Saturday, May 23, 2009

The importance of your graphic card's drivers....

ကွန်ပျူတာ သုံးပြီး game ကစားနေတဲ့ သူတွေပဲ ဖြစ်ဖြစ်၊ AutoCAD, Maya, 3D StudioMax တို့လိုမျိုး graphical software တွေကို သုံးပြီး အလုပ်လုပ် နေကြတဲ့ သူတွေ များသောအားဖြင့် သတိမထားမိပဲ ပစ်ထားမိကြတဲ့ software လေး အကြောင်း ဆွေးနွေးချင်ပါတယ်။ တစ်ကယ် ကို အရေးပါ ပေမယ့် တော်တော် များများ (အထူးသဖြင့် သာမာန် user တွေ) က သူ့ကို သိပ်သတိ မထားပဲ နေတတ်ကြပါတယ်။ ဘာလည်း ဆိုတော့ graphic card driver လေးပါ။
ဟုတ်ပါတယ်။ သာမာန် gamer တွေ တောင်မှ နောက်ထွက်တဲ့ desktop/laptop တွေ ၀ယ်ထား ပြီးရင် အဲဒီ desktop/laptop တွေနဲ့ အတူတူ ပါလာတဲ့ Windows ထဲက driver တွေနဲ့ပဲ အလုပ်လုပ် နေဖြစ်ကြတာ များပါတယ်။ Gamer မဟုတ်ပဲနဲ့ AutoCAD, 3D Studio Max လိုမျိုး software တွေနဲ့ အလုပ်လုပ် နေကြတဲ့ သူတွေ ဆိုရင် ပိုလို့ သတိမထား တတ်ကြပါဘူး။ တစ်ခါတစ်လေ လိုအပ်လို့ Windows OS ကို restore ပြန်လုပ် လိုက်ရင်လည်း အဲဒီ Windows ထဲမှာ ၀ယ်တုန်းက ပါလာတဲ့ driver တွေနဲ့ပဲ အလုပ်လုပ် နေဖြစ်ကြတာ များပါတယ်။ ကျွန်တော့ အသိတွေနဲ့၊ ပါတ်ဝန်းကျင် ထဲမှာလည်း အဲလိုတွေ တော်တော်ကို တွေ့မိပါတယ်။
Graphic card driver တွေက user တွေအတွက် အသိသာဆုံး အလုပ်လုပ် ပေးရတဲ့ Operating System (OS) ရဲ့ အစိတ်အပိုင်းတွေပါ။ တစ်ခြား sound, network စတာတွေနဲ့ ပါတ်သက်တဲ့ driver တွေက သိပ်မသိသာ ပေမယ့် တစ်ကယ်တမ်းသာ သတိထားမိမယ် ဆိုရင် graphic card driver တွေက update လုပ်သင့်တာကို မလုပ်ဖြစ်ခဲ့ရင် အတော်လေး သိသာစေပါတယ်။ အထူးသဖြင့် gamer တွေ အတွက်ကတော့ သိပ်ကို အရေး ကြီးတာပေါ့။ Gamer မှ မဟုတ်ပါဘူး၊ ခုန ကျွန်တော် ပြောသလို graphic software package တွေနဲ့ အလုပ်လုပ် နေကြတဲ့ သူတွေ သတိထားသင့်ပါတယ်။
ကျွန်တော့ ကိုယ်တွေ့ အနေနဲ့ ပြောပြရရင် Core2Duo laptop မှာ Intel GMA X3100 graphic chip နဲ့ အလုပ်လုပ် ခဲ့တဲ့ အတွေ့ အကြုံပါ။ GMA (Graphic Media Accelerator) က Intel ရဲ့ chipset ထဲမှာ တစ်ခါထဲ ပေါင်းထည့်ထားတဲ့ သာမာန် graphic processor ပါ။ Nvidia Geforce, ATI Radeon တွေနဲ့တော့ သွားမနှိုင်းနဲ့ပေါ့။ တော်တော်များများ သာမာန် laptop တွေမှာလည်း Intel GMA တွေပဲ ပါပါတယ်။ ကျွန်တော် တို့လို gamer တွေကတော့ လုံးဝ ၀ယ်ဖို့ မစဉ်းစားဘူးပေါ့။
ဒါပေမယ့် လုံးဝ သုံးလို့ မကောင်းတာတော့ မဟုတ်ပါဘူး။ ပုံမှန် နေ့စဉ်သုံးအလုပ်တွေ၊ ရုံုးလုပ်ငန်းတွေ၊ video ကြည့်တာတွေ၊ Web surf လုပ်တာတွေ အတွက် ကောင်းကောင်း လုံလောက်ပါတယ်။ အဲဒီ GMA ပါတဲ့ laptop မှာ နောက်ဆုံးထွက် မဟုတ်တဲ့ (အဆင့်တော့မြင့်တဲ့) 3D game တစ်ခုကို run ကြည့်ခဲ့ပါတယ်။ Game program က ကောင်းကောင်း အလုပ်လုပ်ပါတယ်။ သုံးထားတဲ့ driver တွေကလည်း 2008 date နဲ့ laptop နဲ့ အတူတူ ပါလာတဲ့ driver တွေပါ။ သာမာန် လုပ်ငန်းတွေ အတွက်လည်း ကောင်းကောင်း အလုပ်လုပ်နေတယ် ဆိုပါတော့။ Game ထဲကို ရောက်တော့ တစ်ချို့ menu button တွေ၊ slider bar တွေကို မမြင်ရပါဘူး။ ပြီးတော့ သေနတ် ပစ်တဲ့ game မှာ “cross hair” လို့ ခေါ်တဲ့ ချိန်တဲ့ ကြက်ခြေခတ်လေး ပျောက်နေပါတယ်။ Game ထဲမှာက ပါပါတယ်။ ဒါပေမယ့် မမြင်ရဘူး ဖြစ်နေတော့ ကစားရတာ အတော် ဒုက္ခရောက်ပါတယ်။ ဒါနဲ့ game က ကြောင်နေတယ် ထင်ပြီး patch တွေ download ဆွဲ၊ install လုပ်၊ setting တွေ စမ်းကြည့်တာ လည်း အဆင်မပြေပါဘူး။
ဒါနဲ့ နောက်ဆုံးတော့ Intel web site ထဲကို သွားပြီး latest graphic driver ကို download ဆွဲပြီး install လုပ်ခဲ့ပါတယ်။ တစ်ကယ်ဆို အရင် driver နဲ့က version ရော၊ date ရော သိပ်မကွာတဲ့ အတွက် ထူးခြားမယ် လို့ သိပ်တော့ မထင်ဘူးပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် version နဲနဲ ပိုမြင့်တော့ ရိုးရိုးလေးပဲ download ဆွဲပြီး install လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက အဲဒီ latest driver လည်း ထည့်ပြီးရော game က ကောင်းကောင်း ကို အလုပ်လုပ်သွားပါတယ်။ Menu တွေ၊ button တွေ၊ crosshair တွေ ကောင်းကောင်းကို အလုပ်လုပ်ပါတယ်။ ဒါတင်မဟုတ်ပါဘူး game speed (Frame Per Second) က သိသိသာသာ တက်သွားခဲ့ တာကို တွေ့ရပါတယ်။ ဒါကြောင့် graphic card driver ကို upgrade လုပ်ပေးဖို့ သိပ်ကို အရေးကြီးတယ် ဆိုတာ သတိထားမိခဲ့ပါတယ်။
ဒါနဲ့ game တင် မဟုတ်ဘဲ တစ်ခြား Maya လို software ကိုလည်း ပြန်စမ်းကြည့်ခဲ့ ပါတယ်။ အဲဒီ software တွေမှာလည်း rendering speed နဲ့ rendering quality က သိသိသာသာ တက်လာတာကို သတိထားမိ ခဲ့ပါတယ်။ ဒါတောင် ကျွန်တော် သုံးခဲ့တဲ့ graphic driver တွေက အရမ်းကြီး ကွာဟတဲ့ driver တွေ မဟုတ်ပါ ဘူး။
ဒါကြောင့် ကျွန်တော်ကတော့ ဘယ်လို graphic chip ကိုပဲ သုံးနေပါစေ ဖြစ်နိုင်ရင်တော့ သင့်တော်ပြီး latest ဖြစ်တဲ့ graphic driver တွေကို အမြဲ သုံးသင့်ပါတယ်။ များသောအားဖြင့် သတိမထားမိတတ် ကြပါဘူး။ Windows ကလည်း ကောင်းကောင်း တက်နေတယ်။ သာမာန် အလုပ်တွေ အကုန် လုပ်လို့ရတယ် ဆိုရင် ဒီ အတိုင်းထားတတ်ကြပါတယ်။ ဒါပေမယ့် game တွေ အတွက်ပဲ ဖြစ်ဖြစ်၊ graphical software တွေ၊ Digtal media application တွေ အတွက်ဆိုရင် လက်ရှိ အလုပ်လုပ်နေတယ် ဆိုရင်တောင်မှ graphic driver ကို update ဖြစ်တာ သုံးခဲ့မယ် ဆိုရင် ကွာဟမှု သိသာနိုင်ပါတယ်။
ဒါကြောင့် graphic card driver ကို ပုံမှန် check လုပ်ပြီး latest date ဖြစ်တာကို သုံးပေးဖို့ ကျွန်တော် အကြံပေး ချင်ပါတယ်။ Gamer တွေနဲ့ AutoCAD engineer တွေ၊ digital media သမားတွေအတွက် အကျိုးရှိ ပြီး သိသာမှာ သေချာပါတယ်။

0 comments:

Post a Comment