Sunday, July 19, 2009

The power of Polymorphism in OOP

Game programming တွေ အများစုက OOP language တွေကို သုံးပါတယ်။ အထူးသဖြင့် C++ programming language ကို console game တွေအတွက်ရော၊ PC တွေ အတွက်လည်း အများကြီး သုံးကြ ပါတယ်။
OOP (Object-Oriented Programming) language လို့ ပြောလိုက်ရင် (ကျွန်တော် သိသလောက်) အဓိက အားဖြင့် ရှိရမယ့် features တွေ ရှိတယ်လေ။ Customized Data Creation, Data Encapsulation, Data Hiding, Operator Overloading, Inheritance and Polymorphism ဆိုတဲ့ features တွေပါတာကို ကျွန်တော်တို့ အားလုံး သိကြပါတယ်။ C++ programmer တွေဆို ပိုသိမှာပါ။
OOP language ဖြစ်တဲ့ C++ မှာ class/object တွေသုံးပြီး user defined data type တွေကို စိတ်ကြိုက် ကိုယ့် လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဖန်တီးလို့ ရစေပါတယ်။ နောက်ပြီ member data တွေကို class တစ်ခု အတွင်းမှာ ကိုယ့်လိုအပ်ချက် နဲ့ အညီ ထည့်ထားပြီး သူတို့အတွက် manipulation function တွေကို ထည့်ထား လို့ရတယ်လေ။ ဒါက Data Encapsulation ပေါ့။ Member Data တွေကို ကိုင်တွယ်တဲ့ နေရာမှာ မလိုအပ်ပဲ မပြင်မိအောင်၊ class အပြင်ကနေ လုပ်ချင်တိုင်း လုပ်မရအောင် privae/protected/public စသည် ဖြင့် အဆင်ပြေအောင် သတ်မှတ်လို့ရတာကလည်း OOP ရဲ့ကောင်းတဲ့ Data Hiding အချက်တစ်ခုပါ။
OOP ရဲ့ တစ်ကယ် အရမ်းထူးခြားတဲ့ feature တွေက Operator Overloading နဲ့ Polymorphism တွေပါပဲ။ Maths operators, logic operators စတဲ့ အမျိုးမျိုးသော operation တွေကို ကျွန်တော်တို့ စိတ်ကြိုက် ဖန်တီး တည်ဆောက် ထားတဲ့ class/object တွေအပေါ်မှာapply လုပ်လို့ ရတာကလည်း အရမ်း သဘောကျစရာ ကောင်းတဲ့ Operator Overloading အချက်ပါပဲ။
ကျွန်တော်တို့ game creation မှာ လိုအပ်ပြီး သဘောကျစရာ ကောင်းတဲ့ OOP language ရဲ့ အရမ်းထူးခြား တဲ့ အချက်တစ်ခု က Polymorphism ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော် ကိုယ်တိုင်လည်း အတော်များများသော ကိစ္စတွေအတွက် အဲဒါကို သဘောကျမိပါတယ်။ တစ်ကယ်တမ်း Polymorphism လို့ ပြောလိုက်ရင် အများကြီး ရှိမယ် ထင်ပါတယ်။ ကျွန်တော် သဘောကျတဲ့ (game မှာလည်း သုံးဖြစ်တဲ့) Polymorphism ရဲ့ feature တစ်ခုက “ပုံစံအမျိုးမျိုး ပြောင်းသုံးနိုင်ခြင်း” လို့ ပြောရမယ် ထင်ပါတယ်။
Polymorphism နဲ့ ပါတ်သက်ပြီး ကျွန်တော် သဘောကျတဲ့ game programming မှာ သုံးတဲ့ အကြောင်း အရာလေး တစ်ခုကို ပြောချင်ပါတယ်။ Pointer နဲ့လည်း ဆိုင်ပါတယ်။ Pointer ဆိုလို့ ပြောရဦးမယ်။ C/C++ မှာ တွင်တွင်ကျယ်ကျယ် သုံးလို့ရတဲ့ pointer တွေကို အတော် သဘောကျမိပါတယ်။ ကျွန်တော့ အတွက်တော့ သုံးရတာ အဆင်ပြေတယ်။ Dynamic ဖြစ်တာကိုလည်း သဘောကျမိတယ်။
ကျွန်တော် အခု discuss လုပ်ချင်တာက pointer ကို သုံးပြီး မတူညီတဲ့ class တွေကို တစ်မျိုးထဲသော point နဲ့ point လုပ်သွားတာကို ပြောချင်တာပါ။ အဲဒီအချက်က Gamestate manager (Game mode manager) လို မျိုး လုပ်တဲ့ နေရာမှာ အရမ်း အသုံးတည့်ပါတယ်။ အတော်လေး အဆင်ပြေစေ တယ်လို့ ထင်မိ၊ သဘောကျမိ ပါတယ်။ Gamestate manager အကြောင်းကို သပ်သပ် ရေးပါဦးမယ်။
Programming မှာ ပုံမှန် အားဖြင့် ကျွန်တော်တို့ သိထားတာက pointer တစ်ခု ဟာ သူသတ်မှတ်ထားတဲ့ data အမျိုးအစား တစ်ခုကိုပဲ point လုပ်လို့ရတယ်။ ပြီးတော့ Array တစ်ခုဟာလည်း same data type တွေကိုပဲ သိမ်းလို့ ရတယ်လို့ အခြေခံကျကျ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် pointer တစ်ခုထဲ ကနေ မတူညီတဲ့ data type တွေကို point လုပ်ချင်တယ် ဆိုရင် ဘယ်လို လုပ်မလည်း။ အထူးသဖြင့် မတူညီတဲ့ class တွေရဲ့ object တွေကို ကျွန်တော်တို့က တစ်မျိုးထဲသော pointer နဲ့ ထိန်းချင် တယ်ဆို၇င် OOP ရဲ့ feature တွေကို သုံးပြီး လုပ်ယူလို့ ရပါတယ်။ Gamestate manager ကို ဖန်တီးရာမှာ အသုံးတည့် စေပါတယ်။
ဥပမာ- ကျွန်တော်က မတူညီတဲ့ အရာသုံးခုကို draw လုပ်ချင်တဲ့ ဆိုပါတော့။ တစ်ခုက Circle, တစ်ခုက Rectangle နဲ့ နောက်တစ်ခုက triangle ဆိုပါတော့။ အဲဒီ သုံးခုက ပုံစံတွေလည်း မတူတဲ့အတွက် သူတို့မှာ ပါတဲ့ data တွေနဲ့ အချက်အလက်တွေလည်း မတူနိုင်ဘူးလေ။ မတူတဲ့ class (၃) ခု ဆိုပါတော့။


Clrcle, Rectangle နဲ့ Triangle ဆိုပြီး class ၃ ခုရှိတယ် ဆိုပါတော့။ ပုံမှန်အတိုင်းဆိုရင် အဲဒီ class တစ်ခုချင်းစီကို point လုပ်ဖို့ အတွက် သူတို့အတွက် သီးသန့် pointer တွေ လိုတယ်လေ။
Circle *c = new Circle( );
Rectangle *r = new Rectangle( );
Triangle *t = new Triangle( );

စသည်ဖြင့်ပေါ့။ အဲဒါက တစ်ကယ်တမ်းမှာ အဆင်မပြေပါဘူး။ ကျွန်တော်တို့က base pointer တစ်ခုထဲနဲ့ အဲဒီ class သုံးခုရဲ့ မတူတဲ့ object သုံးခုလုံးကို point လုပ်ပြီး သုံးချင်တယ် ဆိုရင် ဘယ်လိုလုပ်မလည်း။ Inheritance နဲ့ virtual function ပုံစံကို သုံးပြီး လုပ်ယူလို့ရပါတယ်။

class Base
{
private:

public:
virtual void Initialize ( );
virtual void Draw( );
virtual void CleanUp( );
};

class Circle : public Base
{
private:
// any private data here for circle

public:
void Initialize( )
{
//whatever you want to initialize
}

void Draw( )
{
//this is main draw function for your circle
}
void CleanUp( )
{
//to clean up any resources
}
} ;

void Rectangle : public Base
{
private:
// any private data here for rectangle

public:
void Initialize( )
{
//whatever you want to initialize
}

void Draw( )
{
//this is main draw function
}
void CleanUp( )
{
//to clean up any resources
}
};

အဲဒီလိုပဲ triangle လိုပဲ တစ်ခြား လုပ်ချင်တာတွေကိုလည်း inherit လုပ်ယူလို့ ရပါတယ်။ Circle, Triangle လို class တွေမှာ base class က function, data တွေ အပြင်စိတ်ကြိုက် ထည့်ချင်တာ ရှိရင်လည်း ထည့်ဦးပေါ့။ တစ်ခု သတိထားရမှာက base class ရဲ့ pointer နဲ့ သူ့ကို inherit လုပ်တဲ့ derived class တွေကို ညွှန်ပြီး function တွေကို ခေါ်မယ် ဆိုရင် derive class (child class) က ခေါ်ချင်တဲ့ function အားလုံးဟာ base class မှာ virtual function အနေနဲ့ ရှိရပါမယ်။ မဟုတ်၇င် error ပြနိုင်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့က base class ရဲ့ pointer တစ်ခု နဲ့ child class တွေကို point လုပ်ပြီး သူတို့ထဲက function တွေကို ခေါ်လို့ ရပြီပေါ့။

Base * p[3];

p[0] = new Circle( );
p[1] = new Rectangle( );
p[2] = new Triangle( );

p[0] -> Draw( ); //this will draw a circle using Circle’s draw function
p[1] -> Draw( ); //this will draw a rectangle using its draw function
p[2] -> Draw( ); //this will draw a triangle using its draw function

ကဲ ဘယ်လောက် အဆင်ပြေလည်း။ ကျွန်တော်တို့က base class pointer တွေ နဲ့ array တစ်ခုကို ဖန်တီးထားလိုက်ပြီး အလုပ် လုပ်ချင်တဲ့ မတူညီတဲ့ child class တွေကို ထည့်ထား လိုက်ရုံပဲလေ။ ဒါဆိုရင် base class pointer array တစ်ခုထဲ နဲ့ ဆိုတော့ ထိန်းရတာလည်း ကောင်းတာပေါ့။
အဲဒီလို ပုံစံ မတူတာတွေကို တူသလိုမျိုး သုံးတာကိုက polymorphism ရဲ့ အချက်တစ်ခုပါပဲ။ အခုလို သုံးတဲ့ ပုံစံက gamestate (game modes) တွေကို ကိုင်တွယ်တဲ့ နေရာမှာ အဆင်ပြေစေပါတယ်။ Singleton နည်းပညာကို သုံးလို့ရပေမယ့် အဲဒါက ရှုပ်ပါတယ်။ ပြီးတော့ Singleton မှာ အားနည်းချက် တွေလည်း ရှိပါတယ်။
Game တစ်ခုမှာ ဆိုရင် (ဥပမာ) Title mode, Main Menu mode, Option mode, Gameplay mode, Score display mode စသည်ဖြင့် မတူတဲ့ mode (state) တွေ အများကြီး ပါနိုင်ပါတယ်။ ကျွန်တော်တို့က အခု ပြောခဲ့တဲ့ Polymorphism ရဲ့ စွမ်းရည် ကို သုံးပြီး mode တွေကို ကိုင်တွယ် မယ် ဆိုရင် အတော်လေး အဆင်ပြေ လွယ်ကူစေ ပါတယ်။ Gamestate တွေကို ဘယ်လို ထိန်းချုပ်တယ် ဆိုတာ သပ်သပ် ဆွေးနွေးချင်ပါ သေးတယ်။
အခု ကျွန်တော် ပြောတဲ့ article လေးက game programming ကို လေ့လာနေတဲ့ beginner တွေ အတွက် အသုံးတည့်မယ် လို့ ယူဆပါတယ်။ အတွေ့ အကြုံရှိတဲ့ programmer တွေ အတွက်တော့ ဘာမှ မဟုတ်ဘူး ပေါ့နော်။

0 comments:

Post a Comment