SDL (Simple DirectMedia Layer) ဆိုတာ multimedia application တွေကို ဖန်တီးဖို့ အတွက် သုံးလို့ ရတဲ့ third-party library တွေပါ။ SDL က DirectX နဲ့ ရော၊ OpenGL နဲ့ပါ အလုပ်လုပ် ပါတယ်။ SDL library ကြောင့် programmer တွေ အနေနဲ့ code တွေကို ရေးရတာ အများကြီး သက်သာ သွားစေပါတယ်။
SDL ကို Visual C++ ကနေ GLUT/GLUI တို့လိုပဲ ခေါ်သုံးလို့ ရပါတယ်။ လွယ်လွယ်လေးပါ။ သူ့ကို ကောင်းကောင်း သုံးနိုင်ဖို့ အတွက် သူ့ထဲမှာပါတဲ့ library function တွေကို သိဖို့၊ နားလည် ဖို့ပဲ လိုပါတယ်။ အဲဒီအတွက် FOCUS ON SDL ဆိုတဲ့ ebook ကို ရှာဖတ်ကြည့်ပါ။

(ကျွန်တော့ရဲ့ အလုပ် interview တုန်းက SDL ကို သိသလား၊ SDL က ဘာလည်း၊ ဘယ်မှာသုံးလည်း ဆိုတာ သိလား လို့ မေးခံရတယ်ဗျ)
ကျွန်တော့ရဲ့ assignment တစ်ခုကို SDL နဲ့ Visual C++ 2005 ကို သုံးပြီး ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် SDL ကို သုံးဖို့အတွက် Visual C++ 2005 ဆိုရင် Service Pack 1 ကို download လုပ်ပြီး install လုပ်ထားဖို့ လိုပါတယ်။ ကျွန်တော်က Visual C++ 2005 Express Edition ကို Microsoft Platform SDK နဲ့ တွဲသုံးခဲ့ပါတယ်။
SDL ကို ဘယ်လို သုံးမလည်း ဆိုတာ နမူနာ အနေနဲ့ simple SDL program လေးတစ်ခုကို ကျွန်တော် ပေးထားပါတယ်။ အောက်က link မှာ ယူပြီး စမ်းကြည့်ပါ။ 2D animation ကို programming သုံးပြီး လုပ်ချင်တဲ့ သူတွေအတွက် လေ့လာကြည့်လို့ ရမယ်လို့ မျှော်လင့် ပါတယ်။ ဒီ sample program လေးကို Visual C++ 2008 Express Edition နဲ့ Windows SDK ကို သုံးပြီး ဖန်တီးခဲ့၊ စမ်းကြည့်ခဲ့တာပါ။ Visual C++ 2008 ဆိုရင် service pack 1 တစ်ခါထဲ ပါပြီးသားမို့ install လုပ်ပေး နေစရာ မလိုပါဘူး။
GLUT နဲ့ GLUI တုန်းကလိုပဲ SDL ရဲ့ include နဲ့ library file path တွေကို VC++ ရဲ့ directory list ထဲမှာ ပြောထားရပါမယ်။ ပြီးတော့ lib file တွေကိုလည်း project ထဲကို manually ပေါင်းထည့် ပေးဖို့ လိုပါတယ်။ (GLUT နဲ့ အလုပ်လုပ်တဲ့ အတိုင်းပါပဲ)
Download link for sample SDL program
SDL library တွေရဲ့ include, lib နဲ့ DLL file တွေကို အောက်က link မှာ ကျွန်တော် တင်ပေး ထားပါတယ်။ SDL ကို Internet ကနေလည်း အခမဲ့ အလွယ်တကူ ရှာယူလို့ ရပါတယ်။ Runtime DLL file လေးကို Windows folder အောက်ထဲကို ကူးထည့် ထားဖို့တော့ မမေ့နဲ့နော်။ glut32.DLL လိုမျိုးပေါ့။
Download link for SDL libraries
Visual C++ ကို သုံးပြီး new project တစ်ခုကို ဖန်တီးပါ။ ဒီတစ်ခါ သတိထားရမှာက Win32 console ကို မသုံးပါနဲ့။ Win32 ရိုးရိုး project တစ်ခုကို ဖန်တီးပါ။ SDL က GLUT တုန်းကလို console mode မဟုတ်ပါဘူး။ Project Properties ထဲက Runtime library ဆိုတဲ့ နေရာမှာ Multithreaded DLL ကို ရွေးထားဖို့လည်း မမေ့ပါနဲ့။ (အောက်က article မှာ ကြည့်ကြည့်ပါ)
ပြီးတော့ ကျွန်တော့ရဲ့ sample program လေးထဲမှာ animation လုပ်ဖို့ အတွက် bitmap (BMP) ပုံလေးတွေကို သုံးထား တဲ့အတွက် သူတို့ကိုလည်း project folder ထဲကို copy ကူးထည့် ပေးထားဖို့ လိုပါတယ်။ မဟုတ်ရင် program က run လို့ ရမှာ မဟုတ်ပါဘူး။

Visual C++ 2005 ဆိုရင် service pack 1 ကို install လုပ်ပြီးရင် ဒီ sample program လေးကို run ကြည့်လို့ ရမယ်လို့ မျှော်လင့်ပါတယ်။

0 comments:
Post a Comment