ဒါနဲ့ Visual C++ 2008 Express Edition ကိုသုံးပြီး OpenGL application တွေကို ဖန်တီးဖို့ ကြိုးစား ကြည့်ခဲ့ပါတယ်။ GLUT မှ မဟုတ်ပါဘူး GLUI ကိုပါသုံးပြီး application တွေကို အဆင်ပြေပြေ ဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်။ Visual C++ 2008 Express Edition ကို သဘောကျတာ တစ်ခုက နောက်ဆုံးထွက်လည်း ဖြစ်တယ်၊ free download လုပ်လို့ ရတဲ့အတွက် ဘယ်နှစ်ခါ ပြန် install လုပ်လုပ် အဆင်ပြေမယ်။ ပြီးတော့ Express Edition က ကျောင်းသားတွေ အတွက် လုံလောက်တဲ့ အပြင် system resource တွေကို သုံးတဲ့ နေရာမှာ လည်း PRO တွေထက် နည်းတဲ့ အတွက် အလုပ်လုပ်တာ မြန်တယ်။ Visual C++ 2008 Express Edition ကို သုံးဖို့အတွက် ကွန်ပျူတာထဲမှာ 512MB လောက် memory ရှိရင်ကို ရပါတယ်။ 2008 Professional (Full) version ကို သုံးမယ်ဆိုရင် 1GB လောက် တောင်းတာနဲ့ ယှဉ်ကြည့် နိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော်ကတော့ လျှောက်စမ်းရတာ ၀ါသနာပါတော့ OpenGL (GLUT/GLUI) application တွေကို Visual C++ 2008 Express Edition မှာ ရေးကြည့်ဖို့ ကြိုးစားခဲ့ပါတယ်။
ပထမဆုံး နားလည်ထားရမှာက OpenGL လိုမျိုး API တွေက Windows OS တွေနဲ့ native လုပ်ဆောင် ချက်တွေကို သုံးပါတယ်။ dot NET လိုမျိုးတွေကို မသုံးပါဘူး။ Express Edition IDE တွေမှာ သာမာန်အားဖြင့် ပြည့်စုံတဲ့ Win32 လိုမျိုး native လုပ်ဆောင်ချက်တွေ မပါပါဘူး။ ဒါကြောင့် ကျွန်တော်တို့က သီးသန့် install လုပ်ပေးဖို့ လိုပါတယ်။
Windows XP အတွက်ဆိုရင် Microsoft Platform SDK (ကျွန်တော် အဲဒီအကြောင်း ရေးဖူးပါတယ်) ကို install လုပ်ပြီး သုံးလို့ ရပါတယ်။ Platform SDK (Software Development Kit) မှာ native Windows ရဲ့ libraries တွေ ပါတဲ့အတွက် ပုံမှန် Win32 Application တွေကို ဖန်တီးခွင့် ပေးပါတယ်။ Win32 ကို OpenGL မှာရော၊ DirectX ကပါ အသုံးပြု ပါတယ်။
ဒါပေမယ့် Platform SDK က Windows Vista မှာ အလုပ် မလုပ်ပါဘူး။ အဲဒီအတွက် Microsoft က Windows Vista အတွက် Windows SDK ကို ဖန်တီးပေးခဲ့ ပါတယ်။ Windows SDK ဆိုတာ Platform SDK ရဲ့ Vista version လို့ ပြောလို့ ရပါတယ်။ Windows SDK က Windows XP မှာလည်း အလုပ်လုပ် ပါတယ်။ ဒါကြောင့် Platform SDK ကို သုံးမနေ တော့ပဲနဲ့ Windows SDK ကိုပဲ သုံးလိုက်ပါ။
Visual C++ 2008 Express Edition ကို Microsoft web site ကနေ အခမဲ့ အလွယ်တကူ download လုပ်လို့ ရပါတယ်။ Web install မလိုချင်ရင် CD/DVD ISO file ကိုလည်း download လုပ်လို့ ရပါတယ်။ ကျွန်တော်ကတော့ Expression Edition all-in-on CD ကို download လုပ်ပြီး install လုပ် သုံးခဲ့ပါတယ်။ နောက်ပြီး Windows SDK ကို လည်း Microsoft web site ကနေ အခမဲ့ အလွယ်တကူ download လုပ်ခဲ့ပါတယ်။ Web install ကို မသုံးပဲ DVD ISO image file ကို download လုပ်ပြီး install လုပ်ခဲ့ပါတယ်။
GLUT နဲ့ GLUI application တွေကို ရေးဖို့ အတွက် Visual C++ 2005 နဲ့ ချိတ်တဲ့ အတိုင်းပဲ အလွယ်တကူ ချိတ်နိုင်ခဲ့ပါတယ်။ တစ်ခုပဲ ရှိတယ် GLUI အတွက် အသစ်ထွက်တဲ့ glui32.2005.lib လေးကို သုံးပေါ့။ ဒါမှ အဆင်ပြေမှာ။ အခုဆိုရင် ကျွန်တော်ကတော့ Visual C++ 2008 Express Edition ကို သုံးပြီး OpenGL ရော၊ DirectX ရော၊ SDL Library တွေကိုပါ သုံးလို့ ရနေပါပြီ။ တစ်ခုကောင်းတာက Visual C++ 2008 Express Edition မှာ Service Pack 1 တစ်ခါထဲ ပါလာပြီးသား ဆိုတော့ သီးသန့် install လုပ်စရာ မလိုတော့ဘူးပေါ့။ SDL က Visual Studio နဲ့ သုံးဖို့ အတွက် Service Pack 1 ကို install လုပ်ထားဖို့ လိုပါတယ်။
OK…။ အခု ကျွန်တော် ပြောပြချင်တာက တစ်ခါတစ်လေ ကြုံရမယ့် error/warning message လေးတွေ အတွက်ပါ။
String တွေကို သုံးပြီး text နာမည်တွေ သုံးဖို့ ကြိုးစားတဲ့ အခါမှာ အောက်ကလိုမျိုး၊ ဒါမှမဟုတ် ဆင်တူတဲ့ error မျိုး ရလာတတ်ပါတယ်။
cannot convert parameter 2 from 'const char [27]' to 'LPCWSTR'
Types pointed to are unrelated; conversion requires reinterpret_cast, C-style cast or function-style cast
တစ်ခါတစ်လေ (အထူးသဖြင့် DirectX) program တွေမှာ ဒီလိုမျိုး ဆင်တူတဲ့ ပြဿနာမျိုး တွေ့ရ တတ်ပါတယ်။
Win32 ------
Linking...
MSVCRTD.lib(crtexe.obj) : error LNK2019: unresolved external symbol _main referenced in function ___tmainCRTStartup
C:\devkitPro\projects\OpenGLTest\Debug\OpenGLTest.exe : fatal error LNK1120: 1 unresolved externals
ဒါဆိုရင် Project Properties ရဲ့ Configuration Properties ထဲကနေ Linker အောက်က System ကို ရွေးလိုက်ပါ။ ညာဘက်က Subsystem ဆိုတဲ့ နားမှာ Window (/SUBSYSTEM:WINDOW) ဆိုတာကို ရွေးပေးလိုက်ပါ။ SDL အတွက်လည်း လိုပါတယ်။
SDL ကို သုံးမယ် ဆိုရင် Project Properties Window ထဲက C/C++ အောက်က Code Generation ကို ဖွင့်ပါ။ ညာဘက်က Runtime Library မှာ Multi-threaded Debug DLL ဆိုတာကို ရွေးထားပေးဖို့ လိုပါတယ်။
ဒါဆိုရင် Visual C++ Express Edition တွေကို သုံးပြီး Multimedia application တွေ ဖန်တီးတာကို စမ်းကြည့်လို့ ရကြမယ်လို့ မျှော်လင့်ပါတယ်။

0 comments:
Post a Comment