စင်ကာပူ မှာ အလုပ်လုပ်နေတဲ့ သူပဲ ဖြစ်ဖြစ်၊ ကျောင်းတက်နေတဲ့ သူတွေပဲ ဖြစ်ဖြစ် ဒီကိုရောက်လာရင် တော်တော် များများက laptop လေးတွေ ကိုင်ဖြစ်ကြ ပါတယ်။ အထူးသဖြင့် ကျောင်းတက်နေတဲ့ ကျောင်းသား တွေဆိုရင် တစ်ယောက်ကို laptop တစ်လုံးစီတော့ ရှိကြတာပဲလေ။အဲဒီ laptop တွေက အရင်တုန်းကတော့ တစ်ခု နဲ့ တစ်ခု၊ model တစ်မျိုးနဲ့ တစ်မျိုး သိပ်ကွာတယ် မထင်ရပေ မယ့် အခုနောက်ပိုင်းမှာ processor, chipset, graphic, sound, LCD, LAN စသည်ဖြင့် အမျိုးမျိုးသော hardware device တွေက အများကြီးကို ရှိနေပါတယ်။ Brand, model တွေကလည်း စုံလို့ ပါပဲ။ ကျွန်တော် တို့လို game သမားတွေ၊ multimedia သမားတွေ အတွက်ကတော့ processor အမျိုးအစားပြီးရင် ဒုတိယ အရေးအကြီးဆုံး ကြည့်ဖြစ်တာက graphic processor ပဲပေါ့။ အခုနောက်ပိုင်း သာမာန် အဆင့် graphic processing unit (GPU) ပဲပါတဲ့ laptop တွေ ၀ယ်လို့ရသလို အဆင့်မြင့် GPU ကောင်းကောင်းတွေ ပါတဲ့ gaming/multimedia laptop တွေလည်း ၀ယ်လို့ရတယ်လေ။ Intel Graphic Media Accelerator (GMA) လို သာမာန် အဆင့် GPU တွေနဲ့ laptop တွေကို တွေ့နိုင်သလို Nvidia Geforce လို၊ ATI Radeon လိုမျိုး graphic processor တွေပါပြီး အဆင့်မြင့် graphic လုပ်ဆောင်ချက် တွေကောင်းတဲ့ laptop တွေကိုလည်း တွေ့နိုင်ပါတယ်။
Mobile graphic processing unit (GPU) တွေမှာ အဓိက တွေ့ရတာ အများဆုံးက သာမာန် အဆင့်မှာဆိုရင် Intel Graphic Media Accelerator (GMA) series တွေပဲပေါ့။ အဆင့်မြင့် ထိပ်တန်း mobile GPU တွေမှာတော့ Nvidia နဲ့ ATI တို့ကပဲ နေရာယူထား ဆဲပါ။
အဲဒီမှာ Nvidia Geforce မှာကိုပဲ model တွေ၊ မူကွဲတွေ အများကြီး တွေ့ရမှာပါ။ ATI Radeon မှာလည်း အတူတူ ပါပဲ။ ဥပမာ- Geforce 8 series မှာကိုပဲ 8400GS, 8400GT, 8600GTX စသည်ဖြင့် အများကြီးပဲလေ။ ATI ကိုလည်း ကြည့်ပါဦး။ Radeon 9800, Radeon X1800 , Radeon HD 2400, Radeon HD 4500 ဆိုပြီး စုံနေတာပဲလေ။
သူတို့တွေရဲ့ အဓိက ကွာဟချက်ကတော့ graphic processor ရဲ့ ထုတ်လုပ်မှု နည်းပညာ၊ clock speed နဲ့ memory bandwidth တွေပဲပေါ့။ အဲဒါတွေကို သေသေချာချာ စဉ်းစားပြီး ရွေးချယ်သင့်ပါတယ်။ ကျွန်တော် သိသလောက် ပြောပြချင်ပါတယ်။
အရင်တုန်းက graphic processor တွေလို့ ပြောလိုက်ရင် အဓိက ပြောရမှာက shader တွေပါပဲ။ (Shader တွေအကြောင်းကို အချိန်ရရင် ကျွန်တော် သီးသန့် post တစ်ခု တင်ပါဦးမယ်)။ Shader လို့ ပြောလိုက်ရင်လည်း အဓိက အပိုင်း ၂ ပိုင်းပါပါတယ်။ Pixel shader နဲ့ vertex shader တွေပါ။ Vertex shader တွေက geometry processor လို့လည်း ပြောလို့ရပါတယ်။ Pixel shader ကတော့ renderer ပေါ့။
Graphic/Game တွေကို program သွင်းတော့မယ် ဆိုရင် Microsoft ရဲ့ နာမည်ကြီး DirectX ကို သုံးမလား၊ ဒါမှမဟုတ် OpenGL ကို သုံးမလားဆိုပြီး နှစ်မျိုး စဉ်းစား နိုင်ပါတယ်။ အပြင်က game လောကမှာ သုံးတာကတော့ DirectX API (Application Programming Interface) ပဲပေါ့။ DirectX 9 နဲ့ သူ့ရှေ့ version တွေမှာ programmer တွေအတွက် program သွင်းရတာက အခုနောက်ပိုင်း DirectX 10 နဲ့ အထက် version တွေနဲ့ လုံးဝကို မတူပါဘူး။
DirectX 9 နဲ့ သူ့အရင် version တွေကို support လုပ်တဲ့ graphic hardware တွေ (ဥပမာ- Geforce 6/7 နဲ့ ATI Radeon 9000 to Radeon X series) တွေမှာ pixel shader နဲ့ vertex shader ကို နှစ်ခု ခွဲထားပါတယ်။ Programmer တွေကလည်း DirectX 9 ကို သုံးပြီး သီးသန့်စီ control လုပ်လို့ ရပါတယ်။
နောက်ပိုင်း DirectX 10 နဲ့ သူ့ကို support လုပ်တဲ့ hardware တွေမှာ pixel shader နဲ့ vertex shader တွေကို ပေါင်းလိုက်ပါတယ်။ DirectX 10 API မှာလည်း program သွင်းရတဲ့ ပုံစံ တစ်မျိုး ဖြစ်သွားပါတယ်။ အဲဒီ လိုပဲ hardware တွေမှာလည်း pixel/vertex shaders တွေကို ရောလိုက်ပြီး unified shader လို့ ခေါ်ပါ တယ်။ DX 10 ကို support လုပ်တာက Nvidia Geforce 8 နဲ့ အထက်၊ ATI Radeon HD series တွေပါ။ ဥပမာ- Geforce 8400, Geforce 9600GT စသည်ဖြင့်ပေါ့။ Radeon HD 2400 နဲ့ အထက်မှာလည်း DirectX 10 ကို support လုပ်တဲ့ unifined shader တွေပါပါတယ်။ Intel GMA X3100 က DX 9 အတွက် ဖြစ်ပြီး GMA 4500/ GMA 4500HD တို့က DX10 နဲ့ အလုပ်လုပ်ပါတယ်။
ဒါဖြင့်ရင် Geofrce 8400GS, 8400GT, 8400GTX, Radeon HD 2400, 2600, Radeon HD 3450, 4870 ဘာတွေကွာကြတာလည်း ဆိုရင် သူတို့မှာပါတဲ့ transistor အရေအတွက်၊ shader အရေအတွက်၊ clock speed, memory speed နဲ့ memory bus width တွေမှာ အဓိက ကွာပါတယ်။ ဥပမာ- Geforce 8400GS ရဲက memory bus width က 64 bits ပဲရှိပြီး 8400 GT မှာ 128/256 bits အထိ ရှိနိုင်ပါတယ်။ Core clock speed လည်းကွာပါတယ်။
DirectX မှာပါတဲ့ programming shader တွေကလည်း အခုဆိုရင် version 4.1 ကိုရောက်နေပါပြီ။ ဒါကြောင့် graphic chipset တွေအကြောင်း ပြောရင် ဘယ် shader model နဲ့ အလုပ်လုပ် နိုင်လည်း ဆိုတာနဲ့ ပြောကြ ပါတယ်။ ဥပမာ- shader model 4 နဲ့ရေးထားတဲ့ game ကို Geforce 7 မှာ run ရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ Geforce 7 က DX9 ရဲ့ Shader model 3 ကိုပဲ support လုပ်ပါတယ်။ အဲလို game တွေကို run ချင်ရင် DX 10 ရဲ့ shader model 4 ကို support လုပ်တဲ့ Geforce 8 နဲ့ အထက်ကို သုံးသင့်ပါတယ်။ Radeon မှာဆိုရင် HD series တွေကိုပဲ သုံးသင့်ပါတယ်။
ဒါကြောင့် ဒီနေ့ နောက်ဆုံးပေါ် DirectX 10/ OpenGL 2.0 တွေနဲ့ အလုပ်လုပ် ချင်တယ် ဆိုရင် Geforce 8 နဲ့ အထက်၊ ATI Radeon မှာဆိုရင် Radeon HD 2400 နဲ့ အထက်ကို ရွေးသင့်ပါတယ်။ ဥပမာ- ATI Radeon HD 2400 နဲ့ Radeon HD 3450 က အခြေခံ အားဖြင့် တူတူပါပဲ။ နှစ်မျိုးလုံးမှာ 40 unified shader တွေပါပါတယ်။ ဒါပေမယ့် HD 2400 က 65nm နည်းပညာနဲ့ တည်ဆောက်ထားပြီး၊ HD 3450 က 55nm နဲ့ တည်ဆောက်ထားပါတယ်။ HD3450 က clock speed ပိုမြန်တယ်။ HD 2400 က DX 10 ရဲ့ shader 4.0 ကို ပဲ support လုပ်ပြီး HD 3450 က DX 10.1 ရဲ့ shader 4.1 ကို အပြည့်အ၀ support လုပ်ပါတယ်။ ဒါက ကျွန်တော် နမူနာ ပြောပြတာပါ။
ကိုယ့်ရဲ့ laptop မှာပါတဲ့ graphic processing unit ရဲ့ အသေးစိတ် အချက်အလက်တွေကို ကြည့်ချင်တယ် ဆိုရင် အောက်မှာ ပေးထားတဲ့ link ကနေ အသေးစိတ် လေ့လာလို့ ရပါတယ်။ အဲဒီ web site ကို သွားပြီးတော့ ကိုယ့်ရဲ့ GPU model ကို ညာဘက်နားက link တွေကနေ ရွေးပြီး information ကြည့်လို့ပါတယ်။ ဒါဆိုရင် GPU မျိုးစုံ အကြောင်းကို အတော်လေး နားလည်မယ် ထင်ပါတယ်။ ကျွန်တော် သိသလောက် ဖေါက်သည် ပြန်ချတာပါ။
http://www.notebookcheck.net/NVIDIA-GeForce-GTX-280M-SLI.17191.0.html

0 comments:
Post a Comment