Microsoft Visual C++ Express Edition ကို သုံးပြီး Win32 ပုံစံ နဲ့ OpenGL/DirectX program တွေကို ဖန်တီးမယ် ဆိုရင် setting တွေ ဘယ်လို လုပ်ရမယ် ဆိုတာ ကျွန်တော် post လေးတစ်ခု တင်ခဲ့ပါတယ်။
Windows XP မှာဆိုရင် setting နဲ့ configure လုပ်ရတာ အရမ်း လွယ်ကူပေမယ့် WindowsVista သုံးနေတဲ့ သူတွေအတွက် တစ်ခြား error တွေ ရှိနေနိုင်ပါတယ်။ Microsoft Visual C++ 2008 Express Edition ကို သုံးရင်တော့ Windows Vista မှာ ဘာပြဿနာမှ မရှိနိုင်ပါဘူး။
ကျွန်တော် ပြောဖို့ ကျန်သွားတဲ့ Visual C++ 2005 Express Edition နဲ့ Windows Vista မှာ Win32 ပုံစံ application တွေ ရေးမယ်ဆိုရင် လုပ်ရမှာလေးတွေကို ဒီ post လေးမှာ ပြောပြ ချင်ပါတယ်။
အရင်က ပြောခဲ့သလိုပဲ Windows SDK ကို install လည်း လုပ်ပြီးပြီ၊ Visual C++ Express ကိုလည်း install လုပ်ပြီး လိုအပ်သလို ချိတ်ဆက် လို့ ပြီးသွားရင် ကျွန်တော်တို့ OpenGL program လေးတွေကို ရေးလို့ ရပါပြီ။ ဒါပေမယ့် Windows Vista ကိုလည်း သုံးနေတယ်။ Visual C++ 2005 Express Edition နဲ့လည်း ကျွန်တော် တို့ရဲ့ program တွေကို ဖန်တီးနေတာ ဆိုရင် compile လုပ်ရင် အဆင်ပြေ နေရင် တောင်မှ run-time မှာ error တွေ့ပြီး program ကို run လို့ မရတာမျိုး တွေ့နိုင်ပါတယ်။ တွေ့ရမယ့် error message က အောက်မှာ ပြထားတဲ့ အတိုင်းဖြစ်ပါ လိမ့်မယ်။
“the application has failed to start because its side-by-side configuration is incorrect”
ဆိုတဲ့ message ကို runtime မှာ တွေ့နိုင်ပါတယ်။ အတွေ့ရ များတဲ့ ပြဿနာလို့ ပြောလို့ ရမယ် ထင်ပါတယ်။ Windows Vista ပေါ်မှာ အဲလို ပြဿနာ တွေ့ခဲ့ရင် အရင်ဆုံး လုပ်ရမှာက Microsoft Visual C++ 2005 Redistributable Package ကို install လုပ်ပေးဖို့ လိုပါတယ်။ Microsoft web site ကနေ အခမဲ့ download လုပ်လို့ ရပါတယ်။ အောက်မှာ link ကို ပေးထားပါတယ်။
Link to download Visual C++ 2005 Redistributable Package
အဲဒီ package ကို download ဆွဲပြီး စက်ထဲကို install လုပ်ပေးလိုက်ပါ။ ပြီးရင် နောက်တစ်ခု ဖြစ်နိုင်တာက Visual C++ 2005 Express နဲ့ Vista ကြားက ပြဿနာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Visual C++ 2005 Express Edition Service Pack 1 (SP1) ကို install လုပ်ပေးလိုက်ရင် ပြေလည် သွားပါလိမ့်မယ်။ Windows Vista မှာ အပေါ်က ပြောခဲ့သလိုမျိုး error message တွေ့ပြီး program ကို ဘယ်လိုမှ run ကြည့်လို့ မရဘူးဆိုရင် VC++ 2005 Express ရဲ့ Service Pack 1 ကို install လုပ်ပေးဖို့ လိုကို လိုပါတယ်။
Visual C++ 2005 Express Service Pack 1 ကို အောက်မှာ ပေးထားတဲ့ link ကနေ download ဆွဲယူလို့ ရပါတယ်။
Link to download Visual C++ 2005 Express Service Pack 1
အဲဒီ web site မှာ Visual Basic, Visual C++, Visual C#, Visual J# တို့အတွက် service pack တွေ ကို download ဆွဲလို့ ရပါတယ်။ Web page ရဲ့ အောက်နားလေးကို သွားပြီး list ထဲကနေ Visual C++ နဲ့ သက်ဆိုင်တဲ့ service pack ကို download လုပ်လိုက်ပါ။ VS80sp1-KB926748-X86-INTL.exe ဆိုတဲ့ နာမည်နဲ့ ရှိပါလိမ့်မယ်။ သူ့ကို download လုပ်ပြီး စက်ထဲကို install လုပ်ပေးဖို့ လိုပါတယ်။
Visual C++ 2005 Express Edition အတွက် service pack 1 ကို install လုပ်ပေးပြီးရင် အပေါ်မှာ ကျွန်တော် ပြောခဲ့တဲ့ error အတွက် အဆင်ပြေ သွားပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ program တွေကိုတော့ ပြန်ပြီး compile လုပ်ပေးဖို့ လိုပါတယ်။
တစ်ကယ်လို့ Visual C++ 2005 Express Edition နဲ့ Windows Vista ရဲ့ အဲဒီလို ပြဿနာ တွေကို မလိုချင်ဘူး ဆိုရင်တော့ Visual C++ 2008 Express Edition ကို သုံးပေါ့နော်။ သူ့မှာ service pack 1 လည်း တစ်ခါထဲ ပါလာပြီးသား ဆိုတော့ ပြဿနာ မရှိနိုင် ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ project တစ်ခုလုံးကို သူများနဲ့ မျှဝေဖို့ စိတ်ကူးတယ် ဆိုရင်တော့ သူ့မှာလည်း Visual C++ 2008 ကို သုံးနေဖို့ လိုပါလိမ့်မယ်။

0 comments:
Post a Comment