Monday, March 31, 2008

SDL (Simple Directmedia Layer)

Graphic mode တွေအကြောင်းကို ဆက်မရေးခင် ကြားဖြတ်ပြီး ကျွန်တော် သဘောကျတဲ့ Game နဲ့ Graphic application တွေရေးတဲ့ library set တစ်ခုအကြောင်း ပြောပြချင်ပါတယ်။
SDL (Simple Directmedia Layers) လို့ခေါ်ပါတယ်။ သူက cross-platform library ဖြစ်တဲ့အတွက် ဘယ် OS မှာမဆို အလုပ်လုပ်ပါ လိမ့်မယ်။ SDL ဆိုတာ တစ်ကယ်တော့ graphic အတွက်တင် မဟုတ်ပါဘူး။ အထူးသဖြင့် game programmer တွေနဲ့ multimedia application programmer အတွက် လိုအပ်တဲ့ graphic လုပ်ဆောင်ချက်တွေ၊ sound နဲ့ ပါတ်သက်တဲ့ လုပ်ဆောင်မှုတွေ၊ input devices တွေနဲ့ ပါတ်သက်တဲ့ event လုပ်ဆောင်ချက်တွေ၊ CD/DVD ကို ဖတ်တဲ့ လုပ်ဆောင်ချက်တွေ၊ performance ကောင်းကောင်း ရဖို့အတွက် လိုအပ်တဲ့ multi-threads လုပ်ဆောင်ချက်တွေ အားလုံးအတွက် လွယ်ကူအောင်၊ အချိန်ကုန် သက်သာအောင် ဖန်တီးပေးထားတဲ့ API (application programming interface) တစ်ခု ပါပဲ။
SDL layer ဟာ Microsoft DirectX နဲ့ရော၊ OpenGL နဲ့ပါ ကောင်းကောင်း အလုပ် လုပ်နိုင်ပါတယ်။ အထူးသဖြင့် Graphic နဲ့ ပါတ်သက်တဲ့ မြန်နှုန်းကို အထူး လိုအပ်တဲ့ လုပ်ဆောင်ချက်တွေမှာ programmer တွေအတွက် သိပ် စဉ်းစားစရာ၊ အသေးစိတ် code တွေကို ရေးနေစရာ မလိုပဲနဲ့ multimedia application တွေကို ဖန်တီးခွင့် ပေးပါတယ်။
လက်ရှိ ဈေးကွက်မှာ ရောင်းနေတဲ့ တစ်ချို့ game တွေ၊ emulator တွေ၊ multimedia application တွေနဲ့ MPEG player တွေကို SDL library နဲ့ ဖန်တီးထားပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် Civilization : Call to Power ဆိုတဲ့ game ကို SDL နဲ့ ဖန်တီး ထားတာပါ။
SDL Layer ဟာ cross-platform ဖြစ်တဲ့အတွက် Linux, Windows, Windows CE, BeOS, MacOS, Mac OS X, FreeBSD, NetBSD, OpenBSD, BSD/OS, Solaris, IRIX, QNX စတဲ့ အမျိုးမျိုးသော OS တွေနဲ့ ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။
SDL ကို ဖန်တီးဖို့အတွက် C programming language ကို သုံးထားပါတယ်။ ဒါပေမယ့် သူ့ကို အမျိုးမျိုးသော programming language တွေကနေ ခေါ်သုံးနိုင်ပါတယ်။ တိတိကျကျ ပြောရရင် SDL ကို C++, Ada, C#, D, Eiffel, Erlang, Euphoria, Guile, Haskell, Java, Lisp, Lua, ML, Objective C, Pascal, Perl, PHP, Pike, Pliant, Python, Ruby, Smalltalk, Tcl စတဲ့ အမျိုးမျိုးသော programming language တွေနဲ့ ပေါင်းစပ်ပြီး အသုံးပြု နိုင်ပါတယ်။
ကျွန်တော် စမ်းပြီး သုံးကြည့်တော့ SDL ကို အတော် သဘောကျမိပါတယ်။ Visual C++ ကိုသုံးပြီး DirectX program တစ်ခုကို ဖန်တီးမယ် ဆိုရင် ပုံမှန်အတိုင်း ရေးရင် အများကြီး ရေးရမယ့် code line တွေကို SDL သုံးလိုက်ရင် တော်တော် သက်သာတာကို တွေ့ရပါတယ်။ ပြီးတော့ SDL က အတွင်းပိုင်းထဲက အသေးစိတ် logic တွေကိုလည်း stable ဖြစ်အောင် ထိန်းပေးသွားတဲ့ အတွက် programmer တွေအတွက် အများကြီး သက်သာစေပါတယ်။
ဥပမာ ပြောရရင် ကျွန်တော်တို့က DirectX 9 ကို သုံးပြီး graphic application တစ်ခုကို Visual C++ နဲ့ ရေးမယ်ဆိုရင် DirectX 9 graphic function တွေကို အစပြုနိုင်ဖို့အတွက် ဒီလို အသေးစိတ် ရေးပေးရပါတယ်။ ဒါက DX9 ကို initialize လုပ်တဲ့ အပိုင်းလေး တစ်ပိုင်းပဲ ပြထားတာပါ။

if( NULL == ( pD3D = Direct3DCreate9( D3D_SDK_VERSION ) ) )
{ lastResult = E_FAIL; return false; }

D3DPRESENT_PARAMETERS d3dpp;
ZeroMemory( &d3dpp, sizeof(d3dpp) );
d3dpp.SwapEffect = D3DSWAPEFFECT_DISCARD;
d3dpp.BackBufferFormat = D3DFMT_A8R8G8B8;
d3dpp.Windowed = TRUE;

d3dpp.BackBufferCount = 1;
d3dpp.BackBufferHeight = SCRN_HEIGHT;
d3dpp.BackBufferWidth = SCRN_WIDTH;
d3dpp.hDeviceWindow = hwnd;

pD3D->CreateDevice( D3DADAPTER_DEFAULT, D3DDEVTYPE_HAL, hwnd,
D3DCREATE_SOFTWARE_VERTEXPROCESSING,
&d3dpp, &pd3dDevice ) ;

အဲဒါတွေကို တစ်ကယ်လို့သာ SDL library နဲ့ ရေးမယ်ဆိုရင်ကော။ Graphic system တစ်ခုကို အစပြုဖို့အတွက် လိုအပ်တာက အောက်က code line လေးတွေပါ။

SDL_Init(SDL_INIT_VIDEO);
screen = SDL_SetVideoMode(SCRN_WIDTH, SCRN_HEIGHT, 24, SDL_HWSURFACE l SDL_DOUBLEBUF l SDL_FULLSCREEN);

ဒါကို ကြည့်ရင် SDL ရဲ့ effective ဖြစ်မှုကို တွေ့နိုင်မယ် ထင်ပါတယ်နော်။ ဒါက graphic နဲ့ ပါတ်သက်တာ တစ်ခုထဲကို ပြတာပါ။ SDL က progammer တွေကို သက်သာအောင်၊ code တွေ ရေးတဲ့ နေရာမှာ efficient ဖြစ်အောင် လုပ်ပေးတဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ SDL ကို သေသေချာချာ အသုံးပြုဖို့ အတွက် အသေးစိတ် သဘောတရားတွေနဲ့ အလုပ် လုပ်ပုံတွေကို သိဖို့ လိုတယ် ဆိုရင်လည်း SDL အတွက် စာအုပ်ရှိပါတယ်။ Focus on SDL လို့ ခေါ်ပါတယ်။ အဲဒီ စာအုပ်ကို Internet ကနေ free download လုပ်လို့ ရနိုင်ပါတယ်။ အဲဒီ စာအုပ်ထဲမှာ SDL ကို သုံးပြီး multimedia နဲ့ game တွေ ဘယ်လို ဖန်တီးရမယ် ဆိုတာ ရှင်းပြထားပါတယ်။ ကျွန်တော်တော့ NTU က တစ်ချို့ ကျွန်တော့ရဲ့ assignment တွေကိုတောင် SDL သုံးပြီး ဖန်တီး ဖြစ်ခဲ့ပါတယ်။
Graphic နဲ့ multimedia ကို စိတ်ဝင်စားတဲ့ programmer တွေ အတွက်တော့ SDL က အသုံးတည့်မယ့် cross-platform library တစ်ခုပါပဲ။ SDL လိုပဲ တစ်ခြား graphic library တွေ ရှိတော့ ရှိပါသေးတယ်။ ဥပမာ- Clan Library တွေလို မျိုးပေါ့။ ဒါပေမယ့် ကျွန်တော်တော့ SDL က အသုံးလည်း များတယ်၊ stable လည်း ဖြစ်တဲ့ multimedia API တစ်ခုလို့ ထင်မိပါတယ်။

0 comments:

Post a Comment