Thursday, June 5, 2008

GLUT (OpenGL Utility Toolkit)

OpenGL ကို သုံးပြီးတော့ graphic rendering program တွေကို ဖန်တီး မယ်ဆိုရင် OpenGL အကြောင်းကို သိထားဖို့ လိုပါတယ်။ OpenGL ဆိုတာ Windows လိုမျိုး operating system တွေရဲ့ လုပ်ဆောင် ချက်တွေနဲ့ OpenGL ကိုယ်တိုင်ရဲ့ graphic rendering လုပ် ဆောင်ချက်တွေကို လုံးဝ သီးခြားစီ ခွဲထုတ်ထားပါတယ်။ ဆိုလိုတာက OpenGL ဟာ ဘယ် operating system နဲ့ မဆို အလုပ်လုပ်နိုင်ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် Windows, Linux လိုမျိုး OS တွေရဲ့ အခြေခံ system လုပ်ဆောင် ချက်တွေနဲ့ OpenGL ရဲ့ graphic rendering လုပ်ဆောင်ချက်တွေနဲ့ graphic controlling ပိုင်းတွေကို လုံးဝ ခွဲခြားထားပါတယ်။
တစ်ကယ်တမ်း ကျွန်တော်တို့က OpenGL နဲ့ graphic rendering program တွေကို ဖန်တီးမယ်ဆိုရင် OpenGL ကိုသုံးပြီး graphic rendering လုပ်ဆောင်ချက်တွေကို မစခင်မှာ ကျွန်တော်တို့က operating system ရဲ့ နောက်ကွယ်ကနေ အခြေခံ ထိန်းချုပ်လုပ်ဆောင် ချက်တွေကို အရင်ဖန်တီးပေးရပါမယ်။ အဲဒီ လုပ်ဆောင်ချက် တွေဟာ ကျွန်တော်တို့ လောလောဆယ် သုံးနေတဲ့ operating system နဲ့ပဲ ဆိုင်ပါတယ်။ OpenGL နဲ့ ဘာမှ မဆိုင်ပါဘူး။ အခြေခံ operating system ရဲ့ လုပ်ဆောင်ချက်တွေကို ရပြီဆိုတော့မှ အဲဒီ window နဲ့ OpenGL API ကို ကျွန်တော်တို့က ချိတ်ပြီး အလုပ်လုပ်ရပါတယ်။
ဒါကြောင့် programmer တွေ အနေနဲ့က OpenGL သက်သက်နဲ့ အလုပ်လုပ်မယ် ဆိုရင် အရင်ဆုံး ကိုယ်သုံးနေတဲ့ operating system အတွက် working window တစ်ခုကို တည်ဆောက်ရပါတယ်။ Working window တစ်ခုကို ရပြီဆိုတော့မှ OpenGL ရဲ့ လုပ်ဆောင်ချက် function တွေနဲ့ အဲဒီ Window ကို ချိတ်လိုက်ရပါတယ်။ OpenGL က graphic နဲ့ ပါတ်သက်တဲ့ ပုံဖေါ်မှု လုပ်ဆောင်ချက်တွေကို လုပ်ပါလိမ့်မယ်။ ကျန်တဲ့ အားလုံး သော resource တွေနဲ့ system ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေကို OS (window) က လုပ်ပါ လိမ့်မယ်။ ဒီနေရာမှာ ကျွန်တော် ပြောနေတဲ့ window ဆိုတာ Microsoft Windows OS တွေကို ပြောနေတာ မဟုတ်ဘူးဆိုတာ နားလည်စေချင်ပါတယ်။ ကျွန်တော် ပြောနေတဲ့ window တစ်ခုဆိုတာ ဘယ် OS မှာ မဆို ဖြစ်နိုင်ပါတယ်။ ဥပမာ- Microsoft Windows လည်း ဖြစ်နိုင်တယ်။ Linux, Unix ရဲ့ X-Windows တွေလည်း ဖြစ်နိုင်တာပဲလေ။
OpenGL မှာ အဲဒီလိုမျိုး graphic လုပ်ဆောင်မှု တွေနဲ့ system တည်ဆောက်မှုကို ခွဲခြား ထားတဲ့အတွက် programmer တွေက OpenGL ကို မသုံးနိုင်ခင်မှာ working window တစ်ခုကို အရင်ရအောင် ဆောက်ရပါတယ်။ ပြီးတော့ window နဲ့ OpenGL ကို တစ်ကယ် ချိတ်ဆက်ပြီ ဆိုပြန်တော့လည်း အရမ်း လက်ဝင်ပါတယ်။ System calls တွေကို သုံးသင့်ရင် သုံးရပါတယ်။ ဘာလို့လည်းဆိုတော့ OpenGL သတ်မှတ်ချက် ထဲမှာ window (system) ပိုင်း ဆိုင်ရာ လုပ်ဆောင်ချက်တွေ လုံးဝ မပါပါဘူး။ OpenGL ကို သုံးမယ့် Programmer တွေရဲ့ တာဝန်ပါ။

Operating system ရဲ့ working window တစ်ခုနဲ့ OpenGL libraries တွေကို လွယ်လွယ် ကူကူနဲ့ ချိတ်ဆက် အသုံးပြုဖို့အတွက် programmer တွေအတွက် အသင့် ရှိနေတဲ့ tool တစ်ခု ကတော့ GLUT API ပါ။ GLUT ဆိုတာ OpenGL Utility Toolkit ကို ခေါ်တာပါ။ သူ့ကို Internet ကနေ အခမဲ့ အလွယ်တကူ download လုပ်လို့ရပါတယ်။ GLUT ကို download လုပ်ပြီးပြီဆိုရင် programming language ကနေ သူ့ကို ခေါ်သုံးပြီး OpenGL application တွေကို လွယ်လွယ် ကူကူ ဖန်တီးလို့ ရပြီပေါ့။ ဒါကြောင့် OpenGL ကို သုံးမယ် ဆိုရင် GLUT ကို သုံးကို သုံးရမှာပါ။ မဟုတ်ရင် programmer တွေအတွက် OpenGL ကို သုံးရတာ အရမ်းခက်ခဲနေပါလိမ့်မယ်။
နောက်ဆုံးထွက် GLUT API ရဲ့ version က 3.7.x ရောက်နေပါပြီ။ OpenGL programming guide လိုမျိုး စာအုပ်တွေ ထဲမှာတောင်မှ GLUT ကို သုံးပြသွားတာ တွေ့နိုင်ပါတယ်။ GLUT က operating system independent ဖြစ်တဲ့အတွက် ဘယ် OS မှာ မဆို အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် GLUT ကို သုံးပြီး ဖန်တီးထားတဲ့ OpenGL application တွေဟာ ဘယ် OS မှာမဆို အလုပ်လုပ်ပါ လိ့မ်မယ်။ Platform independent ဖြစ်တာပေါ့။
GLUT libraries တွေကို Visual C++ programming language နဲ့ ချိတ်ပြီးပြီ ဆိုရင် OpenGL application ကို ဖန်တီးဖို့အတွက် GLUT API ရဲ့ function တွေကို လှမ်းခေါ်ပြီး သုံးနိုင်ပါတယ်။ သုံးရတာ လွယ်ပါတယ်။ GLUT programmer’s manual လိုမျိုး guide တွေ ကလည်း အလွယ်တကူနဲ့ အခမဲ့ download လုပ်ယူလို့ ရနိုင်ပါတယ်။ GLUT API ထဲမှာ programmer တွေအတွက် OpenGL program တွေ ဖန်တီးဖို့အတွက် လွယ်ကူအောင် လုပ်ပေးထားတဲ့ တစ်ခြား function တွေလည်း အများကြီး ပါပါတယ်။
OpenGL ကိုယ်တိုင်က graphic လုပ်ဆောင်ချက် သက်သက်အတွက်ပဲ ဖြစ်ပါတယ်။ GLUT ထဲမှာက OpenGL ကိုသုံးပြီး graphic လုပ်ဆောင်ချက်တွေ အပြင် တစ်ခြား input/output လုပ်ဆောင်ချက်တွေ၊ working window တစ်ခုကို အလွယ် တကူ ဖန်တီးဖို့ လုပ်ဆောင်ချက်တွေ အများကြီး ပါပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် OpenGL ကိုသုံးပြီး graphic rendering တွေကို ဖန်တီးတော့ မယ်ဆိုရင် ကျွန်တော်တို့ GLUT ကို ပစ်ထားလို့ မရပါဘူး။ GLUT နဲ့ C++ programming language ကို ဘယ်လို ချိတ်မယ်ဆိုတာ ကျွန်တော် နောက်ထပ် article တစ်ခု ရေးပါဦးမယ်။
GLUT ကို download လုပ်ချင်တယ် ဆိုရင် အောက်မှာ link ကို ပေးထားပါတယ်....

0 comments:

Post a Comment