Sunday, August 17, 2008

Sample program for basic OpenGL transformations....

I have created and uploaded a file for "Simple OpenGL transformation using GLUT".

အဲဒီ Program file လေးထဲမှာ တတ်နိုင်သလောက် ရှင်းပြထားတဲ့ comment တွေ ထည့်ပေးထားပါတယ်။
အဲဒီ file လေးကို ဖွင့်ကြည့် ပြီးတော့ GLUT နဲ့ OpenGL ကို ဘယ်လို ရေးတယ် ဆိုတာ နားလည်နိုင်မယ် လို့ မျှော်လင့်ပါတယ်။ ကိုယ့်ရဲ့ စက်ထဲမှာ OpenGL project တစ်ခုကို ပုံမှန်အတိုင်း ဖန်တီးပြီးတော့ ကျွန်တော် ပေးထားတဲ့ CPP file ထဲက code တွေကို copy ကူးပြီး run ကြည့်ပါ။
ပထမ ကျွန်တော် ရှင်းပြထားတဲ့ file က Microsoft Word format နဲ့ ဆိုတော့ project ထဲကို ထည့်ရတာ အဆင် မပြေမှာ စိုးလို့ Plain Text (CPP) file လေးလည်း ပေးထားပါတယ်။ Project ထဲကို copy ကူးထည့် မယ်ဆိုရင် အဲဒီ plain text (CPP) file ထဲက code တွေကိုပဲ ကူးပေါ့။ Microsoft Word file ကတော့ ဖတ်ဖို့၊ လေ့လာဖို့ သက်သက်ပါ။ အောက်မှာ link တွေကို ပေးထားပါတယ်။
အဲဒီ CPP file လေးကို ကျွန်တော် Visual C++ 2005 နဲ့ စမ်းကြည့် ထားပြီးသားပါ။
တစ်ခု သတိထားရမှာက အဲဒီ program ကို run ရင် ကျွန်တော်က "knot.m" ဆိုတဲ့ model file လေးကို function ထဲကနေ လှမ်းဖွင့် ထားတဲ့အတွက် အဲဒီ file လေးကို project folder ထဲမှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် project ရှိနေတဲ့ folder ထဲက Debug ဆိုတဲ့ folder ထဲကိုပဲ ဖြစ်ဖြစ် ထည့်ပေးထားဖို့ လိုပါတယ်။
Knot.m မှ မဟုတ်ပါဘူး။ အဲဒီ program ထဲက OpenFile ဆိုတဲ့ function ထဲမှာ တစ်ခြား model file ကို ပြောင်းပြီး စမ်းကြည့်လို့ ရပါတယ်။ ဖြစ်နိုင်ရင် "cap.m" ကို ပြောင်းစမ်းကြည့် စေချင်ပါတယ်။
ဒါမှ မဟုတ် Model file တွေကို သပ်သပ် တစ်နေရာရာမှာ သိမ်းထားတယ် ဆိုရင် အဲဒီ OpenFile ဆိုတဲ့ function ထဲက file path မှာ စိတ်ကြိုက် ပြောင်းပေးလို့လည်း ရပါတယ်။
ဥပမာ- fp = fopen ( "c:\\models\\cap.m", "r" ); ဆိုတာ မျိုးပေါ့။

အောက်မှာ ပေးထားတဲ့ link မှာ ကျွန်တော့ program file ရဲ့ Microsoft word format ကို ယူလို့ရပါတယ်။
http://www.4shared.com/file/59347629/2d268381/Simple_OpenGL_Transformation.html

Program file ရဲ့ CPP format ကို ဒီမှာ ယူပါ....
http://www.4shared.com/file/59349679/b08e00f7/SimpleGLUT.html

0 comments:

Post a Comment