Saturday, August 22, 2009

OpenGL rendering basics....

Game program တွေ၊ ဒါမှ မဟုတ် graphic rendering program တွေ ရဲ့ အဓိက အလုပ်လုပ်တဲ့ ပုံစံက real-time rendering လို့ ပြောလို့ရ ပါတယ်။ သူတို့က ပုံမှန် database, windows application တွေနဲ့ အလုပ်လုပ်တဲ့ ပုံစံ မတူပါဘူး။
Windows form application တစ်ခုကို event-driven program လို့ ပြောလို့ ရမယ်ထင်ပါတယ်။ သူတို့က user input ကို စောင့်နေတယ်။ User က တစ်ခုခု input ပေးလိုက်မှ နောက်ဆက် လုပ်ရမယ့် ကိစ္စကို ဆက်လုပ်တယ်လေ။ ဥပမာ- Personal data တွေ ဖြည့်တဲ့ application form တစ်ခု လိုပေါ့။ User က ဖြည့်စရာ ရှိတာ ဖြည့်ပြီး button ကို နှိပ်လိုက်မှ ကျန်တာ ဆက်လုပ်တာမျိုးပေါ့။
Game တွေ၊ animation တစ်ခုကို rendering လုပ်နေတဲ့ program တွေမှာ ကျတော့ အဲလို မဟုတ်ပါဘူး။ သူတို့က infinite loop တစ်ခုပါ။ Program ကို စလိုက်ပြီ ဆိုကထဲက user input ရှိရှိ၊ မရှိရှိ game logic တွေ၊ AI တွေ၊ graphic လှုပ်ရှားမှုတွေက နောက်ကနေ လုပ်နေရပါတယ်။ ချိန်သားကိုက်ကိုက် လည်း ဖြစ်ရပါတယ်။ User input ရှိခဲ့ရင်လည်း အဲဒီ input အပေါ် မူတည်ပြီး logic ကို ပြောင်းပေးရတယ်။ လိုအပ်ရင် graphic ဆွဲတာ တွေကို update လုပ်ပေးရပါတယ်။ User က ဘာမှ မလုပ်ပဲ နေရင်လည်း game logic နဲ့ လုပ်စရာရှိတာ တွေက နောက်ကနေ လုပ်နေရပါတယ်။ အဲဒီလိုပဲ graphic rendering တွေကလည်း update လုပ်ပေးနေရတယ်လေ။ ဒါကြောင့် သူတို့က rendering ကို အမြဲ လုပ်နေရပါတယ်။
Main game loop က user input ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ အမြဲ လုပ်နေပါတယ်။ User က game ထဲကနေ exit လုပ်တော့မယ်လို့ singal ပေးလိုက်မှသာ အဲဒီ loop က ထွက်သွားပါတယ်။ ဒါကြောင့် game loop တွေမှာ ဘယ်အချိန် ပြီးမယ် ဆိုတဲ့ ကန့်သတ်ချက် မရှိပါဘူး။ User input အပေါ်မှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် game ရဲ့ အခြေအနေ (state) တစ်ခု အပေါ်မှာပဲ ဖြစ်ဖြစ် မူတည်ပြီး ထွက်သွားတာမျိုးပဲ ဖြစ်နိုင်ပါတယ်။
အဲဒီလိုပါပဲ။ ကျွန်တော်တို့ OpenGL graphic rendering application တစ်ခုကို ရေးမယ် ဆိုရင်လည်း သူက rendering loop တစ်ခုပါ။ အဲဒီ loop ထဲမှာ user input ကို detect လုပ်တဲ့ ကိစ္စတွေပါတယ်။ Drawing ကို ဆွဲတဲ့ ကိစ္စတွေ ပါတယ်။ လိုအပ်ရင် ကျွန်တော်တို့က ကိုယ်ပိုင် logic တွေ ထပ်ထည့်ပြီးတော့ အဲဒီ loop ထဲမှာ အလုပ်လုပ်ခိုင်းလို့ ရပါတယ်။ ဒါကြောင့် OpenGL program တစ်ခုကို ဖန်တီးတယ် ဆိုရင် အဲဒီ program က ဖန်တီးတဲ့ graphic ပုံတွေက အသေဖြစ်နေတယ် ဆိုရင်တောင်မှ အဲဒီ program loop က အမြဲ ပတ်နေပြီး အလုပ်လုပ်နေတယ် ဆိုတာ သိထားဖို့ လိုပါတယ်။
OpenGL program တစ်ခုကို ဖန်တီးဖို့ အတွက် GLUT (OpenGL Utility Toolkit) ကို သုံးမယ် ဆိုရင်လည်း ကျွန်တော်တို့ရဲ့ main function ထဲမှာ အဲဒီ loop နဲ့ ပါတ်သက်တာတွေကို တွေ့နိုင်ပါတယ်။ အောက်မှာ နမူနာ ပြထားတာကို ကြည့်ကြည့်ပါ..။

int main(int argc, char **argv)
{
// normal initialisation

glutInit(&argc, argv);
// use double buffer to get better results on animation

// use depth buffer for hidden surface removal

glutInitDisplayMode(GLUT_RGBA | GLUT_DOUBLE | GLUT_DEPTH); glutInitWindowSize(600,600);
glutInitWindowPosition(100,100);

win = glutCreateWindow("OpenGL assignment 1");
// set the clearcolor

glClearColor(0.6,0.6,0.6,0.0);


// Here, you can initialize your customized things…


// register your callback functions
glutDisplayFunc(myDisp);

glutMouseFunc(myMouse);
glutMotionFunc(myMotion);

glutKeyboardFunc(myKeys);

glutReshapeFunc(reShape);


// enter the main loop
glutMainLoop();


//Program finish
return 1;

}


အပေါ်မှာ ပြထားတာက အရိုးရှင်းဆုံး GLUT code လေးတစ်ခုပါ။ အဲဒီ code ထဲမှာ callback functions တွေ ကို တွေ့နိုင်ပါတယ်။ Callback functions တွေ ဆိုတာ main loop ကနေ အလိုအလျှောက် လှမ်းခေါ်ပေးတဲ့ function တွေပါ။ အခု ကျွန်တော်တို့က GLUT ကို သုံးပြီး ရေးနေတယ်ဆိုတော့ GLUT ကနေ လိုအပ်ရင် လှမ်းခေါ် ပေးမှာပေါ့နော်။
အဲဒီ code ထဲမှာ myDisp, myMouse, myMotion, myKeys, reShape ဆိုတဲ့ function တွေက ကျွန်တော်တို့ ရဲ့ ကိုယ်ပိုင် ဖန်တီးထားတဲ့ function လေးတွေပါ။ အဲဒီ function လေးတွေ ထဲမှာ ကျွန်တော်တို့ ကြိုက်တာ၊ လုပ်ချင်တာကို ရေးထား လို့ရတယ်လေ။ ကျွန်တော်တို့က GLUT ကို ဘယ်ကိစ္စမှာ ဘယ် function ကို လုပ်ရမယ် ဆိုတာ ပြောပေးဖို့ပဲ လိုပါတယ်။ ဒါကို ကျွန်တော်တို့ function လေးတွေကို GLUT နဲ့ register လုပ်တယ် လို့ ခေါ်ပါတယ်။
ကျွန်တော်တို့ ရဲ့ function လေးတွေကို GLUT ကို register လုပ်ပြီးပြီ ဆိုရင် main loop ကို ခေါ်လိုက် ရုံပါပဲ။ ဒါဆို GLUT ကနေ OpenGL အတွက် main loop ကို စအလုပ်လုပ် ပြီပေါ့။ glutMainLoop ( ) ဆိုတဲ့ function လေးကို တွေ့တယ် မဟုတ်လား။ ဒါက main rendering loop ကို စဖို့ ပြောလိုက်တာပဲလေ။ ဒါဆို main loop က program မထွက်မချင်း run နေမယ်။ ပြီးတော့ ကျွန်တော်တို့ register လုပ်ထားတဲ့ callback function လေးတွေကို လိုအပ်သလို ခေါ်ခေါ်လုပ်သွားပါလိမ့်မယ်။
ကျွန်တော်တို့က ကျွန်တော်တို့ လုပ်ချင်တာတွေကို register လုပ်ထားတဲ့ callback function လေးတွေထဲမှာ ရေးထား လိုက်ရုံပဲပေါ့။
ဥပမာ- myDisp ဆိုတဲ့ function လေးက rendering function လို့ ပြောလို့ရတယ်။ Main loop ကနေ အမြဲတမ်း အဲဒီ function ကို ခေါ်နေမှာပေါ့။ ကျွန်တော်တို့က ဆွဲချင်တာတွေကို အဲဒီ function ထဲမှာ ပြောထားရင် ရပါတယ်လေ။ myMouse function က user ဆီကနေ Mouse input တစ်ခုခု ၀င်လာရင် ဘာလုပ်ရမယ် ဆိုတာ ပြောပေးထားတာပေါ့။ myKeys က keyboard input တွေကို handle လုပ်ဖို့ပါ။ ဒါဆို အပေါ်က callback functions လေးတွေနဲ့ main loop အကြောင်းကို သဘောတရား နားလည် နိုင်မယ် ထင်ပါတယ်။

0 comments:

Post a Comment