ့် Mac OS X ထဲမှာကျတော့ နားကျပ် က ကောင်းကောင်း အလုပ်လုပ် ပါတယ်။ ဒါက MacBook PROနဲ့ Windows 7 ကို သုံးတဲ့ သူတိုင်း ကြုံရနိုင်တဲ့ ပြဿနာပါ။

ဟိုလုပ် ဒီလုပ် လျှောက်စမ်းရင်း နောက်ဆုံးမှာ BootCamp က ပြဿနာ တက်တယ် လို့ ယူဆမိခဲ့ ပါတယ်။ ဘာလို့လည်း ဆိုတော့ BootCamp က Windows နဲ့ MacBook hardware ကြားမှာ အဓိက အလုပ်လုပ် ပေးတဲ့ program ဖြစ်လို့ပါ။ ဒါနဲ့ပဲ Apple Support web site ကို သွားပြီး MacBook PRO အတွက် update version ဖြစ်တဲ့ နောက်ဆုံးထွက် BootCamp Upgrade ကို download ဆွဲပြီး install လုပ်လိုက်တာ အားလုံး အဆင်ပြေသွား ခဲ့ပါတယ်။ တစ်ကယ်တမ်း အဆင် ပြေချင်တော့လည်း လွယ်လွယ်လေး ပေါ့နော်။

ဒါကြောင့် ကျွန်တော် ပြောချင်တာက MacBook PRO ကို သုံးနေပြီး Windows 7 ကို install လုပ်ပြီးမှ headphone က အလုပ်မလုပ်ရင် တစ်ခြား ဘာမှ လုပ်မနေပါနဲ့။ Apple Support ကို သွားပြီး latest BootCamp Upgrade ကို ထည့်လိုက်ရင် အဆင်ပြေသွား မယ် လို့ ပြောချင်ပါတယ်။

Thursday, August 5, 2010

Good open source 3D engine...

OGRE ဆိုတဲ့ Open Source 3D engine ဟာ 2001 ခုလောက်က စပြီး အခု နောက်ပိုင်းမှာ အတော်လေး ခေတ်စား လာပါတယ်။ သူ့ကို အရင်က game အတွက် သီးသန့် လုပ်ထားတဲ့ rendering engine လို့ တွေးထားခဲ့ ပေမယ့် နောက်ပိုင်းမှာ game တွေ အတွက်တင် မကပဲ၊ simulation, interactive 3D environments တွေနဲ့ visualization, researchကိစ္စတစ်ချို့ မှာပါ သုံးလာကြ ပါတယ်။

OGRE graphic rendering engine ကို Windows, Mac, iPhone စသည်ဖြင့် platform အမျိုးမျိုး အတွက် ရနိုင်ပါတယ်။ OGRE SDK ကို သုံးမယ် ဆိုရင် SDL, OpenGL တို့ကို သုံးရတာထက် ပိုပြီး အဆင်ပြေ လွယ်ကူ၊ မြန်ဆန် စေမှာပါ။ Rendering ကိစ္စတွေကို scratch ကနေ စပြီး အသေးစိတ် မလုပ်ချင်ဘူး ဆိုရင် OGRE engine က အတော်လေး အဆင်ပြေ စေမယ် ထင်ပါတယ်။ Game အတွက်မှ မဟုတ်ပါဘူး။ တစ်ခြား simulation နဲ့ educational project တွေမှာလည်း သုံးလို့ ရတာပေါ့နော်။
Visual C++ 2005/2008/2010 အတွက်လည်း project တွေ နဲ့ demo/tutorial တွေလည်း အများကြီး ရှိတဲ့အတွက် လေ့လာရတာလည်း အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ်။ သူ့အတွက် လိုအပ်တဲ့ 3D model တွေကိုလည်း နာမည်ကြီး Maya လို 3D application တွေကနေ export လုပ်ယူလို့ ရသလို free ရပြီး အရမ်းနာမည် ကြီးတဲ့ Blender လို 3D creating application တွေကနေလည်း export လုပ်လို့ ရတဲ့အတွက် free version သုံးချင်သူတွေ အတွက်လည်း အဆင်ပြေ စေပါတယ်။ OGRE engine ကို game အတွက်ပဲ ဖြစ်ဖြစ်၊ simulation application အတွက်ပဲ ဖြစ်ဖြစ်၊ visualization အတွက်ပဲ ဖြစ်ဖြစ် 3D loading and rendering ကိစ္စ တွေမှာ အချိန်ကုန် သက်သာအောင်၊ လွယ်ကူအောင် သုံးလို့ ရနိုင်ပါတယ်။

OGRE နဲ့ ပါတ်သက်တဲ့ link ကို အောက်မှာ ပေးထားပါတယ်။ Free လည်းဖြစ်တဲ့၊ tutorial နဲ့ supporting ကောင်းတဲ့ 3D rendering engine ကို ရှာနေသူတွေ အတွက် OGRE engine ဟာ စဉ်းစား ကြည့်သင့်တဲ့ open source 3D rendering engine တစ်ခု ဖြစ်တယ် ဆိုတာ အကြံပေးချင်ပါတယ်။

Wednesday, August 4, 2010

Think about your laptop's graphic processor (GPU)

Laptop computer တွေကို ၀ယ်မယ် ဆိုရင် အခုနောက်ပိုင်းမှာ CPU သက်သက်တင် မဟုတ်ပဲ Graphic Processing Unit လို့ခေါ်တဲ့ (GPU) ကိုလည်း သေသေချာချာ ထည့်သွင်း စဉ်းစား လာကြပါပြီ။ အရင်တုန်းကတော့ game တွေ အသည်းအသန် ကစားတတ်တဲ့ gamer မဟုတ်ရင် GPU ကို ထည့်စဉ်းစားလေ့ မရှိခဲ့ ပါဘူး။
ဒါပေမယ့် အခုနောက်ပိုင်းမှာ အဆင်မြင့် လုပ်ဆောင် ချက်တွေ ပါတဲ့ GPU တွေ ဈေးကျ လာတာရော၊ game တင်မဟုတ်ပဲ တစ်ခြား application တွေကလည်း GPU ရဲ့ အဆင့်မြင့် လုပ်ဆောင်ချက် တွေကို လိုအပ်လာ ကြောင့် GPU ဟာ laptop ၀ယ်ရင် ထည့်သွင်း စဉ်းစားစရာ ဖြစ်လာပါတယ်။

တစ်ကယ်ပါ… မယုံမရှိနဲ့…။ ဥပမာ ပြောရရင် - Blue-ray disc တွေနဲ့ High Definition (HD) video တွေ ကြည့်မယ် ဆိုရင် GPU ကောင်းကောင်း ရှိရင် ရုပ်ထွက် ပိုကောင်းမှာ သေချာပါတယ်။ Nvidia ရဲ့ VP3 video processor လိုမျိုး၊ ATI ရဲ့ UVD2 လို GPU ထဲမှာ ပေါင်းထည့်ပေးထားတဲ့ special video decoding processor တွေက HD movie/video တွေ ကြည့်တဲ့ အချိန်မှာ သာမာန်ထက် ပိုကောင်းအောင် လုပ်ဆောင်ပေး နိုင်ကြပါတယ်။ အဲဒီလို အဆင်ြ့မင့် GPU တွေက laptop တွေမှာတောင် monitor နှစ်ခုထက် ပိုပြီး တပ်လို့ ရအောင် လုပ်ပေးနိုင်ပါတယ်။ ပြီးတော့ HDMI (High Definition Multimedia Interface) port ကနေ တစ်ဆင့် အသံ နဲ့ အရုပ် ၂ ခုလုံးကို တစ်ခါထဲ ပို့ပေးတဲ့ လုပ်ဆောင်မှု တွေလည်း ပါတတ်ပါတယ်။ Nvidia နဲ့ ATI တို့ နောက်ဆုံးပေါ် GPU တွေဆိုရင် Youtube ရဲ့ HD video ပြသမှုကိုပါ ပိုကောင်းသထက် ကောင်းအောင် လုပ်ဆောင် ပေးနိုင်တဲ့ video processor တွေ ပါလာတာကို တွေ့နိုင်ပါတယ်။
Game တွေ ကစားမှ မဟုတ်ပါဘူး။ 3D နဲ့ HD graphic rendering တွေ၊ decode/encode တွေ လုပ်မယ်ဆိုရင် GPU ကောင်းကောင်း ပါတဲ့ laptop ကို စဉ်းစားတာ အသင့်တော်ဆုံး ပါပဲ။ ကျွန်တော်ကတော့ ဒီနေ့အထိ Intel ရဲ့ GMA (Graphic Media Accelerator) တွေကို Nvidia/ATI တို့ နေရာမှာ စဉ်းစားလို့ကို မရသေးတာ တော့ အမှန်ပါပဲ၊
ကျွန်တော် အခု ဆွေးနွေးချင်တာက တစ်ခါတစ်လေ laptop ၀ယ်ရင်း GPU အတွက် စဉ်းစားတယ် ဆိုရင် model နံပါတ် သိပ်မကွာရင် (ယျေဘူယျအားဖြင့်) စွမ်းဆောင်ရည် အတူတူပဲ လို့ ယူဆတတ်ကြပါတယ်။ ဥပမာ- Nvidia Geforce 9100 နဲ့ Geforce 9200 လို့ တွေ့လိုက်ရင် သိပ်မကွာလောက် ပါဘူး။ အဆင်ပြေတာကို ယူလိုက်ပါ လို့ စဉ်းစားတတ် ကြပါတယ်။ ဒါပေမယ့် သိထားသင့်တာက တစ်ခါတစ်လေမှာ model နံပါတ် လေး တစ်ခုလောက် ကွာလိုက်တာနဲ့ overall performance အရမ်းကွာတယ် ဆိုတာ သတိထားသင့်ပါတယ်။ 9100 နဲ့ 9200 ဟာ တစ်ကယ်တမ်း စွမ်းဆောင်ရည် အတော်ကွာပါတယ်။
အဲဒါနဲ့ ပါတ်သက်ပြီး model နံပါတ် နဲနဲ ပဲ ကွာတဲ့ Nvidia နဲ့ ATI တို့ရဲ့ GPU ၂ ခုစီကို အဆင့်မြင့် game တွေနဲ့ စမ်းသပ်ထားတဲ့ chart ကို ကျွန်တော် ပြထားပါတယ်။ အဲဒီမှာ ကြည့်လိုက်ရင် သိသာပါတယ။် GTX 460 နဲ့ GTX 470 လိုမျိုး ဆိုရင် ပုံမှန်အားဖြင့် သိပ်မကွာဘူးလို့ ယူဆတတ်ကြ ပါတယ်။ ဒါပေမယ့် တစ်ကယ် တမ်း performance ကွာဟ ချက်ကို ပုံတွေမှာ ကြည့်ရင် သိနိုင်ပါတယ်။ Radeon HD 5830 နဲ့ Radeon HD 5850 တို့ရဲ့ စွမ်းဆောင်ရည် ကွာဟချက်ကိုလည်း လေ့လာကြည့်ပါနော်။
Mobility RadeonHD 3450 နဲ့ Mobility RadeonHD 3470 တွေမှာ ဆိုရင်လည်း ၂ ခုစလုံးမှာ unified shaders အခု 40 စီပါပါတယ်။ ATI ရဲ့ 40 shaders လို့ ပြောရင် အကြမ်းအားဖြင့် Nvidia GPU တွေရဲ့ 8 shaders နဲ့ ညီပါတယ်။ (ATI shaders = Nvidia shaders * 5 , because 5 dimensional vs 1 dimensional shaders)
3450 နဲ့ 3470 မှာ memory bus width ကလည်း 64-bit အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကွာတာက GPU ရဲ့ clock speed ကွာပါတယ်။ 3470 က ပိုမြန်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်မှာ ကွာခြားသွားတာ ပေါ့။

Nvidia G103M နဲ့ G105M ဆိုတဲ့ laptop GPU နှစ်ခုကို နှိုင်းယှဉ် ကြည့်ရအောင်။ သူတို့ ၂ ခုလုံးမှာ 8 unified shaders ပါတာလည်း တူပါတယ်။ GPU core clock speed 640Mhz လည်း တူပါတယ်။ Video processor လည်း တူပါတယ်။ ဒါပေမယ့် G103M က အရမ်းနှေးတဲ့ DDR2 memory အမျိုးအစားကိုပဲ graphic memory အနေနဲ့ အသုံးပြုပြီး၊ G105M က ပိုမြန်တဲ့ GDDR2, GDDR3 လို graphic specialized memory တွေကို သုံးတဲ့အတွက် overall မှာ စွမ်းဆောင်ရည် အများကြီး ကွာဟမှု ရှိနီုင်ပါတယ်။

ဒါကြောင့် laptop ၀ယ်တဲ့ အခါမှာ GPU တွေကို ထည့်စဉ်းစားမယ် ဆိုရင် သေသေချာချာ စဉ်းစားသင့်တယ် လို့ အကြံပြုချင် ပါတယ်။

Monday, July 19, 2010

FREE partition manager for Win 7 (32/64-bit)

Windows 7 OS ပေါ်မှာ hard disk ကို partition ခွဲချင်တယ်၊ ဒါမှမဟုတ် ရှိထားပြီးသား partition တွေကို resize, edit, move, copy, format လုပ်တာတွေ လုပ်ချင်တယ် ဆိုရင် အဆင်ပြေ တဲ့ software တစ်ခုကို ပြောပြချင်ပါတယ်။

အရင်က ကျွန်တော် ပြောပြဖူးတဲ့ ESUS က free version မှာ 32-bit OS ကိုပဲ support လုပ်ပါတယ်။ အခု Partition Wizard Home Edition ကတော့ Windows 7 (32-bit) အတွက်ရော၊ Windows 7 (64-bit) အတွက်ပါ partition လုပ်ငန်း တွေကို လုပ်လို့ ရအောင် ကူညီပေးပါတယ်။ FREE ရတဲ့အတွက် သာမာန် partition လုပ်ချင်တဲ့ အလုပ် မျိုးလောက်အတွက် အများကြီး အဆင်ပြေပါတယ်။
သူ့ရဲ့ user interface (UI) ကလည်း Windows 7 မှာ built-in ပါတဲ့ disk management tool ထက် အများကြီး ပိုကောင်းပါတယ်။ User အတွက် အများကြီး လွယ်ကူစေပါတယ်။
အောက်မှာ ပေးထားတဲ့ link ကနေ download လုပ်နိုင်ပါတယ်။

Compatibility for VC++ 2008 on Win7 (64-bit)

Microsoft Windows 7 ကို သုံးပြီး Visual Studio နဲ့ အလုပ်လုပ်တဲ့ သူတွေ အတွက် compatibility ပြဿနာ လေးတွေ ရှိတတ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မကြာမကြာ ဆိုသလို တွေ့ကြုံခဲ့ရပါတယ်။
အထူးသဖြင့် Visual Studio 2005 နဲ့ Visual Studio 2008 တွေ သုံးပြီး Win7 ပေါ်မှာdevelop လုပ်တဲ့ အခါမှာ compile လုပ်မရတာ၊ linker error တွေ ပြတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီ error တက်တဲ့ same project ကိုပဲ WinXP/Win Vista တွေပ်ါမှာ သွား run ရင် ကောင်းနေ ပြန်ရော။ အထူးသဖြင့် 64-bit Windows 7 ကို သုံးရင် compatibility ပြဿနာ ပိုတွေ့ရပါတယ်။
ကျွန်တော် ကြုံခဲ့ရတဲ့ ပြဿနာက Windows 7 Professional (64-bit) ပေါ်မှာ Visual C++ 2008 (32-bit) ကို သုံးတဲ့ အချိန်မှာ တွေ့ခဲ့ရတဲ့ ပြဿနာပါ။ CMAKE ကို သုံးပြီး project တစ်ခုကို Visual C++ 2008 ကို နဲ့ build လုပ်ဖို့ ကြိုးစားတဲ့ အချိန်မှာရော၊ VC++ 2008 IDE ကနေ build လုပ်တဲ့ အချိန်မှာပါ Cannot open program database ဆိုတဲ့ error message ပြပြီး build လုပ်လို့ မရခဲ့ ပါဘူး။ ဒါပေမယ့် အဲဒီ project ကိုပဲ 32-bit Windows 7 ပေါ်မှာ build လုပ်တော့ ဘာပြဿနာမှ မတွေ့ရပဲ build လုပ်လို့ ရခဲ့ပါတယ်။
တစ်ချို့က Windows 7 (Professional နဲ့ Ultimate) တွေမှာ ပါတဲ့ Virtual WinXP mode ကို သုံးဖို့ အကြံပေး ပါတယ်။ Forum တွေမှာ ၀င်ကြည့်တော့လည်း hard disk check လုပ်ဖို့၊ VS ကို ပြန် install လုပ်ဖို့ စသည်ဖြင့် အမျိုးမျိုး တွေ့ရ ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာ အရိုးရှင်းဆုံး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ခဲ့ ပါတယ်။ Windows 7 (64-bit) ပေါ်မှာ install လုပ်ထားတဲ့ Visual Studio 2008 (32-bit) ရဲ့ shortcut ပေါ်မှာ right-click လုပ်ပြီး compatibility setting ကို ပြင်ပေးလိုက်တာနဲ့ အဆင်ပြေသွား ပါတယ်။
ဒါပေမယ့် သတိထားရမှာက compatibility setting ကို ပြင်ရင် များသောအားဖြင့် Windows XP (service pack 3) ကို ရွေးတတ်ကြ ပါတယ်။ Visual Studio 2005 နဲ့ 2008 တွေအတွက် Windows 7 မှာ compatibility ကို ရွေးမယ် ဆိုရင် Windows Vista (service pack 1) ဒါမှမဟုတ် (service pack 2) ကိုပဲ ရွေးရင် ပိုအဆင်ပြေ ပါတယ်။ Compatibility မှာ Windows XP ကိုရွေးတော့ အပေါ်က ပြဿနာ မပြေလည်ခဲ့ ပါဘူး။ ဒါနဲ့ forum တွေမှာ ဆွေးနွေးရင်း compatibility setting မှာ Windows Vista (service pack 1) ကိုရွေးလိုက်တော့ project compile လုပ်လို့ မရတဲ့ ပြဿနာ ပြေလည်သွား ပါတယ်။

ဒါကြောင့် Visual Studio 2005/2008 (32-bit) တွေကို သုံးပြီး Windows 7 (64-bit) ပေါ်မှာ develop လုပ်မယ် ဆိုရင် compatibility မှာ Windows Vista ကို ရွေးရင် project အတော်များများ အတွက် ပိုအဆင်ပြေမယ် လို့ အကြံပေးချင် ပါတယ်။

Saturday, July 17, 2010

ကျွန်တော် သဘောကျခဲ့သော ကဗျာလေး တစ်ပုဒ်....

သူငယ်ချင်းတစ်ယောက်က ကြံကြံဖန်ဖန် ဒဿန ဖွင့်ဖူးတယ်...
ဘ၀ကြင်ဖေါ် ရွေးတယ်ဆိုတာ အဆောင်မှာ ဟင်းပွဲရွေးသလိုပဲ..တဲ့...
အဆီများတော့ အသားနဲ့၊ အသားများတော့ အရေကျဲ ... 
မဆွဲခင်မှာတော့ ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုးနဲ့... ရွေးလိုက်ရတာ မျက်စိကိုပြာလို့....
ဒီလိုနဲ့ လက်သင့်ရာ ဟင်းတစ်ပွဲ ကောင်းနိုးရာရာကို ဆွဲခဲ့... 
အတူစားတဲ့ သူငယ်ချင်း နှိုင်းယှဉ်ရင်း ကြည့်တော့မှ.. ကိုယ့်ဟင်းခွက်ကနဲ ... ပြန်လဲလို့မရ.. 
ဒေါပွပွနဲ့ 
အဖတ်တင်နေတဲ့ ဟင်းတစ်ပွဲ...ကြိတ်မှိတ်ပဲ စားခဲ့ရသတဲ့.....။

(credit = ဆရာကိုရန်နိုင်အေး)

Thursday, July 8, 2010

Good book for iPhone developing beginners

Apple iPhone တွေ ခေတ်စား လာတာနဲ့ အ မျှ iPhone application နဲ့game တွေ ဖန်တီးမှု ဟာလည်း ခေတ်စား လာပါတယ်။ သူတို့ကို ရေးရတာ ဖန်တီးရတာ စိတ်ဝင်စား စရာ ကောင်းသလို ၀ါသနာ ပါသူတွေ အတွက် ပျော်စရာလည်း ကောင်းပါတယ်။ Game မှ မဟုတ်ပါဘူး။ တစ်ခြား ရိုးရိုး iPhone application တွေ ဖန်တီး ရတာလည်း စိတ်ဝင်စား စရာ ကောင်းမှာပါ။
အရင်တုန်းက Apple ဟာ သူ့ရဲ့ iPhone SDK ကို developer တွေကို ပေးပေမယ့် close လုပ်ထားတဲ့ အတွက် iPhone developer တွေဟာ iPhone SDK နဲ့ development အကြောင်း တွေကို openly ဆွေးနွေးခွင့်၊ forum လုပ်ခွင့် မရကြသလို iPhone SDK နဲ့ ပါတ်သက်တဲ့ စာအုပ်တွေ လည်း မထွက်နိုင်ခဲ့ ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် iPhone programming ဟာ သာမာန် အားဖြင့် Objective-C နဲ့ Apple ရဲ့ ကိုယ်ပိုင် development ပုံစံ အပေါ်မှာ အခြေခံ တဲ့ အတွက် programmer တွေ အတွက် learning လုပ်ရတာ အထူးတလည် ကိစ္စ တစ်ခု ဖြစ်လာပါတယ်။ ပုံမှန် C/C++, Java, dotNET စတဲ့ programming language တွေကို သုံးနေကြတဲ့ developer တွေ အတွက် လည်း သူတို့ရဲ့ previous knowledge နဲ့ experiences တွေက iPhone development အတွက် အရမ်းကြီး အထောက် အကူ မဖြစ်လှပါဘူး။ Programming သဘောတရား ကိုတော့ သိထားတာပေါ့လေ။
၂၀၀၈ ခုနှစ် ကစလို့ Apple က သူ့ရဲ့ iPhone SDK ကို open ဖွင့်ပေး လိုက်တဲ့ အတွက် developer community ကလည်း ၀မ်းပန်းတသာ ကြိုဆိုခဲ့သလို iPhone development forum တွေ၊ web site တွေ နဲ့ စာအုပ်တွေ လည်း မှိုလို ပေါက်လာခဲ့ပါတယ်။ တစ်ခြား open source iPhone engine တွေလည်း အများကြီး ထွက်လာခဲ့ ပါတယ်။

အခု ကျွန်တော် ပြောပြချင်တာက iPhone development ကို စပြီး လေ့လာချင်တဲ့ Apple environment နဲ့ မရင်းနှီးတဲ့ programmer တွေအတွက် အစပြုလို့ကောင်းတဲ့ စာအုပ် တစ်ခုကို မျှဝေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အတော်လေး သဘောကျမိ ပါတယ်။
သူ့ထဲမှာ စာရေးဆရာ က ပြောထားတာ ကိုက This book is written to make the life of a beginning iPhone developer as easy as possible လို့ပြော ထားပါတယ်။ Beginner တွေ အတွက် ဆိုပေမယ့် သူ့ထဲမှာ ရှင်းပြထားတဲ့ အကြောင်းအရာ တွေက တစ်ကယ် စလေ့လာ သူအတွက် အရမ်းကို ကောင်းပါတယ်။
Objective-C programming language ရဲ့ သဘောတရားတွေ၊ iPhone environment ရဲ့ သဘောတရား တွေနဲ့ သိထားသင့်တာတွေ အားလုံး ရှင်းပြထား ပါတယ်။ iPhone application တွေ အတွက် သုံးတဲ့ Interface Builder အကြောင်းကိုလည်း ရှင်းပြထားပါတယ်။ နောက်ပြီး နမူနာ sample code တွေကိုလည်း download လုပ်လို့ ရတဲ့ အတွက် လေ့လာလို့ အရမ်းကောင်းပါတယ်။ သာမာန် game တွေ အတွက် လိုအပ်တာတွေ အပြင် Map, Location service, accelerometer, email စတဲ့ user application တွေကို ဖန်တီးရာမှာ သုံးတဲ့ အကြောင်း အရာတွေကိုလည်း sample codes တွေနဲ့ ရှင်းပြထားပါတယ်။

BEGINNING IPHONE SDK PROGRAMMING WITH OBJECTIVE-C ဆိုတဲ့ စာအုပ်က iPhone developing ကို စပြီး လေ့လာမယ့် developer တွေအတွက် ဘယ်လိုပဲ ဖြစ်ဖြစ် အထောက် အကူပြု နိုင်မယ် လို့ မျှဝေ လိုက်ရပါတယ်။ မ၀ယ်ချင်ရင် Internet မှာ ကိုယ့်ဘာသာ ရှာပြီး download လုပ်ယူပေါ့နော်။ :P

Monday, July 5, 2010

Downgrade iPhone OS to older version without jailbreaking

Apple ရဲ့ iPhone တွေကို သုံးရင် သတိထားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။ ပုံမှန်အားဖြင့် ဆိုရင် iPhone 3GS, iPad နဲ့ နောက်ပိုင်း device တွေကို Firmware (OS) ကို နောက်ထွက်တဲ့ version ကို upgrade လုပ်လိုက်ပြီးရင် downgrade ပြန်လုပ်လို့ မရပါဘူး။ ဥပမာ- iPhone 3GS အသစ်တစ်ခုကို ၀ယ်လိုက်တယ် ဆိုပါတော့။ အဲဒီ iPhone 3GS မှာ OS version 3.1.3 ပါတယ်ဆိုရင် သူ့ကို iOS4 ကို upgrade လုပ်လိုက်ပြီးမှ တစ်ခုခု မကြိုက်လို့ 3.1.3 ကို ပြန်ပြီး restore လုပ်မယ် ဆိုရင် Apple က ခွင့်မပြုပါဘူး။ ကိုယ့်ရဲ့ device ကို upgrade လုပ်တာပဲ ဖြစ်ဖြစ် restore လုပ်တာပဲ ဖြစ်ဖြစ် Apple က သူ့ရဲ့ server ကို device ရဲ့ ECID (Exclusive Chip ID) ကို လှမ်းပို့ပြီး signature ကို လှမ်းစစ်ပါလိမ့်မယ်။ ကိုယ့် device ထဲမှာ ရှိနေတဲ့ OS က latest version ဆိုရင် နောက်ပြန် ဆုတ်ခွင့် မပေးတတ်ပါဘူး။
အဲဒါက iPhone user တွေအတွက် တစ်ကယ့် ပြဿနာပါ။ ဒါပေမယ့် iPhone ကို jailbreak လုပ်ထားပြီး OS upgrade မလုပ်ခင်မှာ Cydia server ပေါ်ကို ကိုယ့်ရဲ့ SHSH signature တွေကို တင်ထားခဲ့မယ် ဆိုရင်တော့ iTune မှာ OS ကို restore လုပ်မယ့် အချိန်မှာ iTune က check လုပ်မယ် ဆိုရင် Cydia server ကို လမ်းကြောင်းပြောင်းပြီး လှည့်စားလို့ ရပါတယ်။ ဒါပေမယ့် ဒီနည်းက ကိုယ့်ရဲ့ iPhone ကို jailbreak လုပ်ဖို့ လိုပါတယ်။
တစ်ကယ်လို့ ကိုယ့် iPhone ကို jailbreak မလုပ်ချင်ဘူး ဆိုရင်။ Cydia server ကိုလည်း လှမ်းမသုံးချင်ဘူး ဆိုရင် လုပ်လို့ရမယ့် နည်းကောင်း တစ်ခု ရှိပါတယ်။
Tiny Umbrella လို့ ခေါ်တဲ့ program လေးကို သုံးနိုင်ပါတယ်။ အောက်မှာ Link ကို ပေးထားပါတယ်။ http://thefirmwareumbrella.blogspot.com 
အဲဒီ program လေးက iPhone ကို jailbreak မလုပ်ပဲ OS အသစ်ထည့်ပြီး ချိန်မှာ downgrade ပြန်လုပ်ခွင့် ပေးပါတယ်။ ဒါပေမယ့် OS အသစ်ကို install မလုပ်ခင်မှာ ကိုယ့် iPhone/iPod Touch/iPad တွေရဲ့ SHSH signature တွေကို Tiny Umbrealla ကို သုံးပြီး စက်ထဲမှာ save လုပ်ပြီး သိမ်းထားဖို့ လိုပါတယ်။ Tiny Umbreall က SHSH signatures တွေကို Cydia server ပေါ်ကိုလည်း အလိုအလျှောက် လှမ်းတင်ပေးပါတယ်။
Tiny Umbrella ဟာ ကိုယ့် device ရဲ့ SHSH signature ကို အလွယ်တကူ save လုပ်နိုင်အောင် စွမ်းဆောင်ပေးနိုင် ပါတယ်။ ပြီးတော့ Cydia server မလိုပဲ local saved file ကနေ device ရဲ့ older OS ကို ပြန်ပြီး restore လုပ်နိုင်အောင် ကူညီပေးပါတယ်။

Latest version iTune ကို အရင် install လုပ်ပါ။ Tiny Umbrella ကို download လုပ်ပါ။ Windows အတွက်ရော၊ Mac အတွက်ပါ ရှိပါတယ်။ သူ့ကို run လိုက်ပြီး device ကို connect လုပ်ပါ။ ဒါဆို ဘယ်ဘယ်နားမှာ connected device ကို ပြနေပါလိမ့်မယ်။ ဘယ်ဘက်က Save My SHSH ဆိုတဲ့ button လေးကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ device ရဲ့ SHSH signature ကို hard disk ထဲကို သိမ်းပေး ပါလိမ့်မယ်။
နောက်ပိုင်းမှာ OS ကို ပြန် restore လုပ်ချင်တယ် ဆိုရင် Tiny Umbrella ကို ဖွင့်ပြီး Start TSS Server ဆိုတဲ့ button လေးကို နှိပ်လိုက်ရင် TSS server ကို Tiny Umbrella က run လုပ်ပေးပါ လိမ့်မယ်။ ဒါဆိုရင် အဲဒီအချိန်မှာ iTune ကို သုံးပြီး ကိုယ့် device ရဲ့ older OS ကို restore လုပ်လို့ရပါပြီ။ iTune က Apple server ကို လှမ်းစစ်ကာနီးမှာ TSS Server က လမ်းကြောင်းပြောင်းပြီး လက်ခံ ပေးပါ လိမ့်မယ်။ ဒါဆို ဘယ် device ကိုမဆို original older OS ကို downgrade ပြန်လုပ်လို့ ရပြီပေါ့။
Newer OS ကို upgrade မလုပ်ခင်မှာ Tiny Umbrella ကို သုံးပြီး SHSH bloc ကို save လုပ်ထားဖို့တော့ မမေ့နဲ့နော်။

ကိုယ့်ရဲ့ device နဲ့ OS version ကို သေချာချင်ရင် Advanced Options ဆိုတဲ့ checkbox လေးမှာ နှိပ်ပြီး အောက်က drop down menu ကနေ ကိုယ့် device နဲ့ OS Version ကို ရွေးပေးနိုင်ပါတယ်။ ဥပမာ- iPhone 3GS – 3.1.3
SHSH signature ကို save လုပ်ပြီးရင် Display SHSHs ဆိုတဲ့ button လေးကို နှိပ်ပြီး ကိုယ် save လုပ်ထားတဲ့ SHSH bloc တွေ ဘာတွေ ရှိတယ်ဆိုတာ ကြည့်နိုင် ပါတယ်။ ကိုယ့်ရဲ့ save လုပ်ထားတဲ့ SHSH file တွေက ကိုယ့်စက်ထဲက (user name) အောက်က shsh ဆိုတဲ့ hidden folder အောက်မှာ ရှိပါလိမ့်မယ်။ အဲဒီ file တွေကို နောက်ပိုင်းမှာ ပြန်သုံးလို့ ရအောင် သေချာတဲ့ တစ်နေရာရာကို copy ကူးထားလိုက်ပေါ့။

Tiny Umbrella က iPhone ကို jailbreak လုပ်စရာ မလိုပဲ locally saved file တွေကနေ OS ကို downgrade လုပ်နိုင်တယ် ဆိုတာ မျှဝေလိုက်ပါတယ်။ 

အမျိုးမျိုးသော iPhone/iPod/iPad firmware file တွေကို အောက်မှာ ပေးထားတဲ့ link ကနေ download လုပ်ယူနိုင်ပါတယ်။
http://www.felixbruns.de/iPod/firmware/

Friday, July 2, 2010

iOS4 on iPhone 3G & iPhone 3GS

Apple ရဲ့ iOS4 (iPhone OS version 4.0) ထွက်လာပြီးတော့ iPhone 3G, iPhone 3G, iPod Touch 2nd and 3rd generation တွေမှာ upgrade လုပ်ပြီး ထည့်လို့ ရတယ် ဆိုပါတယ်။
Apple က iPhone 3G နဲ့ iPod Touch 2nd generation တွေမှာ iOS4 ကို ထည့်လို့ ရပေမယ့် multi-tasking မရနိုင်ဘူး လို့ ပြောထားပါတယ်။ တစ်ကယ်က လုံးဝ မရတာ မဟုတ်ပါဘူး။ သူတို့မှာ ပါတဲ့ processor က နှေးပြီး memory က နည်းတဲ့ အတွက် အဆင်မပြေနိုင်တာပါ။ 

ကျွန်တော် သိရသလောက် မျှဝေရရင်….
iPhone 3G ရဲ့ processor (CPU) က maximum 620 MHz နဲ့ run နိုင်တဲ့ CPU ကို 412 MHz မှာ အလုပ်လုပ်ခိုင်း ထားတာပါ။ Memory 128 MB ပဲ ပါတဲ့အတွက် တစ်ချို့သော iOS4 functions တွေမှာတောင် နှေးသွားနိုင်ပါတယ်။
iPhone 3GS မှာက 833 MHz နဲ့ run နိုင်တဲ့ CPU ကို 600MHz ကို underclock လုပ်ထားပါတယ်။ Memory 256MB ပါတဲ့အတွက် iOS4 ရဲ့ functions တွေကို ကောင်းကောင်း support လုပ်နိုင်ပါတယ်။
iPhone 3GS ရဲ့ PowerVR SGX graphic processor ဟာလည်း iPhone 3G ရဲ့ PowerVR MBX lite ထက် ပိုပြီး အဆင့်မြင့် သလို ပိုလည်း မြန်ပါတယ်။

ဒါကြောင့် တစ်ကယ်တမ်း ပြောရရင် iOS4 ဟာ iPhone 3GS နဲ့ iPod Touch 3G (3rd generation) တွေမှာသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ Game တွေပဲ သီးသန့်ု ကစားကြည့်တဲ့ နေရာမှာ iPod Touch 2nd generation ဟာ iPhone 3G ထက်ပိုမြန်တာကို တွေ့ရတယ် လို့ လေ့လာရပါတယ်…။

Thursday, July 1, 2010

A framework for building 2D games for the iPad, iPhone & iPod Touch

Apple iPhone တွေ ခေတ်စား လာတာနဲ့ အမျှ iPhone အတွက် application နဲ့ game တွေ ဖန်တီးမှု ဟာလည်း ခေတ်စား လာပါတယ်။
iPhone အတွက် application/game ရေးရတာ စိတ်ဝင်စားစရာ ကောင်းသလို ပျော်စရာလည်း ကောင်းပါတယ်။ ပြီးတော့ register လုပ်ထားတဲ့ iPhone developer တွေအတွက် Apple Store ပေါ်ကို အလွယ်တကူ upload လုပ်လို့ ရတဲ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ မြင်မိပါတယ်။ iPhone အတွက် ရိုးရိုး iPhone user interface (UI) ကို သုံးပြီးရေးတဲ့ application တွေ နဲ့ ကိုယ့်စိတ်ကြိုက် UI တွေနဲ့ ဖန်တီး ထားတဲ့ game လိုမျိုးတွေ လုပ်ရတာ မတူပါဘူး။ များသောအားဖြင့် game တွေက ကိုယ်ပိုင် graphics တွေနဲ့ OpenGL ကို သုံးပြီး render လုပ်ပါတယ်။ ကျွန်တော်ကတော့ Apple iPhone SDK ၇ဲ့ application UI ကို မသုံးပဲ ကိုယ်ပိုင် image/graphics တွေနဲ့ game တွေ လုပ်ရတာကို ပိုသဘောကျပါတယ်။ iPhone application တွေကိုလည်း game တွေလို ကိုယ်ပိုင် graphic တွေနဲ့ လုပ်မယ် ဆိုလည်း လုပ်လို့တော့ ရနိုင်ပါတယ်။
iPhone game တွေမှာ free version တွေ ရှိသလို paid version တွေလည်း ရှိပါတယ်။ များသောအားဖြင့် ပျှမ်းမျှ အဆင့်မှာ ရှိတဲ့ iPhone game တွေကို US 1$ လောက်နဲ့ App Store မှာ ရောင်းကြပါတယ်။ Download လုပ်တဲ့ အရေအတွက် အပေါ် မူတည်ပြီးတော့ Apple က developer ကို ၇၀% ပေးပါတယ်။ Apple က ၃၀% ယူတဲ့ သဘောပေါ့နော်။

iPhone game တစ်ခုကို 1$ နဲ့ ရောင်းတယ် ဆိုလို့ နှစ်ပြားတစ်ပဲ ဈေးကွက်လို့ မထင်နဲ့နော်။ တစ်ကယ်တမ်း ပေါက် သွားတဲ့ game လေးတွေဆို developer က အရမ်းရတယ်။ ဥပမာ- အခုတစ်လော နာမည်ကြီးနေတဲ့ Angry Birds ဆိုတဲ့ iPhone game လေးကိုပဲ ကြည့်ပါ။ သူ့ကို App Store မှာ 1$ နဲ့ ရောင်းပါတယ်။ ဒါပေမယ့် အခုအချိန်ထိ သူရသွားတဲ့ download အရေအတွက်က (၄)သန်း ကျော်သွားပါပြီ။ ဒါဆို developer က ရမယ့် အရေအတွက်ကို ခန့်မှန်းကြည့်နိုင် ပါတယ်။ ဆက်ပြီးတော့လည်း download တွေ လုပ်နေဆဲပါ။ အဲဒီ Angry Birds မှာ ဘာ အဆင့်မြင့် 3G graphics တွေမှ မပါပါဘူး။ အားလုံး အလွန်ရိုးရှင်းတဲ့ 2D graphics လေးတွေ ပဲ သုံးသွားပါတယ်။ Physics engine ကိုတော့ အသေအချာ သုံးသွားတာ တွေ့နိုင်ပါတယ်။ iPhone အတွက် FREE သုံးလို့ ရတဲ့ Physics engines တွေ ရှိပါတယ်။ (ဥပမာ- Box2D လိုမျိုးပေါ့)

ဒါပေမယ့် အဲလိုကြီး download တွေ သန်းချီရဖို့က လွယ်တော့ မလွယ်ဘူးပေါ့နော်။ Gameplay ကလည်း ကောင်းမှ၊ လူကြိုက်မှ၊ ကံ လည်းကောင်းမှ၊ marketing နဲ့ review တွေလည်း ကောင်းကောင်း ရမှ အဲလို ရနိုင်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်မက် လို့တော့ ကောင်းတာပေါ့နော်။ ကိုယ်လုပ်တဲ့ game လေးက download ထောင် ဂဏန်း ပဲ ရတယ်ဆိုရင်တော့ ကိုယ့်အတွက် ကျန်အောင် ကြိုးစား လုပ်လို့ ရတာပေါ့။
ရိုးရှင်းတဲ့ 2D graphics လေးတွေနဲ့ iPhone game ခပ် သေးသေးတစ်ခုကို လုပ်ဖို့ အတွက် မခက်ပါဘူး။ အလွယ် ကူဆုံးလို့ ကျွန်တော် ထင်တဲ့ iPhone game engine တစ်ခု ဖြစ်တဲ့ Cocos2D ကို ပြောပြချင်ပါတယ်။
Cocos2D ဟာ အရင်က Python programming language နဲ့ အရင် ရှိခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ iPhone အတွက် Objective-C နဲ့ port လုပ်ခဲ့ပါတယ်။ Cocos2D ဟာ Objective-C programming language ကို သုံးတဲ့အတွက် သူ့ကို သုံးဖို့ Mac OS ပေါ်မှာ XCode IDE နဲ့ Objective C ကို သုံးတတ်ဖို့တော့ လိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကောင်းတဲ့ အချက်က သူ့ကို နားလည်သွားရင် 2D iPhone application တစ်ခုကို အရမ်း လွယ်လွယ်ကူကူ နဲ့ ဖန်တီးလို့ ရစေပါတယ်။ သူ့မှာ အတော် အသုံးဝင်တဲ့ examples တွေနဲ့ developer ကို လွယ်အောင် လုပ်ပေးမယ့် libraries တွေ ပါပါတယ်။ အခု နောက်ဆုံးထွက် version ဆိုရင် iPhone အပြင် iPad ကိုပါ support လုပ်ပါတယ်။
Cocos2D မှာ graphic rendering အတွက် functions တွေနဲ့ game တစ်ခု ကို ဖန်တီးဖို့ အတွက် framework တွေ ပေးထားပြီးသား ဖြစ်တဲ့အတွက် Developer က လိုချင်တဲ့ game specific logics တွေကို ထပ်ဖြည့်ရုံပါပဲ။ Cocos2D က သူ့ကို နားလည် သွားရင် 2D game တစ်ခုကို iPhone ပေါ်မှာ ရေးရတာ အများကြီး လွယ်ကူ သက်သာစေတာ အမှန်ပါ။

Cosos2D မှာ Physics engine နဲ့ sound engine တွေလည်း ပါပြီးသား ဖြစ်ပါတယ်။ Tile-based rendering တွေ လုပ်ဖို့ အတွက် Tilemap engine လည်း ပါပါတယ်။ Transition effects နဲ့ တစ်ခြား graphic effects တွေကိုလည်း လွယ်လွယ်ကူကူ လုပ်လို့ ရတဲ့အတွက် အတော်လေး အသုံးတည့်ပါတယ်။
Cosos2D နဲ့ ပါတ်သက်တဲ့ web site တွေ၊ forum တွေနဲ့ tutorial တွေလည်း အတော်များများ ရှိတဲ့ အပြင် sample codes တွေကိုလည်း လွယ်လွယ် ကူကူ download လုပ်လို့ ရနိုင်တဲ့အတွက် beginners တွေ အတွက်လည်း အတော်ကို အဆင်ပြေတာ ပေါ့နော်။
ကျွန်တော်ကတော့ သာမာန် 2D iPhone game တစ်ခုကို ပဲဖြစ်ဖြစ်၊ 2D iPhone application တစ်ခုကို ပဲ ဖြစ်ဖြစ် စပြီး ဖန်တီးကြည့်ချင်သူတွေ အတွက် (ObjectiveC ကို လေ့လာရတာက လွဲရင်) Cocos2D က 100% FREE ရတဲ့ အသင့်တော်ဆုံး framework တစ်ခုလို့ ပြောချင်ပါတယ်။

Sunday, June 6, 2010

Visual C++ နဲ့ iPhone game ရေးဖို့.............

Airplay SDK (http://www.airplaysdk.com) ဆိုတာ Apple ရဲ့ Mac computer လည်းမလို၊ Objective-C, Cocoa စတဲ့ Mac programming နည်းစနစ်တွေ လည်း မလိုပဲ iPhone game တွေကို အပျော်တမ်းပဲ ဖြစ်ဖြစ်၊ စီးပွားဖြစ်ပဲ ဖြစ်ဖြစ် ဖန်တီးခွင့် ရမယ့် Software Development Kit တစ်ခု ဖြစ်ပါတယ်။
Airplay SDK က iPhone အတွက်မှ မဟုတ်ပါဘူး။ တစ်ခြား mobile device တွေ အတွက်လည်း အလုပ်လုပ် ပေးနိုင်ပါတယ်။ ဒါပေမယ့် iPhone development အတွက် free ရနိုင်တဲ့ အတွက် iPhone game developer တွေအတွက် အဆင်ပြေပါတယ်။
Airplay SdK ကို download ဆွဲယူပြီးရင် example လေးတွေပါ ရပါလိမ့်မယ်။ ဒါကြောင့် လေ့လာရတာ ပို အဆင်ပြေတာ ပေါ့နော်။ သူ့မှာ အတော်လေး ကောင်းတဲ့ game framework နဲ့ game programming အတွက် လိုအပ်တဲ့ library တွေ ပါလာပြီးသား ဖြစ်တဲ့အတွက် programmer တွေက အသေးစိတ်ကို အစကနေ လိုက်ရေးစရာ မလိုပဲ သုံးလို့ ရနိုင်ပါတယ်။ သဘောကျစရာ ကောင်းတာက Airplay SDK ဟာ artists တွေကြားမှာ အသုံးများတဲ့ 3D Studio Max, Maya တို့လို နာမည်ကြီး 3D package တွေနဲ့ လည်း အလုပ်လုပ်ပါတယ်။ ကျွန်တော် အရင်က သိခဲ့တဲ့ open source ဖြစ်တဲ့ SIO2 SDK ဆိုရင် Blender တစ်မျိုး ထဲနဲ့ပဲ အလုပ်လုပ် ပါတယ်။ ဒါကြောင့် Airplay SDK က developer တွေ အတွက် သုံးရတာ ပိုပြီး flexible ဖြစ်မယ် ထင်ပါတယ်။ အထူးသဖြင့် 3D application တွေ လုပ်ချင်ရင် ပိုအဆင်ပြေမယ် ထင်ပါတယ်။
Objective-C programming language ကိုလည်း ထပ်ပြီး လေ့လာစရာ မလိုပဲ pure C++ ပုံစံ နဲ့ application တွေကို Windows OS ပေါ်မှာ Visual C++ နဲ့ ဖန်တီးခွင့် ရတာကလည်း သဘောကျစရာပါ။ Microsoft Visual Studio ကို programmer က ရင်းနှီးပြီးသား ဖြစ်တဲ့ အတွက် Mac ပေါ်မှာ Objective-C နဲ့ ပြန်လုပ်ရတာထက် အများကြီး အဆင်ပြေ တာပေါ့နော်။
iPhone game လုပ်ချင် သူတွေ အတွက် ကောင်းတာက Airplay SDK မှာ GameState manger လိုမျိုး game အတွက် အရေးကြီးတဲ့ framework တွေကို လုပ်ပေးထားပြီးသား ဖြစ်တဲ့ အပြင် example games လေးတွေလည်း ပါတဲ့အတွက် အဲဒီ အပေါ်မှာ အခြေခံပြီး စမ်ကြည့် သွားလို့ ရတာပေါ့နော်။

ဘယ်လိုပဲ ဖြစ်ဖြစ် Airplay SDK က လောလောဆယ် မှာ Free လည်း download ဆွဲလို့ ရတယ်။ ကိုယ့်ဆီမှာ Apple Mac computer လည်းရှိစရာ မလိုတဲ့ အပြင် လောလောဆယ် iPhone/iPod Touch မရှိသေးရင် တောင်မှ သူ့မှာ ပါလာတဲ့ iPhone simulator ကို သုံးပြီး iPhone game လေးတွေကို စပြီး စမ်းကြည့်လို့ ရတဲ့အတွက် အတော်လေးကို သဘောကျစရာ ကောင်းတယ်လို့ မြင်မိပါတယ်။


ခုနောက်ဆုံး information အနေနဲ့ သတိထားမိတာက CAPCOM ရဲ့ နာမည်ကြီး Resident Evil series ဖြစ်တဲ့ iPhone အတွက် လုပ်ထားတဲ့ Resident Evil : Degeneration မှာ AirPlay SDK ကို သုံးထားတာ သတိထားမိ လိုက်ပါတယ်။

Solve Internet Explorer issues in Windows 7

Microsoft Internet Explorer (IE) 7 နဲ့ 8 တွေမှာ တစ်ချို့ IE version အဟောင်းနဲ့ အလုပ်လုပ်တဲ့ web site တွေ ခဏခဏ ပြဿနာ တက်တတ် ပါတယ်။
Windows Vista နဲ့ Windows 7 တွေမှာ ပါတဲ့ newer version IE တွေနဲ့ compatible မဖြစ်တဲ့ web site တွေ အများကြီးပါ။ တစ်ချို့တွေလည်း မကြာခဏ ဆိုသလို form တွေဖြည့်ပြီး submit လုပ်လို့ မရတဲ့ ပြဿနာ တွေ၊ web site တွေကို ၀င်ကြည့်ပြီး errorr ခဏခဏ တက်တာတွေ၊ ဒါမှမဟုတ် web page ထဲက content တွေ ပျောက်သွား တာတွေ တွေ့ရတတ် ပါတယ်။ Government ကိစ္စနဲ့ ဆိုင်တဲ့ web site တော်တော် များများ က Firefox နဲ့ ကောင်းကောင်း အလုပ် မလုပ်ကြပါဘူး။ ပြီးတော့ Windows Vista/Windows 7 တွေမှာ ပါတဲ့ IE အသစ်တွေနဲ့လည်း ကောင်းကောင်း အလုပ် မလုပ်တတ်ကြ ပါဘူး။
အဲဒီလိုမျိုး Windows Vista နဲ့ Windows 7 တွေမှာ ပါတဲ့ IE တွေနဲ့ ပြဿနာ ရှိနေတယ် ဆိုရင် IE အဟောင်း ကိုလည်း virtual mode သုံးပြီး ပြန်ထည့်စရာ မလိုပဲ ဖြေရှင်းလို့ ရနိုင်မယ့် နည်းတစ်ခုကို ပြောပြချင်ပါတယ်။ ဒါကို သိပြီးသား လူတွေလည်း အများကြီးပါ။ ကျွန်တော့ အတွက်တော့ Windows 7 ရဲ့ IE မှာ ကြုံနေရတဲ့ တော်တော် များများ သော web site errors တွေနဲ့ အဆင်ပြေသွား ပါတယ်။
Windows 7 ရဲ့ IE က Tools menu မှာ Compatibility View Setting... ဆိုတာ ပါပါတယ်။ အဲဒီ setting ကို ဖွင့်ပြီး Display all websites in compatibility view ဆိုတာကို ရွေးပေးလိုက်ပါ။ (ပုံမှာ ကြည့်ကြည့်ပါ)

အဲဒီလို ဆိုရင် တော်တော် များများသော web site တွေနဲ့ IE အသစ်ရဲ့ ပြဿနာ ပြေလည် သွားတတ် ပါတယ်။ ကျွန်တော် ဆိုရင် ICA web site ကနေ application တစ်ခု တင်တာ IE ရဲ့ original settings တွေ နဲ့ ဆိုရင် လုံးဝကို အဆင် မပြေပါဘူး။ Submit button လည်း နှိပ်လိုက်ရော error message တွေပဲ ရခဲ့ပါတယ်။ အဲဒီ compatibility setting ကိုလည်း ပြင်လိုက်ရော အားလုံး အဆင်ပြေ ချောမွေ့သွားတာ လက်တွေ့ တွေ့ခဲ့ရပါတယ်။
ဒီ information က မသိသေးသူတွေ အတွက်တော့ IE ပြဿနာ တွေနဲ့ ပါတ်သက်ပြီး အတော်လေး အသုံးတည့်မယ် လို့ မျှော်လင့်ပါတယ်။