အခု ကျွန်တော် OpenGL ကို စပြီး လေ့လာမယ့် ကျောင်းသားတွေ အတွက် အရမ်းကောင်းတယ်လို့ (ကျွန်တော် ထင်ထားတဲ့) စာအုပ် တစ်အုပ်ကို ညွန်ပြချင်ပါတယ်။ တစ်ကယ်လည်း OpenGL API နဲ့ အလုပ်လုပ်မယ့် သူတွေ ဖတ်ကြည့်သင့်တယ် လို့ ကျွန်တော်တော့ ထင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လည်း အခု ဖတ်နေပါတယ်။
စာအုပ်နာမည်က Beginning OpenGL Game Programming ပါ။ Game programming ဆိုလို့ လောလောဆယ် ကျောင်းကိစ္စပဲ လုပ်မှာ၊ game နဲ့ မဆိုင်သေးတော့ မဖတ်ချင်ဘုးလို့ မတွေးလိုက်ပါနဲ့။ အဲဒီ စာအုပ်က နာမည်ကိုက Beginning နဲ့ စတာဆိုတော့ တစ်ကယ်တမ်း game programming တွေကို ရှင်းပြ ထားတာ မဟုတ်ပါဘူး။ Game project တစ်ခုအတွက် လိုအပ်တဲ့ OpenGL API ရဲ့ သဘောတရား တွေကို ရှင်းပြထားတာပါ။ ရှင်းပြထားပုံ အရမ်းကောင်း ပါတယ်။ လက်တွေ့လည်း နဲနဲ ပိုဆန်တဲ့အတွက် OpenGL Programming Guide (Red Book) ထက်တောင် ဖတ်လို့၊ လေ့လာလို့ ကောင်းတယ်လို့ ထင်မိပါတယ်။
ပြီးတော့ ကျွန်တော် ပြောချင်တာက အဲဒီထဲမှာ ပြောသွားတဲ့ သဘောတရား၊ အကြောင်းအရာတွေက OpenGL API တစ်ခု ထဲအတွက်မှ မဟုတ်ပါဘူး။ တစ်ခြား ဘယ် API မှာ မဆို အသုံးဝင်တဲ့ သဘောတရား တွေလို့ မြင်မိပါတယ်။ Chapter တွေကို ခွဲသွား၊ ရှင်းပြသွားပုံကလည်း အရမ်းကို သဘောကျစရာ ကောင်းပါတယ်။ ကိုယ်တိုင် ဖတ်ကြည့်ရင် သိမှာပါ။
လောလောဆယ်မှာ အောက်မှာ ပေးထားတဲ့ web site ကနေ Free Download လုပ်ယူလို့ ရနိုင်ပါတယ်။ (နောက်ပိုင်း link ပျောက်သွားရင်တော့ မသိဘူးပေါ့နော်)
ပြီးတော့ Computer Graphic subject ရဲ့ ပထမပိုင်းက OpenGL basics, transformations တွေ၊ matrices တွေအကြောင်းနဲ့ ဒုတိယ ပိုင်းမှာ သင်မယ့် Lighting နဲ့ Texture mapping တွေ အကြောင်းကိုလည်း ဒီစာအုပ်ထဲမှာ သေသေချာချာ ရှင်းပြထားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် assignment တွေ အတွက်ပဲ ဖြစ်ဖြစ်၊ OpenGL နဲ့ dissertation လုပ်မယ့် သူတွေအတွက် အရမ်း အဆင်ပြေမှာပါ။
OpenGL API နဲ့ graphic application တွေ လုပ်မယ့် သူမှ မဟုတ်ပါဘူး။ 3D graphic rendering ကို လုပ်မယ့် ဘယ်သူမဆို ဒီစာအုပ်ကို ဖတ်ကြည့်သင့်တယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်။

1 comments:
hi ko Thiha Oo,
i can't download this form anymore. You can share this book to me if u hv soft copy :)
Post a Comment