Saturday, September 20, 2008

Using GLUI with Visual C++ 2005

Visual C++ 2005 (Visual Studio 2005) ကို သုံးပြီး GLUI application တွေကို ဖန်တီးမယ် ဆိုရင် ပြဿနာ တွေ တွေ့ရလေ့ ရှိပါတယ်။ GLUT မှာ ပြဿနာ မရှိပေမယ့် GLUI application တွေ ဖန်တီးမယ် ဆိုရင် linker error တွေ၊ library ကို ချိတ်ဆက်လို့ မရတဲ့ ပြဿနာတွေ တွေ့ရတတ်ပါတယ်။
အဓိကက program coding ကြောင့် မဟုတ်ပါဘူး။ Visual C++ 2005 IDE (Integrated Development Environment) နဲ့ GLUI library တွေကြားက ပြဿနာပါ။ Dev C++ က သူ့ကိုယ်ပိုင် GLUI library system နဲ့ လာတာဆိုတော့ ဒီပြဿနာ မရှိဘူးပေါ့။ ဒါပေမယ့် ဖြစ်နိုင်ရင် Visual C++ 2005 နဲ့ပဲ GLUI ကို ချိတ်ပြီး သုံးစေချင်ပါတယ်။ ဒါမှလည်း တစ်ခြား third-party libraries တွေနဲ့ အလုပ်လုပ် ရင်လည်း အဆင်ပြေမှာပါ။ GLUI အတွက် Visual C++ မှာ တွေ့ရမယ့် ပြဿနာလေးတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြလိုက်ပါတယ်။
ပထမဆုံး သိရမှာက GLUI library က Visual C++ 6/2003 နဲ့ပဲ အဆင်ပြေပြီးတော့ Visual C++ 2005 မှာ အရမ်း အဆင်မပြေပါဘူး။ သူက အရမ်း old ဖြစ်နေလို့ပါ။ ပြီးတော့ GLUI က Visual C++ 2005 က support မလုပ်တော့တဲ့ တစ်ချို့သော old default library တွေကို ချိတ်ဆက် သုံးတတ်တာကလည်း ပြဿနာ တစ်ခုပါပဲ။
Visual C++ 2005 နဲ့ ကိုက်ညီတဲ့ GLUI version အသစ်ကို support ပေးတဲ့ အနေနဲ့ ဖန်တီးပေးခဲ့ ကြပါတယ်။ GLUI32.2005.lib ဆိုတဲ့ file လေးကို အောက်က ကျွန်တော့ရဲ့ 4shere link ကနေ download ဆွဲလို့ ရပါတယ်။
သူ့ကို computer ထဲကို download လုပ်ပြီးရင် အရင်က ရှိခဲ့တဲ့ glui32.lib ဆိုတဲ့ file လေးကို ဖျက်ချင်ဖျက်၊ တစ်ခြား နာမည်ပြောင်းလိုက်ပါ။ ပြီးရင် သူ့ကို glui32.2005 ဆိုတဲ့ နာမည်ကနေ original ဖြစ်တဲ့ glui32.lib လို့ ပြောင်းပေးလိုက်ပါ။ ပြီးရင်တော့ ပုံမှန်တိုင်း glui program ထဲမှာ ခေါ်သုံးလို့ ရပါပြီ။
တစ်ကယ်လို့ file ကို ဖွင့်လို့ မရဘူး ဆိုတဲ့ error တက်နေတယ် ဆိုရင် Project Properties ကို ဖွင့်ပါ။ (Alt+F7) နှိပ်ပြီး ဖွင့်လို့ ရပါတယ်။ အဲဒီ Project Properties dialog box ထဲက Linker ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Input ကို ရွေးပါ။ ပြီးရင် Additional Dependencies ဆိုတဲ့ textbox ထဲမှာ ဘာမှမထားပဲ အလွတ်ထားလိုက်ပါ။ Glui32.lib, Glut32.lib နဲ့ (လိုအပ်ရင်) OpenGL32.lib ဆိုတဲ့ file လေးတွေကို ကိုယ့်ရဲ့ Project ထဲမှာ manual ပေါင်းထည့် ထားပေးလိုက်ပါ။ ပုံမှန်အတိုင်း ဆိုရင် OpenGL32.lib က ထည့်စရာ မလိုပါဘူး။
ဒါဆိုရင် Visual C++ 2005 IDE ကို သုံးပြီး GLUI program တွေကို ရေးလို့ ရပါပြီ။ ကျွန်တော်တော့ လက်တွေ့ စမ်းကြည့်ပြီးပြီ။ အဆင်ပြေတယ်။ တစ်ကယ်လို့ အခက်အခဲ ရှိရင် ကျွန်တော့ကို feedback ပေးလို့ ရပါတယ်။
ကျွန်တော်တို့ လက်ရှိ သုံးနေတဲ့ GLUT library တွေကလည်း အရမ်း ဟောင်းနေပါပြီ။ တစ်ကယ်တမ်းက GLUT ကို ဆက်ပြီး ပြင်ဆင်ခြင်း မရှိတော့တာ နှစ်အတော် ကြာနေပါပြီ။ Update ဖြစ်တဲ့ GLUT ကို တစ်ခြား အဖွဲ့တစ်ဖွဲ့က OpenSource အနေနဲ့ ဖန်တီးပေးခဲ့ ကြပါတယ်။ သူ့ကို FreeGLUT လို့ ခေါ်ပါတယ်။ လောလော ဆယ်တော့ ကျွန်တော် အဲဒီအကြောင်း ဒီ article ထဲမှာ မရေးသေးပါဘူး။ စိတ်ဝင်စားတယ် ဆိုရင် Google နဲ့ ရှာကြည့်လိုက်ပါ။

0 comments:

Post a Comment