OpenGL graphic application တစ်ခုကို ဖန်တီးတော့မယ် ဆိုရင် အကောင်းဆုံးက C/C++ programming language က လို့ ကျွန်တော်တော့ မြင်ပါတယ်။ OpenGL က Java နဲ့လည်း ချိတ်သုံးလို့ ရပါတယ်။ OpenGL development အတွက် သုံးလို့ရမယ့် C/C++ compiler တွေက အများကြီး ရှိတာကို တွေ့နိုင်ပါတယ်။
Microsoft Visual Studio Professional လိုမျိုး IDE တွေက ကောင်းပေမယ့် Free မရပါဘူး။ တစ်ကယ်တမ်း ပိုက်ဆံပေး ၀ယ်ရတာဆိုတော့ ကျောင်းသား တွေအတွက် မလွယ်ဘူးပေါ့။ Free download လုပ်ယူလို့ ရတဲ့ OpenGL အတွက် အလွယ်ဆုံး သုံးလို့ ရမယ့် C/C++ compiler က DEV C++ ပါ။ ဒီနေရာကနေ လွယ်လွယ်လေး download လုပ်ယူလို့ ရပါတယ်။

http://www.toggle.com/lv/software/download/kl7863.htm
Dev C++ မှာ ကောင်းတာတစ်ခုက OpenGL project အတွက် ready made template ပါပြီး သားပါ။ New project မှာ OpenGL application လို့ ရွေးပေးလိုက် တာနဲ့ OpenGL စရေးလို့ ရမယ့် project တစ်ခု ရလာမှာပါ။ ကိုယ်က ဘာမှ ထွေထွေထူးထူး setup လုပ်ပေး နေစရာ မလိုပါဘူး။ သုံးရတာလည်း လွယ်ပါတယ်။ DevC++ က platform independent ဖြစ်တဲ့ အတွက် သူနဲ့ ရေးထားတဲ့ application ကို ဘယ် OS မှာမဆို run လို့ ရနိုင်ပါတယ်။ Dev C++ အတွက် တစ်ခြား plug-in tools တွေလည်း အများကြီးပါ။ ဥပမာ- Dev C++ နဲ့ DirectX application တစ်ခုကို ဖန်တီးမယ် ဆိုရင် သူ့အတွက် DirectX plug-in tool တွေကို Internet ကနေ download လုပ်ယူလို့ ရပါတယ်။ ကျွန်တော့ရဲ့ ပထမဆုံး CG assignment ကို Dev C++ နဲ့ လုပ်ယူခဲ့ပါတယ်။

Microsoft ရဲ့ နာမည်ကြီး Visual C++ ကို ပဲ သုံးချင်တယ် ဆိုရင်တော့ အလကားရတဲ့ Visual C++ Express Edition ကို download လုပ်ပြီး သုံးလို့ ရပါတယ်။ Visual C++ 2008 Express Edition မှ မဟုတ်ပါဘူး။ Visual C++2005 Express Edition ဆိုရင် OpenGL development အတွက် ကောင်းကောင်း လုံလောက်ပါတယ်။ OpenGL program ကို ဖန်တီးဖို့ အတွက် Visual C++ နဲ့ GLUT ကို ချိတ်ပေးဖို့တော့ လိုပါတယ်။
နောက်ပြီး သတိထားရမှာက Visual C++ Express Edition က သာမာန် Win32 application တွေကို pure Win32 ပုံစံ ရေးဖို့ အတွက် လိုအပ်တဲ့ library တွေ အကုန် မပါလာပါဘူး။ ဒါကြောင့် သူ့ကို သုံးပြီး OpenGL ရေးမယ် ဆိုရင် ပြဿနာ တက်နိုင်ပါတယ်။ ဒီအတွက် Microsoft Platform SDK (Software Development Kit) ကို download ဆွဲပြီး ကိုယ့်ကွန်ပျူတာထဲကို install လုပ်ထားဖို့ လိုပါတယ်။ Platform SDK က download ဆွဲမယ် ဆိုရင် Windows OS က genuine ဖြစ် မဖြစ် စစ်ပါတယ်။ အဲဒါကလည်း ကျွန်တော်တို့ အတွက်တော့ ပြဿနာ တစ်ခုပါ။ အခု အောက်က ပေးထားတဲ့ link မှာ Platform SDK ကို အစစ်အဆေးမရှိ download ဆွဲလို့ ရပါတယ်။ ဒါပေမယ့် သူက CD image (.img) format နဲ့ ရပါလိမ့်မယ်။ ဆိုလိုတာက installer ကို CD ကို image လုပ်ထားတဲ့ ပုံစံနဲ့ ၇ပါလိမ့်မယ်။
http://www.microsoft.com/downloads/thankyou.aspx?familyId=d8eecd75-1fc4-49e5-bc66-9da2b03d9b92&displayLang=en
အဲဒီ CD image file ကို ဖွင့်ဖို့ အတွက် CD Image ဖတ်တဲ့ program လိုပါလိမ့်မယ်။
အဲဒီအတွက်လည်း မပူပါနဲ့။ Power ISO ဆိုတဲ့ program သေးသေး လေးကို အခမဲ့ free download လုပ်လို့ ရပါတယ်။ Google နဲ့ အလွယ်တကူ ရှာလို့ ရပါတယ်။ အဲဒီ Power ISO program လေးကို install လုပ်ပါ။ ပြီးရင် ခုနက download လုပ်ထားတဲ့ Platform SDK CD image file ကို Power ISO သုံးပြီး ဖွင့်ပေါ့။ ပြီးရင် install လုပ်ပါ။ Typical install ကိုပဲ သုံးလို့ ရပါတယ်။
နောက်ဆုံး လုပ်ဖို့ တစ်ခု ကျန်တာက Platform SDK ကို install လုပ်ပြီးပြီ ဆိုရင် Visual C++ Express Edition ရဲ့ file လေးတစ်ခုကို နဲနဲလေး ပြင်ပေးရပါမယ်။
Visual C++ Express Edition ကို install လုပ်ထားတဲ့ folder ထဲမှာ corewin_express.vsprops ဆိုတဲ့ file လေးကို ရှာလိုက်ပါ။ Search နဲ့ ရှာလို့ ရပါတယ်။ ပြီးရင် AdditionalDependencies="kernel32.lib" ဆိုတဲ့ စာကြောင်းလေးကို အဲဒီ file လေးထဲမှာ တွေ့အောင် ရှာပါ။ သူ့ကို အောက်မှာ ပြထားသလို ပြောင်းလိုက်ပါ။

AdditionalDependencies="kernel32.lib user32.lib gdi32.lib winspool.lib comdlg32.lib advapi32.lib shell32.lib ole32.lib oleaut32.lib uuid.lib odbc32.lib odbccp32.lib"
ပြီးရင် အဲဒီ file လေးကို save လုပ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ Visual C++ Express Edition နဲ့ OpenGL application တွေကို ရေးလို့ ရပါပြီ။ လိုအပ်ရင် ကွန်ပျူတာကို restart လုပ်ပေးရမယ် ထင်ပါတယ်။
ဒါမှမဟုတ် ထူးထူးခြားခြား နာမည်ကြီး Borland C++ compiler ကို စမ်းကြည့် ချင်တယ်ဆိုရင်လည်း Borland C++ 5.5 IDE ကို အောက်မှာ ပေးထားတဲ့ link ကနေ Free Download လုပ်ယူလို့ ရပါတယ်။
http://www.codegear.com/downloads/free/cppbuilder
အပေါ်မှာ ပြောထားတဲ့ software တွေကို download လုပ်တဲ့ အခါ download speed ကို မြန်အောင် Orbit Downloader ကို သုံးသင့်ပါတယ်။ Orbit ကို Internet ကနေ free download လုပ်လို့ ရပါတယ်။ Google မှာ orbit လို့ ရိုက်ထည့်ပြီး ရှာလိုက်ရင်ကို ရပါတယ်။ Orbit downloader က ကျွန်တော့ အတွက်တော့ တော်တော် များများသော download ကိစ္စတွေကို အချိန် တစ်ဝက်လောက် သက်သာစေပါတယ်။
အခုလောလောဆယ် ကျွန်တော်ကတော့ OpenGL application တွေကို CodeWarrior development IDE ကို သုံးပြီး ဖန်တီးကြည့်ဖို့ လုပ်နေပါတယ်။ CodeWarrior IDE က beginner တွေအတွက် နဲနဲ ခက်နိုင်ပေမယ့် debugging လုပ်တဲ့နေရာမှာ powerful ဖြစ်တယ် လို့ ထင်ပါတယ်။ သုံးရတာလည်း ကောင်းပါတယ်။ CodeWarrior က free version တော့ မဟုတ်ပါဘူး။ ဒါပေမယ့် evaluation version ကို ရှာလို့ ရနိုင်ပါတယ်။
ကျွန်တော် အကြံပေးချင် တာကတော့ IDE တစ်ခုထဲကို ဖက်တွယ်ပြီး သုံးမနေပဲ Development IDE တွေရဲ့ သဘောတရား တွေကိုပဲ နားလည်အောင် လုပ်ပြီးတော့ ဘယ် IDE ၊ ဘယ် API နဲ့ မဆို မြန်မြန် ဆန်ဆန် migrate လုပ်ပြီး သုံးနိုင်မယ် ဆိုရင် ပိုကောင်း ပါတယ်။

0 comments:
Post a Comment