အဲဒီ 3D graphic API နှစ်ခုက DierctX နဲ့ OpenGL (Open Graphic Libraries) တွေပဲ ဖြစ်ပါတယ်။ DirectX API ကို Microsoft က ဖန်တီးထားတာ ဖြစ်ပြီး Microsoft ရဲ့ propriety မူပိုင်ဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံး DirectX version က DirectX 11 ဖြစ်ပါတယ်။ DirectX API ဟာ Microsoft ရဲ့ မူပိုင်ဖြစ်တဲ့အတွက် Windows OS တွေမှာပဲ အလုပ်လုပ် ပါလိမ့်မယ်။ Microsoft ကနေ ထောက်ပံ့မှု အပြည့်အ၀နဲ့ အကြီးအကျယ် ပေးထားတဲ့ multimedia library တစ်ခု ဖြစ်ပါတယ်။ DirectX က Windows တွေမှာပဲ အလုပ်လုပ်တယ် ဆိုပေမယ့် Wine လိုမျိုး emulator software တွေကို သုံးပြီး Unix platform ပေါ်မှာ အလုပ်လုပ်ကြည့်မယ် ဆိုရင်လည်း ရနိုင်ပါတယ်။
DirectX ကို Windows operating system တွေနဲ့ PC တွေမှာတင် သုံးတာ မဟုတ်ပါဘူး။ 3D graphic တွေကို ဖန်တီးဖို့ အတွက် XBOX game စက်တွေနဲ့ Sega က ထုတ်တဲ့ Dreamcast လိုမျိုး game စက်တွေမှာ လည်း သုံးထား ပါတယ်။
OpenGL ကတော့ နာမည်မှာ ပါတဲ့အတိုင်း Open Source graphic library API တစ်ခုပါ။ သူ့ကို Silicon Graphics Inc ကနေ ဖန်တီးထားတာပါ။ အခုဆိုရင် OpenGL က research ပိုင်းတွေနဲ့ virtual reality ပိုင်းမှာပါ industrial standard ဖြစ်လာနေပါပြီ။ နောက်ဆုံးထွက် OpenGL version က 3.0 ဖြစ်ပြီး OpenGL 4.0 လည်း မကြာခင် ထွက်လာတော့ မှာပါ။
DirectX နဲ့ တစ်ခုကွာတာက OpenGL က cross-platform ဖြစ်ပါတယ်။ OpenGL architecture review vote အဖွဲ့အစည်းက OpenGL အတွက် specification အသစ်တွေ၊ standard အသစ်တွေ ကို ဖြည့်ဆည်း ပေးနေပါတယ်။ လက်ရှိ OpenGL ရဲ့ နောက်ဆုံး version က 3.0 ဖြစ်ပါတယ်။ ယေဘူယျ ကြည့်မယ်ဆိုရင် OpenGL က DirectX လောက် အပြောင်းအလဲ မများဘူးလို့ တွေ့ရပါတယ်။ OpenGL ကို Sony က ထုတ်တဲ့ PlayStation game စက်တွေမှာလည်း သုံးထားတာ တွေ့ နိုင်ပါတယ်။ Research area တွေနဲ့ academic project တွေမှာ OpenGL ကို တွင်ကျယ်စွာ သုံးတတ်ပါတယ်။ ပြီးတော့ တစ်ခြား open source graphics libraries တွေကလည်း OpenGL ကို သုံးပါတယ်။ Apple iPhone လို mobile device တွေမှာ တောင် OpenGL ES (Embedded Systems) ကို သုံးထားတာ တွေ့နိုင် ပါတယ်။
Programmer တွေအတွက်ကတော့ အဆင့်မြင့် 3D graphic တွေကို ဖန်တီးတဲ့ နေရာမှာ OpenGL ပဲဖြစ်ဖြစ် DirectX ပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။ API တစ်ခုစီကို programming language ကနေ ခေါ်သုံးတဲ့ နေရာမှာ အသုံးပြုရတဲ့ အယူအဆ သဘောတရားတွေ မတူပါဘူး။ Program သွင်းရတာလည်း နဲနဲတော့ ကွာခြားပါတယ်။ 3D coordinate system တစ်ခုအတွက် သတ်မှတ်တဲ့ အယူအဆ သဘော တွေတောင် မတူတာ ကို တွေ့ရပါတယ်။ ဒါပေမယ့် 3D graphic သီအိုရီ တွေ၊ transformation mathematics တွေနဲ့ lighting အခြေခံ သဘောတရားတွေ ကတော့ အတူတူပါပဲ။
နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ DirectX က Microsoft ရဲ့ hardware level အထိ accelerate လုပ်ဆောင် ချက်တွေ ရဖို့ ကြိုးပမ်းမှု ဖြစ်ပါတယ်။ ဈေးကွက် ထဲမှာ တွေ့နေရတဲ့ graphic hardware တွေ အားလုံးနီးပါးက DirectX (Ditrect3D) ရဲ့ လုပ်ဆောင်ချက်တွေကို စံတစ်ခု အနေနဲ့ကို hardware level မှာ အရှိန်မြှင့် လုပ်ဆောင်ပေးမယ့် hardware accelerator တွေကို ထည့်သွင်းပေး ထားတတ်ပါတယ်။
OpenGL က တစ်ကယ်တမ်း ပြောရရင် graphic အတွက် rendering standard တစ်ခုပါ။ ဒါပေမယ့် နောက်ပိုင်းမှာ graphic hardware ထုတ်လုပ်သူတွေက Direct3D လိုပဲ OpenGL ရဲ့ လုပ်ဆောင်မှု တွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်ပေးမယ့် hardware accelerator တွေကို သူတို့ရဲ့ devices တွေထဲမှာ ထည့်သွင်း ပေးလာကြပါတယ်။
ဥပမာ- Nvidia က ထုတ်တဲ့ Geforce graphic processor တွေနဲ့ ATI က ထုတ်တဲ့ Radeon graphic processor တွေမှာဆိုရင် DirectX လုပ်ဆောင် ချက်တွေကိုရော OpenGL လုပ်ဆောင်မှု တွေကိုပါ တိတိ ကျကျ မြန်မြန် ဆန်ဆန် လုပ်ဆောင်ပေးနိုင်မယ့် hardware accelerator တွေ ပါတာကို တွေ့နိုင် ပါတယ်။ ဒါကို Hardware TnL (Transformation and Lighting) လို့ခေါ်ပါတယ်။
လက်ရှိ အခြေအနေအရ Direct3D နဲ့ OpenGL graphic API တွေဟာ တစ်ကယ့်ကို ပြိုင်ဘက်ကောင်း တွေဖြစ်ပါတယ်။ ဘယ်သူမှ အပြတ်အသတ် အသာစီး မရသေးပါဘူး။ Standard နှစ်ခု လုံးက အရမ်းကို ကောင်းကြပြီး လုပ်ဆောင်နိုင်စွမ်း နဲ့ အသုံးပြုရမှု တို့မှာ သူ့အပိုင်းနဲ့ သူ ကောင်းကြတာကို တွေ့နိုင်ပါတယ်။
OpenGL က cross-platform နဲ့ open source ဖြစ်တဲ့အတွက် research ကဏ္ဍတွေ၊ virtual reality စမ်းသပ်မှုတွေနဲ့ academic ပိုင်းတွေမှာ အသုံးများတာ တွေ့ရပါတယ်။ DriectX ကတော့ Microsoft က အကြီးအကျယ် support ပေးထားတဲ့အတွက် လက်တွေ့ ဈေးကွက် ထဲက software တွေ၊ အထူးသဖြင့် multimedia နဲ့ game တွေမှာ အကြီးအကျယ် သုံးတာကို တွေ့နိုင်ပါတယ်။
နောက်ဆုံး version တွေဖြစ်တဲ့ DirectX 11 နဲ့ OpenGL 3 တို့အတွက် hardware acceleration ကို အပြည့်အ၀ လိုချင်တယ် ဆိုရင်တော့ နောက်ဆုံးထွက် graphic hardware တွေကို သုံးဖို့ လိုအပ်ပါ လိမ့်မယ်။ ဥပမာ- Nvidia က Geforce ဆိုရင် 400 series တွေနဲ့ ATI Radeon ဆိုရင် Radeon 5000 series တွေကို သုံးရပါမယ်။
ကျွန်တော်တို့ ဘယ် graphic API ကို သုံးမလည်း။ DirectX လား၊ OpenGL လား….?


0 comments:
Post a Comment