Sunday, August 17, 2008

Using GLUT with Dev C++ IDE....

တစ်ချို့ ကျောင်းသားတွေက Visual C++ ကို မသုံးပဲ Dev C++ Development Environment ကို သုံးပြီး GLUT (OpenGL) program တွေကို ရေးဖို့ စိတ်ပါကြပါတယ်။ ဒါကြောင့် ဒီ article လေးကို ရေးပေး ဖြစ်တာပါ။

Dev C++ ကို သုံးပြီးတော့ GLUT (OpenGL) project တွေကို ဖန်တီးတော့မယ် ဆိုရင် လုပ်ရမှာ လေးတွေ ရှိပါတယ်။ Dev C++ ကို install လုပ်ပြီးတာနဲ့ တစ်ခါထဲ GLUT ကို သုံးလို့ မရပါဘူး။ ဘာလို့လည်း ဆိုတော့ Dev C++ ထဲမှာ OpenGL ရိုးရိုး အတွက်ပဲ support ပါပြီး GLUT နဲ့ GLUI အတွက် support ကို တစ်ခါထဲ ထည့်မထားပါဘူး။
ဒါကြောင့် ကျွန်တော်တို့က GLUT အတွက် plug-in ကို ကိုယ့်ဘာသာ manual ထည့်ပေးရပါမယ်။ လွယ်ပါတယ်။ အောက်မှာ ကျွန်တော် ပြောထားသလို လုပ်ကြည့်ပါ။ ကျွန်တော် GLUI (GLUT User Interface) အတွက်ပါ တစ်ခါထဲ ထည့်ပေးလိုက်ပါတယ်။ GLUI က UI button တွေ ဖန်တီးတဲ့ နေရာမှာ သုံးနိုင်ပါတယ်။

ပထမဆုံး Dev C++ ကို install လုပ်လိုက်ပါ။ ပြီးရင် Dev C++ ကို run ပါ။ ပထမဆုံး အကြိမ် run မယ် ဆိုရင် environment variables တွေ check လုပ်တာ၊ code auto completion ကို setup လုပ်တာတွေကို Dev C++ က သူ့ဘာသာ လုပ်ပါလိမ့်မယ်။ ခဏ စောင့်ပေး လိုက်ပေါ့။

Dev C++ ကို ဖွင့်ထားပြီးရင် Tools menu ကနေ Check for Updates/Packages… ဆိုတာကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် Web Update ဆိုတဲ့ Window တစ်ခု ပေါ်လာပါမယ်။ အောက်မှာ ပြထားတဲ့ ပုံလေးကို ကြည့်ပါ။

Select devpack server ဆိုတဲ့ နေရာမှာ devpack.org Community Devpacks ဆိုတာကို ရွေးထားလိုက်ပါ။ ပြီးရင် အောက်နားလေးက Check for updates ဆိုတဲ့ button လေးကို နှိပ် လိုက်ပါ။ ခဏစောင့်လိုက်ရင် Dev C++ မှာ ထပ်ပေါင်း ထည့်လို့ ရမယ့် Plug-in တွေရဲ့ list ပေါ်လာ ပါလိမ့်မယ်။ အောက်မှာ မြင်ရမယ့် ပုံစံလေးကို ပြထားပါတယ်။
အလယ်နားက Available updates list ဆိုတဲ့ list ထဲမှာ glui နဲ့ glut ကို တွေ့အောင် ရှာပါ။ သူတို့ နှစ်ခုကို select လုပ်ပေး လိုက်ပြီး အောက်နားလေးက Download selected ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် Dev C++ အတွက် glui နဲ့ glut ကို download လုပ်ပါ လိမ့်မယ်။ Download ပြီးသွားရင် install လုပ်ဖို့ မေးပါလိမ့်မယ်။ Install လုပ်ဖို့ လက်ခံပေးလိုက်ပါ။ ဒါဆိုရင် glui နဲ့ glut ကို အလိုလို install လုပ်သွားပါလိမ့်မယ်။ လွယ်ပါတယ်။ စမ်းကြည့်ပါ။

ဒါဆိုရင် ကျွန်တော်တို့ အခု GLUT program စရေးလို့ ရပါပြီ။ New Project ထဲက Multimedia ကို သွားပြီး GLUT ကို ရွေးလိုက်ပေါ့။ ကျွန်တော်တို့က ဘာမှ ထပ်ပြီး setup လုပ်ပေး နေစရာ မလိုပါဘူး။ Project Name မှာတော့ complete path ကို သေသေချာချာ ရိုက်ထည့်ပေးတာ ကောင်းပါတယ်။ လိုအပ်ရင် အပြင်ကနေ folder တွေကို သီးသန့် create လုပ်ထား ခဲ့ပေါ့။
ဒါဆိုရင် အသင့်ရေးထား ပြီးသား GLUT program လေး ပေါ်လာပါလိမ့်မယ်။ သူ့ထဲက ဟာတွေကို အကုန် ဖျက်ပစ်ပြီး ကျွန်တော် ပေးထားတဲ့ CPP file လေးထဲက code တွေကို copy ကူးထည့်လိုက်ပါ။ တစ်ခြား ဘာ library file မှ ထပ်ပေါင်း ထည့်ပေးစရာ မလိုပါဘူး။ Include နဲ့ Lib အတွက် path တွေကိုလည်း ပြောပေး စရာ မလိုပါဘူး။

သတိထားရမှာက Dev C++ ကို သုံးရင် Header file ကြေငြာတဲ့ နေရာမှာ GL/glut.h ကို သုံးဖို့ လိုပါတယ်။ Visual C++ နဲ့ အဲဒီ တစ်ချက် ကွာပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ “M” 3D model file တွေ ရှိတဲ့ နေရာကိုလည်း OpenFile ဆိုတဲ့ function ထဲမှာ သေသေချာချာ မှန်မှန်ကန်ကန် ပြောထားဖို့ လိုပါတယ်။ ပြီးရင်တော့ menu ကနေပဲ ဖြစ်ဖြစ်၊ Tools တွေထဲကနေပဲ ဖြစ်ဖြစ် compile လုပ်ကြည့်ပြီး run ကြည့်လို့ ရပါတယ်။

ကျွန်တော်ကတော့ ဖြစ်နိုင်ရင် Visual C++ IDE ကို ပဲ သုံးစေချင်ပါတယ်။ Visual C++ နဲ့ အလုပ်လုပ်လို့ ရပြီ ဆိုမှ တစ်ခြား IDE ကိုလည်း သိအောင် စမ်းချင်ရင်တော့ Dev C++ ကို လုပ်ကြည့်ပေါ့။

0 comments:

Post a Comment