ကွန်ပျူတာ ကို သုံးပြီး 2D animation ပဲ ဖြစ်ဖြစ် 3D animation ပဲဖြစ်ဖြစ် လုပ်တဲ့ ဆိုတာ frame တွေကို တစ်စက္ကန့်မှာ ဘယ်လောက် ရယ်လို့ သတ်မှတ်ပြီးတော့ screen ပေါ်ကို တင်ပေးတာ ဖြစ်ပါတယ်။ ရုပ်ရှင် film တွေ တစ်ကွက်ချင်းကို အမြန် ပုံဖေါ်သလိုပေါ့။ Game အတွက်ပဲ ဖြစ်ဖြစ်၊ တစ်ခြား movie တစ်ခု အတွက်ပဲ ဖြစ်ဖြစ် animation တစ်ခုကို လုပ်တော့မယ် ဆိုရင် နောက်ကွယ်က လုပ်သွားတဲ့ programmer တွေ သိထားသင့်တဲ့ အရာတွေ ရှိပါတယ်။
ပထမဆုံး အချက် ကျွန်တော်တို့ လုပ်နေတဲ့ animation frame တစ်ခု ချင်းအတွက် frame buffer လို့ ခေါ်တဲ့ graphic/video memory နေရာရှိပါတယ်။ ကျွန်တော်တို့က ဖန်တီးထားတဲ့ frame တစ်ခုစာ graphic တွေကို monitor screen ပေါ်ကို
တိုက်ရိုက် ပို့ခွင့် မရှိပါဘူး။ ကျွန်တော်တို့ လုပ်လို့ရတာက programmer တစ်ယောက် အနေနဲ့ အဲဒီ monitor screen ကို တိုက်ရိုက် ကိုယ်စားပြုထားတဲ့ memory area တွေကို ပဲ ထိန်းချုပ်လို့ ရပါတယ်။ အဲဒီိလို screen ကို တိုက်ရိုက် ကိုယ်စားပြုထားတဲ့ memory တွေကို frame buffer ဒါမှဟုတ် graphic memory တွေလို့ ခေါ်ပါတယ်။ အောက်က ပုံလေးမှာ ကြည့်ကြည့်ပါ။
Programmer တွေ အနေနဲ့က render (ပုံဖေါ်) ချင်တဲ့ 2D/3D ပုံတွေကို အဲဒီ frame buffer memory တွေ ပေါ်မှာပဲ programming codes တွေသုံးပြီး ဖန်တီးရပါတယ်။ အဲဒီ frame buffer (graphic memory) တွေ ပေါ်မှာ ဖန်တီးထားတဲ့ ပုံရိပ်တွေကို graphic hardware (GPU) တွေက ရယူပြီး screen တွေပေါ်ကို ပို့ပေး တာ ဖြစ်ပါတယ်။ ဒါက အရိုးရှင်းဆုံး process ပုံစံပါ။
ပုံမှန်အတိုင်း ဆိုရင် screen ပေါ်မှာ ပုံဖေါ်မယ့် ပုံရိပ်တစ်ခု အတွက် အဲဒီ screen ကို ကိုယ်စားပြု ထားတဲ့ frame buffer တစ်ခု ရှိရင် လုံလောက်ပါတယ်။ Programmer တွေက အဲဒီ frame buffer ကို ထိန်းချုပ်ပြီး graphic data တွေ ထည့်လိုက်တာနဲ့ graphic hardware တွေက သူ့ဘာသာ ရယူပြီး screen ပေါ်ကို ပို့ပေး ပါလိမ့်မယ်။ (Frame buffer တွေကို ဘယ်လို ထိန်းချုပ်တယ် ဆိုတာ နောက်မှ သီးသန့် ရေးပါဦးမယ်)
ဒါပေမယ့် တစ်ကယ်တမ်း animation တစ်ခုကို ဖန်တီးတော့မယ် ဆိုရင် screen တစ်ခု အတွက် frame buffer တစ်ခု ထဲရှိတာ မလုံလောက်ပါဘူး။ ဘာလို့လည်း ဆိုတော့ animation တစ်ခု ကို ဖန်တီးတယ် ဆိုရင် ဆက်တိုက် ပြောင်းလဲနေတဲ့ frame တွေကို screen ပေါ်ကို တစ်စက္ကန့်ကို ဘယ်လောက် နှုန်းဆိုပြီး ပို့ပေးရမှာပါ။ ဥပမာ- အနေနဲ့ အောက်မှာ ပြထားတဲ့ ကိစ္စလေးကို စဉ်းစားကြည့်ပါ..။
လူတစ်ယောက် ပြေးနေတဲ့ animation တစ်ခုကို ဖန်တီးမယ် ဆိုပါတော့။ အဲဒီ animation မှာ Frame ပေါင်း အများကြီးပါတယ် ဆိုပါတော့။ ဒါဆိုရင် ပထမဆုံး frame ကို render လုပ်ဖို့အတွက် ကျွန်တော်တို့က အရင် ဆုံး processing တွေလုပ်ရတယ်၊ တွက်ချက်မှုတွေ လုပ်ရတယ်လေ။ အဲဒီအတွက် အချိန်ပေးရပါတယ်။ ပြီးရင် Frame 1 ကို buffer ပေါ်ကို ပို့ပေးလိုက်တယ်။ ဒါဆို screen ပေါ်မှာ ပေါ်လာပြီပေါ့။ ပြီးရင် ဒုတိယ frame 2 အတွက် processing တွေလုပ်မယ်။ ပြီးရင် frame buffer ပေါ်က ပထမ frame 1 ကို ဖျက်ရမယ်။ ပြီးရင် frame 2 အတွက် data တွေကို frame buffer ပေါ်ကို တင်ရပါမယ်။ ဒါမှ frame 2 က screen ပေါ်မှာ ပေါ်လာမှာပါ။ ဒါပေမယ့် အပေါ်မှာ ကျွန်တော် ပြောတဲ့ process တွေကို စဉ်းစားကြည့်ပါ။ အချိန် အများကြီး ယူပါတယ်။ ပြီးတော့ အဲဒီလို frame တွေ အများကြီး ပါတဲ့ animation လုပ်ဖို့ အတွက် frame buffer တစ်ခုထဲကိုပဲ သုံးမယ် ဆိုရင် ဖျက်လိုက်၊ ရေးလိုက်၊ တင်လိုက် နဲ့ လုပ်နေတဲ့ အချိန်မှာ screen မှာ ပေါ်နေတဲ့ ပုံရိပ်ဟာ flick ဖြစ်တာကို မြင်နေရပါလိမ့်မယ်။ ဒါမှမဟုတ် ဖျက်လိုက်၊ ရေးလိုက်၊ data တွေ တင်လိုက် လုပ်နေတဲ့ အချိန်မှာ ကြည့်ရတာ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဒါကို နားလည်မယ် ထင်ပါတယ်။ ကြားထဲမှာ process လုပ်နေတဲ့ အချိန်မှာ blank ဖြစ်နေနိုင်ပါတယ်။ ဒါကို screen flick ဖြစ်တယ်လို့ ပြောနိုင် ပါတယ်။
အဲဒါကို ဖြေရှင်းဖို့အတွက် နောက်ပိုင်း animation တွေမှာ Double Buffering ဆ
ိုတဲ့ နည်းပညာကို အသုံးပြု ကြပါတယ်။ Double buffering ဆိုတာ screen ကို ကိုယ်စားပြုမယ့် frame buffer တွေကို တစ်ခုထက် ပိုပြီး နှစ်ခု အသုံးပြုတာကို ခေါ်တာပါ။ အောက်က ပုံမှာ ကြည့်ပါ။ Screen ကို တိုက်ရိုက် ဆက်သွယ်ထားတဲ့ frame buffer ကို primary buffer/primary surface လို့ ခေါ်ပါတယ်။ သူ့အပေါ်မှာ ရှိနေတဲ့ graphic data တွေက screen ပေါ်မှာ တိုက်ရိုက် ပေါ်မယ့် graphic တွေပေါ့။ နောက်တစ်ခုက back buffer/back buffer surface လို့ ခေါ်ပါတယ်။ Back buffer ပေါ်မှာ ရှိနေတဲ့ graphic data တွေက screen ပေါ်မှာ မြင်ရမှာ မဟုတ်ပါဘူး။ သူက screen ပေါ်ကို မပို့ခင် ကြိုပြီး ဆွဲထားတဲ့ သဘောပါ။
ပထမဆုံး အချက် ကျွန်တော်တို့ လုပ်နေတဲ့ animation frame တစ်ခု ချင်းအတွက် frame buffer လို့ ခေါ်တဲ့ graphic/video memory နေရာရှိပါတယ်။ ကျွန်တော်တို့က ဖန်တီးထားတဲ့ frame တစ်ခုစာ graphic တွေကို monitor screen ပေါ်ကို
Programmer တွေ အနေနဲ့က render (ပုံဖေါ်) ချင်တဲ့ 2D/3D ပုံတွေကို အဲဒီ frame buffer memory တွေ ပေါ်မှာပဲ programming codes တွေသုံးပြီး ဖန်တီးရပါတယ်။ အဲဒီ frame buffer (graphic memory) တွေ ပေါ်မှာ ဖန်တီးထားတဲ့ ပုံရိပ်တွေကို graphic hardware (GPU) တွေက ရယူပြီး screen တွေပေါ်ကို ပို့ပေး တာ ဖြစ်ပါတယ်။ ဒါက အရိုးရှင်းဆုံး process ပုံစံပါ။
ပုံမှန်အတိုင်း ဆိုရင် screen ပေါ်မှာ ပုံဖေါ်မယ့် ပုံရိပ်တစ်ခု အတွက် အဲဒီ screen ကို ကိုယ်စားပြု ထားတဲ့ frame buffer တစ်ခု ရှိရင် လုံလောက်ပါတယ်။ Programmer တွေက အဲဒီ frame buffer ကို ထိန်းချုပ်ပြီး graphic data တွေ ထည့်လိုက်တာနဲ့ graphic hardware တွေက သူ့ဘာသာ ရယူပြီး screen ပေါ်ကို ပို့ပေး ပါလိမ့်မယ်။ (Frame buffer တွေကို ဘယ်လို ထိန်းချုပ်တယ် ဆိုတာ နောက်မှ သီးသန့် ရေးပါဦးမယ်)
ဒါပေမယ့် တစ်ကယ်တမ်း animation တစ်ခုကို ဖန်တီးတော့မယ် ဆိုရင် screen တစ်ခု အတွက် frame buffer တစ်ခု ထဲရှိတာ မလုံလောက်ပါဘူး။ ဘာလို့လည်း ဆိုတော့ animation တစ်ခု ကို ဖန်တီးတယ် ဆိုရင် ဆက်တိုက် ပြောင်းလဲနေတဲ့ frame တွေကို screen ပေါ်ကို တစ်စက္ကန့်ကို ဘယ်လောက် နှုန်းဆိုပြီး ပို့ပေးရမှာပါ။ ဥပမာ- အနေနဲ့ အောက်မှာ ပြထားတဲ့ ကိစ္စလေးကို စဉ်းစားကြည့်ပါ..။
လူတစ်ယောက် ပြေးနေတဲ့ animation တစ်ခုကို ဖန်တီးမယ် ဆိုပါတော့။ အဲဒီ animation မှာ Frame ပေါင်း အများကြီးပါတယ် ဆိုပါတော့။ ဒါဆိုရင် ပထမဆုံး frame ကို render လုပ်ဖို့အတွက် ကျွန်တော်တို့က အရင် ဆုံး processing တွေလုပ်ရတယ်၊ တွက်ချက်မှုတွေ လုပ်ရတယ်လေ။ အဲဒီအတွက် အချိန်ပေးရပါတယ်။ ပြီးရင် Frame 1 ကို buffer ပေါ်ကို ပို့ပေးလိုက်တယ်။ ဒါဆို screen ပေါ်မှာ ပေါ်လာပြီပေါ့။ ပြီးရင် ဒုတိယ frame 2 အတွက် processing တွေလုပ်မယ်။ ပြီးရင် frame buffer ပေါ်က ပထမ frame 1 ကို ဖျက်ရမယ်။ ပြီးရင် frame 2 အတွက် data တွေကို frame buffer ပေါ်ကို တင်ရပါမယ်။ ဒါမှ frame 2 က screen ပေါ်မှာ ပေါ်လာမှာပါ။ ဒါပေမယ့် အပေါ်မှာ ကျွန်တော် ပြောတဲ့ process တွေကို စဉ်းစားကြည့်ပါ။ အချိန် အများကြီး ယူပါတယ်။ ပြီးတော့ အဲဒီလို frame တွေ အများကြီး ပါတဲ့ animation လုပ်ဖို့ အတွက် frame buffer တစ်ခုထဲကိုပဲ သုံးမယ် ဆိုရင် ဖျက်လိုက်၊ ရေးလိုက်၊ တင်လိုက် နဲ့ လုပ်နေတဲ့ အချိန်မှာ screen မှာ ပေါ်နေတဲ့ ပုံရိပ်ဟာ flick ဖြစ်တာကို မြင်နေရပါလိမ့်မယ်။ ဒါမှမဟုတ် ဖျက်လိုက်၊ ရေးလိုက်၊ data တွေ တင်လိုက် လုပ်နေတဲ့ အချိန်မှာ ကြည့်ရတာ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဒါကို နားလည်မယ် ထင်ပါတယ်။ ကြားထဲမှာ process လုပ်နေတဲ့ အချိန်မှာ blank ဖြစ်နေနိုင်ပါတယ်။ ဒါကို screen flick ဖြစ်တယ်လို့ ပြောနိုင် ပါတယ်။
အဲဒါကို ဖြေရှင်းဖို့အတွက် နောက်ပိုင်း animation တွေမှာ Double Buffering ဆ
ဒီတော့ process က ဘယ်လို ဖြစ်သွားမလည်း။ Animation တစ်ခုကို ဖန်တီးတော့မယ် ဆိုရင် ပထမဆုံး frame 1 ကို အရင် ဖန်တီးမယ်၊ သူ့ကို primary buffer ပေါ်ကို တင်လိုက်မယ် ဆိုရင် screen မှာ ပေါ်လာမယ်။ Primary buffer ပေါ်က graphic data တွေကို graphic hardware က ယူပြီးတော့ screen ပေါ်ကို ပို့ပေးနေတဲ့ အချိန်မှာ programmer တွေက ဒုတိယ frame 2 ကို back buffer ပေါ်မှာ ကြိုဖန်တီး ထားလို့ရပါတယ်။ အဲဒီလို back buffer ပေါ်မှာ ဆွဲမယ့် graphics တွေအတွက် တွက်ချက်မှုတွေ လုပ်ရတာ ကြာကောင်း ကြာနိုင်တယ်လေ။ သတ်မှတ်ထားတဲ့ အချိန်ကို ရောက်လာရင် back buffer ပေါ်မှာ ဖန်တီး ထားတဲ့ data တွေကို primary surface ပေါ်ကို copy ကူးပေးလိုက်ရုံ ပဲပေါ့။ ဒါဆို process က အရမ်း မြန်လာမှာ သေချာပါတယ်။ အဲဒီ frame 2 ကို primary surface ပေါ်ကနေ ယူပြီး screen ကို ပို့နေတုန်း frame 3 ကို back buffer ပေါ်မှာ ကြိုဆွဲပါ့။ ဒီလိုနဲ့ အလုပ်လုပ်တာကို double buffering လို့ ခေါ်ပါတယ်။ Double buffering ကြောင့် animation frame တွေ ကြားမှာ အရမ်းကို smooth ဖြစ်တဲ့ animation ကို ရနိုင်ပါတယ်။ တစ်ချို့ ပိုကောင်းအောင် လုပ်ချင်ရင် Triple Buffering ဆိုပြီး frame buffer (၃) ခုတောင် သုံးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာက frame buffer များလာရင် graphic memory လိုအပ်ချက် များလာပါလိမ့်မယ်။ အထူးသဖြင့် resolution နဲ့ color depth အပေါ် အများကြီး မူတည်ပါတယ်။ (Resolution နဲ့ color depth အကြောင်းကို ကျွန်တော် ရေးပြီးသားပါ)
http://thiha-ucsm.blogspot.com/2008/03/resolutions-and-color-depths.html
အခု နောက်ဆုံး DirectX လို graphic API တွေမှာဆိုရင် double buffering ကို ပိုေ
အာင်းအောင် မွမ်းမံ ထားတဲ့ Page Flipping လို နည်းပညာကို အသုံးပြုပါတယ်။ Page Flipping က double buffering နဲ့ ပုံစံ တူပါတယ်။ ဒါပေမယ့်သူက ပိုကောင်းတာက back buffer မှာဆွဲထားတဲ့ ပုံတွေကို primary buffer ပေါ်ကို copy ကို ကူးမနေတော့ ပါဘူး။ Primary buffer နဲ့ back buffer ကို ပြောင်းယူလိုက်ရုံပါပဲ။ ရှုပ်သွားတယ် ဆိုရင် အောက်မှာ နဲနဲ ရှင်းပြ ထားပါတယ်။
ပထမ frame 1 ကို primary buffer မှာ ဆွဲမယ်။ ပြီးရင် screen ပေါ်ကို ပို့နေတုန်းမှာ back buffer ပေါ်မှာ frame 2 ကို ဆွဲမယ်။ ပြီးရင် frame 2 ကို screen ပေါ်ကို ပို့ဖို့ အတွက် back buffer ပေါ်ကနေ primary buffer ပေါ်ကို copy မကူးတော့ ပဲနဲ့ primary buffer ကို ညွှန်ထားတဲ့ pointer ကို back buffer ကို ပြောင်း လိုက်ပါတယ်။ ဒါဆို Back buffer က primary ဖြစ်သွားပြီး၊ Primary buffer က back buffer ဖြစ်သွားတာ ကို နားလည်မယ် ထင်ပါတယ်။ ပြီးရင် ဟိုဘက်က ပြောင်းသွားတဲ့ back buffer ပေါ်မှာ နောက်ပုံရိပ်ကို ဖန်တီးမယ်။ ပြီးရင် ခုနကလိုပဲ back buffer နဲ့ primary buffer ကြားမှာ switch လုပ်မယ်။ ဒါပဲပေါ့။ အဲဒီလို လုပ်တာကို Page Flipping လုပ်တယ်လို့ ခေါ်ပါတယ်။ Double buffering ထက် ပိုမြန်ပြီး ပိုကောင်းတဲ့ animation smoothness ကို ရနိုင်ပါတယ်။
ဒါက Page Flipping နဲ့ Double Buffering နဲ့ animation လုပ်တာကို ကျွန်တော် သိထားသလောက် ပြန်ပြီး ပြောပြတာပါ။ တစ်ကယ်တမ်း အတွင်းကျကျ animation နဲ့ graphic rendering ကို နားလည်ဖို့အတွက် အဲဒီလို နည်းစနစ်တွေကိုလည်း နားလည်ထားသင့်ပါတယ်။

0 comments:
Post a Comment