Saturday, June 7, 2008

Connect GLUT with Visual C++

Windows (Win32) အတွက် GLUT ကို download လုပ်ပြီးပြီဆိုရင် ZIP file တစ်ခုကို ရပါလိမ့်မယ်။ အဲဒီ ZIP file ကို hard disk ထဲကို ဖြည်ချလိုက်ရင် “glut-3.7.6-bin” နဲ့ နာမည်နဲ့ folder တစ်ခုကို ရပါလိမ့်မယ်။ အဲဒီထဲမှာ GLUT အတွက် C++ header file, library file နဲ့ DLL (Dynamic Link Library) တွေ ပါပါတယ်။ ဒါတွေကို သုံးပြီး ကျွန်တော်တို့ GLUT (OpenGL) program တွေကို ဖန်တီးလို့ ရပါတယ်။
အရင်ဆုံးလုပ်သင့်တာက GLUT နဲ့ OpenGL program ကို ဖန်တီးပြီးလို့ Run ကြည့်မယ် ဆိုရင် အဲဒီ GLUT program EXE file လေး ရှိနေတဲ့ folder အောက်ထဲမှာ glut32.dll ဆိုတဲ့ DLL file လေး ရှိနေမှ run လို့ရမှာပါ။ သူက runtime DLL file လေ။ ဒီတော့ ကျွန်တော်တို့ project တွေ ရှိနေတဲ့ folder တိုင်းမှာ အဲဒီ glut32.dll file လေးကို copy ကူးထားဖို့ လိုပါတယ်။ အဲဒီ ဒုက္ခက ကင်းချင်ရင် လွယ်ပါတယ်။ Glut32.dll ဆိုတဲ့ file လေးကို c:\windows အောက်ထဲပဲ ဖြစ်ဖြစ်၊ c:\windows\system32 အောက်ထဲကိုပဲ ဖြစ်ဖြစ် copy ကူးထားလိုက်ပေါ့။ ဒါဆို ကျွန်တော်တို့ရဲ့ project တွေကို run ကြည့်တဲ့အခါ DLL မတွေ့တဲ့ error မပြတော့ဘူးပေါ့။ ဒါပေမယ့် တစ်ခု သတိထားရမှာက ကျွန်တော်တို့ရဲ့ GLUT program လေးကို တစ်ခြား စက်မှာ run ဖို့ ကြိုးစားမယ် ဆိုရင်တော့ အဲဒီ glut32.dll file လေးကို Exe file ရှိတဲ့ folder ထဲကို copy ကူးယူသွားဖို့ လိုပါတယ်။ အဲဒါ အရေးကြီးပါတယ်။

GLUT ကို download လုပ်ပြီးလို့ စက်ထဲကို folder တစ်ခုအနေနဲ့ သိမ်းပြီးပြီ ဆိုရင် ကျွန်တော်တို့ Visual C++ ကနေ လှမ်းချိတ်သုံးလို့ ရပါပြီ။ ဘယ်လို လုပ်ရမယ်ဆိုတာ အောက်မှာ ဆက်ရေးပြထားပါတယ်။ ပထမဆုံး Visual C++ 2005 ကို ဖွင့်လိုက်ပါ။ အခုကျွန်တော် လုပ်ပြထားတာက Visual Studio 2005 Professional Edition ထဲက Visual C++ 2005 နဲ့ လုပ်ပြထားပါတယ်။
Visual Studio Window ပွင့်လာပြီ ဆိုရင် Tools menu ထဲက Options ကို ရွေးလိုက်ပါ။ ဒါဆို Options ဆိုတဲ့ dialog box တစ်ခု ကျလာပါမယ်။ ဘယ်ဘက် list ထဲက main title တွေထဲမှာ Projects and Solutions ကို ရွေးလိုက်ပါ။ အဲဒီ ခေါင်းစဉ်အောက်ကမှ VC++ directories ဆိုတာလေးကို select လုပ်လိုက်ပါ။ တစ်ဘက်က ပုံလေးကို ကြည့်ကြည့်ပါ။
ညာဘက်က platform ဆိုတဲ့ နေရာမှာ Win32 ကို ရွေးထားပါ။ Shows directories for ဆိုတဲ့ list ထဲမှာ Include files ကို ရွေးထားလိုက်ပါ။ ပြီးရင် ညာဘက်အောက်က list ထဲမှာ စောစောက ကျွန်တော်တို့ download လုပ်ပြီး သိမ်းထားတဲ့ GLUT folder လေးကို ရှာပြီး add လုပ်ပေးလိုက်ပါ။ Add လုပ်တာကတော့ လွယ်ပါတယ်။ လွတ်တဲ့ အောက်ဆုံးနေရာမှာ click တစ်ချက် နှိပ်ပြီး browse button လေးကို သုံးပြီး ကျွန်တော်တို့ရဲ့ GLUT folder လေးကို ညွှန်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ အဲဒီလိုပဲ Shows directories for ဆိုတဲ့ list ထဲကနေ Libraries Files ဆိုတာကို ပြန်ရွေးပြီး တော့ စောစောကလိုပဲ GLUT ကို download ဆွဲချထားတဲ့ folder လေးကိုပဲ ထပ်ပြီး add လုပ်ပေး လိုက်ပါ။ ပြီးရင် OK နှိပ်ပြီး Options dialog box ကို ပိတ်လို့ ရပါပြီ။
အခု အပေါ်မှာ ကျွန်တော် ပြောခဲ့တဲ့ အဆင့်တွေက Visual Studio မှာ တစ်ခါထဲ လုပ်ရမှာပါ။ အမြဲ ခဏခဏပြန်လုပ်ပေးနေစရာ မလိုပါဘူး။ တစ်ခါလုပ်ထားပြီးရင် ရပါပြီ…။
ဒါဆို ကျွန်တော်တို့ GLUT ကိုသုံးပြီး OpenGL program စရေးလို့ ရပါပြီ။ ကျွန်တော် ပြောတဲ့ အတိုင်း လိုက်လုပ်ကြည့်ပါ။ လွယ်ပါတယ်။ File menu က New -> Project ကို ရွေးပြီး New Project window ကို ဖွင့်ပါ။ ဘယ်ဘက်က Project Type မှာ Win32 ကို ရွေးလိုက်ပါ။ ပြီးရင် ညာဘက်က list ထဲမှာ Win32 Console Application ဆိုတာကို ရွေးလိုက်ပါ။ သိထားဖို့က GLUT application တွေဟာ Windows system independent ဖြစ်တဲ့အတွက် console ပုံစံ နဲ့ပဲ ရေးပါတယ်။ ကိုယ်နှစ်သက်ရာ Project name နဲ့ သိမ်းမယ့် နေရာကို ရွေးပြီး ထည့်ပြီးရင် OK ကိုနှိပ်လိုက်ပါ။ ဒါဆို Win32 Application Wizard ဆိုတဲ့ window လေး ပေါ်လာပါလိမ့် ဦးမယ်။ ဘယ်ဘက်က application setting ကို ရွေးလိုက်ပြီးရင် ညာဘက်က Application type မှာ console application ဆိုတာ သေချာအောင် လုပ်ထားပါ။ ပြီးရင်တော့ Finish ကို နှိပ်ပါ။ ဒါဆို ကျွန်တော်တို့ coding စရေးလို့ ရတဲ့ နေရာကို ရောက်သွားပါပြီ။
အဲ… ကိုယ့် program ကို စမရေးခင်မှာ ကျွန်တော်တို့ ရဲ့ project ထဲကို GLUT32.Lib ဆိုတဲ့ library file ကို manually ပေါင်းထည့် ပေးဖို့ လိုပါတယ်။ မဟုတ်ရင် compile time မှာ ပြဿနာ တက်နိုင်ပါတယ်။ဘယ်ဘက် list ထဲက ကိုယ့် project title မှာ right click လုပ်ပြီး Add -> Existing item ကို ရွေးလိုက်ပါ။ Add Existing item ဆိုတဲ့ dialog box တစ်ခု ကျလာရင် ကျွန်တော်တို့ရဲ့ GLUT ကို download လုပ်ထားတဲ့ folder ကို သွားလိုက်ပါ။ ပြီးရင် glut32.lib ဆိုတဲ့ file လေးကို တွေ့အောင်ရှာပါ။ မတွေ့ရင် File name နေရာမှာ တိုက်ရိုက် ရိုက်ထည့်ပြီး ရှာလို့လည်းရပါတယ်။ ဒါဆို အားလုံး ပြီးသွားရင် တစ်ဖက်မှာ ပြထားသလိုမျိုး ပေါ်နေရပါမယ်။
Glut32.lib file လေးက GLUT ကို သုံးပြီး OpenGL program ရေးတိုင်း project ထဲမှာ ပေါင်းထည့်ပေးဖို့ လိုပါတယ်။ ဒါမှသာ compile လုပ်ရင် ပြဿနာမတက်မှာပါ။ အခု အဆင့်တွေ အားလုံးပြီးသွားရင်တော့ OpenGL application တွေကို စရေးလို့ ရပါပြီ။
တစ်ကယ်လို့ Visual C++ 2005 Professional Edition မရှိဘူး၊ Installer လည်းရှာရ ခက်နေရင်လည်း ကိစ္စ မရှိ ပါဘူး။ Internet ကနေ Visual C++ 2005 Express Edition ကို အခမဲ့ download လုပ်ယူလို့ ရပါတယ်။ ဒါပေမယ့် Visual C++ အပြင် Microsoft Platform SDK ကိုလည်း download လုပ်ယူပြီး install လုပ်ဖို့ လိုပါတယ်။ Visual C++ 2005 နဲ့ Platform SDK ကို ဘယ်လိုချိတ်မလည်း ဆိုတာကို Creating Win32 application with Visual C++ 2005 Express Edition ဆိုတဲ့ ခေါင်းစဉ်နဲ့ article တစ်ခု တင်ထားပါတယ်။ ဒီ Blog ထဲမှာပဲ ရှာကြည့်လိုက်ပါ။

0 comments:

Post a Comment