Tuesday, March 10, 2009

Different between graphic chipset models...

3D game တွေ ကစားဖို့ပဲ ဖြစ်ဖြစ်၊ real-time 3D rendering တွေ လုပ်ဖို့ပဲ ဖြစ်ဖြစ်၊ Digital modeling and design တွေ လုပ်ဖို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ရဲ့ ကွန်ပျူတာတွေ ထဲမှာ လုပ်ဆောင်ချက် ကောင်းတဲ့ 3D graphic processor တွေပါတဲ့ advanced 3D graphic card တွေ ထည့်ထားဖို့ လိုပါတယ်။
ဒီနေ့ နာမည်ကြီးပြီး ထိပ်တန်းမှာ ပြေးနေတဲ့ graphic processing unit (GPU) ထုတ်တဲ့ ကုမ္ပဏီ နှစ်ခုက တော့ Nvidia နဲ့ ATI (AMD) ပဲပေါ့။
3D graphic card ကောင်းကောင်း ၀ယ်တော့မယ် ဆိုရင် ကိုယ်တတ်နိုင်တဲ့ ငွေအပေါ် မူတည်ပြီး ကျွန်တော် တို့ ၀ယ်ဖို့ စဉ်းစားလို့ ရတဲ့ model တွေ အမျိုးမျိုး ရှိနေတာကို သတိထားမိမယ် ထင်ပါတယ်။
ATI ကတော့ နဲနဲ ရှင်းပါတယ်။ သူက model number နဲ့ တိုက်ရိုက်လာတော့ ၀ယ်ဖို့ စဉ်းစားရတာ လွယ်ပါ တယ်။ ဥပမာ- Radeon HD 3870 က Radeon HD 3850 ထက် ပိုကောင်းမှာ သေချာပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဈေးနှုန်းက သိပ်မကွာဘူးဆိုရင် model မြင့်တာကို ၀ယ်တာ ကောင်းတာပေါ့နော်။
Nvidia က ထုတ်တဲ့ graphic chipset နဲ့ model တွေမှာကျတော့ GS/GT/GTS/GTX စသည်ဖြင့် အမျိုးမျိုး ကွဲနေတယ်လေ။ ရုတ်တရက်ကြည့်ရင် ရှုပ်သွား နိုင်ပါတယ်။ ဥပမာ- Geforce 7900 GS, Geforce 7900 GT ဆိုတာ မျိုးပေါ့။
အရှင်းဆုံး ပြောရင် GS က လုပ်ဆောင်နိုင်စွမ်း အနိမ့်ဆုံးပါ။ သူ့မှာ တစ်ချို့ပိုင်းတွေကို လျော့ချထားပါတယ်။ ဈေးနှုန်းကလည်း တစ်ခြား model တွေနဲ့ ယှဉ်ရင် နည်းနိုင်ပါတယ်။ ပိုရှင်းအောင် ပြောရရင်
GS – GT – GTS – GTX ပေါ့။
ဒါပေမယ့် တစ်ခါတစ်လေ အရမ်းကြီး မကွာပါဘူး။ တစ်ချို့ GS နဲ့ GT တွေဆိုရင် Core Clock speed နဲ့ memory bandwidth တွေက အတူတူပါပဲ။ ဒါပေမယ့်.. texture filling rate, pixel filling rate နဲ့ pipeline အရေအတွက်တွေ ကွာပါတယ်။
ဥပမာ- Geforce 7900 GS မှာ pipeline 20, texture fill rate က 9000 M Texel/sec နဲ့ Vertex operation အနေနဲ့ 787 M Vertices/sec ရှိပါတယ်။ Geforce 7900 GT မှာဆိုရင် pipeline 24, 10800 M Texel/sec နဲ့ 900 M Vertices/sec ရှိပါတယ်။ အဲဒီလိုမျိုး 3D လုပ်ဆောင်ချက်တွေမှာ ကွာခြား နိုင်ပါတယ်။ ကျန်တဲ့ core clock နဲ့ memory က အတူတူပါပဲ။ ဒါကြောင့် ဈေးနှုန်းက သိပ်မကွာဘူး၊ ကိုယ်လည်း တတ်နိုင်တယ် ဆိုရင် GS/GT/GTS တွေမှာ model မြင့်တာကို ၀ယ်ရင် ကောင်းတာပေါ့။ များသောအားဖြင့် laptop တွေမှာ တွေ့ရတဲ့ Nvidia chipset တွေက GS တွေကို တွေ့ရတာ များပါတယ်။
Geforce 7 နဲ့ Geforce 8 လိုမျိုးကျတော့ လုံးဝကို မတူတဲ့ မျိုးဆက်သစ် ဖြစ်သွားပါပြီ။ ကျွန်တော် ပြောတဲ့ GS/GT/GTS တွေက family တစ်ခုထဲ အတွင်းက chipset တွေ အတွက်ပဲ နှိုင်းယှဉ်ဖို့ ပြောတာပါ။
Geforce 7900 GTS နဲ့ Geforce 8400 GS နဲ့ တော့ သွားမယှဉ်သင့်ပါဘူး။ သူတို့က generation မတူတော့ ပါဘူး။ အဲဒီလိုပဲ Radeon 4000 series နဲ့ Radeon 3000 series တွေကိုလည်း ယှဉ်လို့ မရပါဘူး။
ဘာပဲ ဖြစ်ဖြစ် ကျွန်တော် သိထားသလောက် graphic chipset တွေရဲ့ ကွာဟမှုလေးတွေကို ပြောပြတာပါ။ 3D graphic card ၀ယ်မယ့် သူတွေအတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

0 comments:

Post a Comment