ကျွန်တော်တို့ ဆီမှာ C++ program တွေရေးဖို့အတွက် Microsoft ရဲ့ Visual C++ 2005 Express Edition ကို သုံးကြတယ်။ Visual C++ 2005 က အရင်တုန်းက VC 6.0 ထက်စာ ရင် အများကြီး ပိုပြီး တိုးတက်တဲ့ compiler အသစ် လည်းဖြစ်တယ်။ .NET ရဲ့ အခြေခံဖြစ်တဲ့ CLR (Common Language Runtime) နဲ့ ကိုက်ညီမှုရှိတဲ့ program တွေကိုလည်း ဖန်တီးလို့ ရတယ်လေ။
Professional edition ကို မသုံးပဲနဲ့ အများစုက Express edition ကို ဘာလို့ သုံးကြသလည်း ဆိုတာတော့ ရှင်းပါတယ်။ Express edition က အလကားရတဲ့ free version ဖြစ် တာကိုး။ Microsoft web site ကနေ free download လုပ်ယူလို့ ရတယ်လေ။ Beginner တွေ၊ student တွေနဲ့ ၀ါသနာအလျှောက် programming ကို လေ့လာတဲ့ သူတွေအတွက် အလကား download လုပ် ယူခွင့် ပေးထားတဲ့ အမျိုးအစားပါ။
အဲ Express edition မှာ မကောင်းတာက သမားရိုးကျ pure Win32 program တွေကို ဖန်တီးခွင့် မပေးတာပါပဲ။ ဆိုလိုတာက ကျွန်တော်တို့ အရင်တုန်းက ရေးနေကျဖြစ်တဲ့ Win32 program တွေကို ဖန်တီးနိုင်ဖို့အတွက် library နဲ့ support file တွေ ပါမလာတော့ပါဘူး။
Professional edition ကို မသုံးပဲနဲ့ အများစုက Express edition ကို ဘာလို့ သုံးကြသလည်း ဆိုတာတော့ ရှင်းပါတယ်။ Express edition က အလကားရတဲ့ free version ဖြစ် တာကိုး။ Microsoft web site ကနေ free download လုပ်ယူလို့ ရတယ်လေ။ Beginner တွေ၊ student တွေနဲ့ ၀ါသနာအလျှောက် programming ကို လေ့လာတဲ့ သူတွေအတွက် အလကား download လုပ် ယူခွင့် ပေးထားတဲ့ အမျိုးအစားပါ။
အဲ Express edition မှာ မကောင်းတာက သမားရိုးကျ pure Win32 program တွေကို ဖန်တီးခွင့် မပေးတာပါပဲ။ ဆိုလိုတာက ကျွန်တော်တို့ အရင်တုန်းက ရေးနေကျဖြစ်တဲ့ Win32 program တွေကို ဖန်တီးနိုင်ဖို့အတွက် library နဲ့ support file တွေ ပါမလာတော့ပါဘူး။
ဒီတော့ Visual C++ 2005 Express ကို သုံးပြီးတော့ Win32 application တွေကို ဖန်တီး ဖို့အတွက် Microsoft ကနေပဲ အခမဲ့ ပေးထားတဲ့ Microsoft Platform SDK ကို download လုပ်ယူပြီး install လုပ်ဖို့ လိုပါတယ်။ အဲဒီ Platform SDK ကို install လုပ် လိုက်မှသာ Visual C++ 2005 Express Edition ကို သုံးပြီးတော့ သမားရိုးကျ Win32 program တွေကို ဖန်တီးလို့ ရကြမှာပါ။ Win32 program တွေ ရေးဖို့ ဘာလို့ ဒီလောက် အရေးတယူ လုပ်နေရ သလည်း ဆိုတော့ များသောအားဖြင့် game program တွေ၊ DirectX ဒါမှမဟုတ် OpenGL လိုမျိုး API တွေကို သုံးပြီးတော့ graphic rendering program တွေကို ဖန်တီးမယ်ဆိုရင် Win32 format နဲ့ရေးတာ ပိုပြီး အဆင်ပြေတယ်လေ။ NTU မှာ အခုထိ Windows XP နဲ့ Visual C++ 6.0 ကို သုံးနေကြတုန်းပဲ ဆိုရင် ယုံမလား။
Visual C++ 2005 Express မှာ Win32 application တွေကို ရေးဖို့အတွက် ပထမဆုံး VC++ 2005 Express ကို download လုပ်ပြီး install လုပ်ပါ။ ပြီးရင် Microsoft Platform SDK ကို download လုပ်ပြီး install လုပ်ပါ။ Platform SDK ကိုရွေးတဲ့ နေရာမှာ ဘယ် Windows အတွက် ဆိုတာ အရေးမကြီးပါဘူး။ ဥပမာ- Platform SDK for Windows Server 2003 ကိုလည်း Windows XP ပေါ်မှာ install လုပ်လို့ ရပါတယ်။ ပြဿနာ မရှိပါဘူး။ အဆင်ပြေတာ ကိုသာ ရွေးပြီး download လုပ်ပါ။ Latest ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။
တစ်ခုရှိတာက Latest ဖြစ်တဲ့ Platform SDK ကို Microsoft Web Site ကနေ download သွားလုပ်မယ် ဆိုရင် ခင်ဗျား စက်ထဲမှာ ထည့်ထားတဲ့ Windows OS ကို original version ဟုတ် မဟုတ် စစ်ပါလိမ့်မယ်။ အဲဒါကို ရှောင်ချင်ရင် Latest မဟုတ်တဲ့ တစ်ခြား version ကို ရှာကြည့်ပါ။ အဲဒါတွေက စစ်တာ၊ ဆေးတာ လုပ်လေ့ မရှိပါဘူး။ ဒါမှမဟုတ် အောက်မှာ ပေးထားတဲ့ Web link ကနေလည်း Platform SDK SP1 ကို အစစ်အဆေး မရှိ Free download လုပ်လို့ ရပါတယ်။
VC++ 2005 ကိုလည်း install လုပ်ပြီးပြီ။ Platform SDK ကိုလည်း ထည့်ပြီးပြီ ဆိုရင် Visual C++ 2005 E
ပြီးရင် နောက်ဆုံး တစ်ခု လုပ်ဖို့ ကျန်သေးတယ်ဗျ။ မဟုတ်ရင် compile လုပ်လို့ရပေမယ့် run time မှာ ပြဿနာ တက်လိမ့်မယ်။ Visual C++ 2005 Express ကို install လုပ်ထားတဲ့ folder အောက်မှာ corewin_express.vsprops ဆိုတဲ့ file လေးကို ရှာလိုက်ပါ။ (Windows Search option ကိုသုံးပြီး ရှာပေါ့)။ အဲဒီ file လေးထဲမှာ AdditionalDependencies="kernel32.lib" ဆိုတဲ့ စာကြောင်း လေးကို တွေ့အောင် ရှာပါ။ ပြီးရင် အောက်မှာ ပြထားသလို ပြင်လိုက်ပါ။
AdditionalDependencies="kernel32.lib user32.lib gdi32.lib winspool.lib comdlg32.lib advapi32.lib shell32.lib ole32.lib oleaut32.lib uuid.lib odbc32.lib odbccp32.lib"
ပြင်ပြီးရင် save လုပ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ Visual C++ 2005 Express Edition ကို သုံးပြီးတော့ Pure Win32 application တွေကို စိတ်ကြိုက် ဖန်တီးယူလို့ ရပါပြီ။ Visual C++ 2005 က ကျွန်တော့အမြင့်တော့ သုံးရတာ ပေါ့ပြီး၊ မြန်လည်း မြန်တယ် ထင်တာပဲလေ။

0 comments:
Post a Comment