NTU မှာ DMT တက်တဲ့ ကျောင်းသားတွေ အနေနဲ့ C++ programming နဲ့ OpenGL နဲ့ လွတ်ကင်းလို့ မရနိုင် ပါဘူး။ Assignment တွေ အတွက်ပဲ ဖြစ်ဖြစ်၊ dissertation အတွက်ပဲ ဖြစ်ဖြစ် C++ programming language နဲ့ OpenGL က လိုလာမှာပါ။ တစ်ချို့ကတော့ dissertation ကို MathLab ၊ ဒါမှမဟုတ် Java သုံးတာ မျိုးလည်း ရှိတော့ ရှိနိုင်ပါတယ်။ အဓိကကတော့ C/C++ programming language က သုံးကို သုံးရမယ်လို့ ပြောလို့ရပါတယ်။
အခု junior DMT ကျောင်းသားတွေ အနေနဲ့ beginner တွေ ဆိုတော့ အစပိုင်းမှာ DMT ကိစ္စတွေ အတွက် ဘယ်လို ပြင်ဆင်ရမယ် ဆိုတာ အခက်အခဲ ရှိနိုင်ပါတယ်။ ကျွန်တော့ကိုလည်း အလျင်းသင့်သလို မေးကြပါ တယ်။ Computer field ကနေ လာတာ မဟုတ်တဲ့ သူတွေအတွက် C++ programming IDE, OpenGL, DirectX တွေက အခက်အဲ အနဲနဲ့ အများတော့ ရှိနိုင်ပါတယ်။ Game ကစားတာ အလေ့အထ မရှိသူတွေ အတွက်လည်း DirectX, OpenGL တွေက အစိမ်းသက်သက် ဖြစ်နေနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်က တတ်နိုင်သလောက် သိသလောက်လေးကို ကူညီပေးတဲ့ အနေနဲ့ အစပိုင်း ဘယ်လို အစပြုရမယ်၊ ကိုယ့်ကွန်ပျူတာကို ဘယ်လို setup လုပ်ရမယ် ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ်။ ကိုယ် မသိ၊ နားမလည်ခင် တုန်းကလည်း အခက်အခဲ ရှိခဲ့တဲ့အတွက် ကိုယ် တတ်နိုင်သလောက် ကူညီပေးတဲ့ သဘောပါ။
ပထမဆုံး အနေနဲ့ DMT အတွက် assignment တွေ၊ project တွေနဲ့ dissertation အတွက် C++ programming ကို OpenGL နဲ့ ချိတ်ပြီးသုံးကြရမှာပါ။ ဒီတော့ ကိုယ့် ကွန်ပျူတာထဲမှာ C++ programming ကို ရေးနိုင်ဖို့အတွက် C++ IDE (Integrated Development Environment) တစ်ခုကို setup လုပ်ထားဖို့ လိုပါတယ်။ C++ IDE က programming language မဟုတ်ပါဘူး။ Programming ရေးနိုင်အောင်၊ project တစ်ခုကို ကောင်းကောင်း တည်ဆောက်နိုင်အောင်၊ file တွေနဲ့ တစ်ခြား လိုအပ်တဲ့ resource တွေကို စီမံခန့်ခွဲ နိုင်အောင်လုပ်ပေးတဲ့ IDE တစ်ခုပါပဲ။ ဒါကြောင့် C++ programming ရေးနိုင်ဖို့ အတွက် IDE တွေ အများကြီး ရှိပါတယ်။ ကြိုက်တာကို သုံးလို့ရပါတယ်။ ဥပမာ- C++ IDE တွေ အနေနဲ့….. လူသိအများဆုံး Microsoft Visual C++ သုံးမလား၊ free ရတဲ့ DEV C++, Eclipse for C++ development, Code::Block C++ IDE စသည်ဖြင့် အများကြီးရှိပါတယ်။
ဒါပေမယ့် ဆရာတွေက prefer လုပ်တာ။ အားလုံး နဲ့ အဆင်ပြေတာ ကို သုံးသင့်ပါတယ်။ ကျွန်တော် အကြံ ပေးချင်တာကတော့ Microsoft Visual C++ ကိုပဲ သုံးပါ။ သူက project ကို manage လုပ်ဖို့ အတွက်လည်း အဆင် ပြေပါတယ်။ ဆရာတွေ တော်တော်များများကလည်း သုံးစေချင်ပါတယ်။ ဘာမှလည်း အပြစ်ပြောစရာ ရယ်လို့ မရှိပါဘူး။ Visual C++ Professional က အလကား မရနိုင်ပေမယ့် Visual C++ Express Edition က ကျောင်းသားတွေ နဲ့ beginner တွေ၊ ၀ါသနာရှင်တွေ အတွက် free download လုပ်ယူလို့ ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ OpenGL, DirectX နဲ့ game programming တွေ အတွက် Express Edition က ကောင်းကောင်း လုံလောက်ပါတယ်။ ကျောင်းက assignment တွေနဲ့ dissertation အတွက်လည်း လုံလောက် တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်က C++ သမားဆိုတော့ MathLab ကိုတော့ မပြောဘူးနော်။
Microsoft Visual C++ ဆိုတာ Microsoft Visual Studio ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူ့ကို Visual Studio ကို ထည့်ရင်လည်း ထည့်လိုက်လို့ ရသလို Visual C++ ပဲ သီးသန့် download လုပ်ပြီး install လုပ်ရင်လည်း ရတယ်လေ။ ဒါကြောင့် Visual C++ ကို download လုပ်ပြီး install လုပ်ဖို့ လိုပါတယ်။ ဒီနေရာမှာ ပြောချင်တာက ကျွန်တော်တို့ သုံးမယ့် Visual C++ က ရိုးရိုး pure C++ (Native C++) အတွက်သုံးမှာပါ။ Microsoft dot NET အတွက် လုပ်ထားတဲ့ dot NET framework ကို သုံးမှာ မဟုတ်ပါဘူး။ ဒါကြောင့် dot NET တွေနဲ့ သွားမရောပါနဲ့။ ကျွန်တော်တို့ သုံးမယ့် ကိစ္စတွေက လောလောဆယ်မှာ dot NET မလိုပါဘူး။
OK.. ဒီတော့ အရင်ဆုံး Microsoft Visual C++ Express Edition ကို download လုပ်ပြီး install လုပ်ပါမယ်။ Visual C++ 2005 Express နဲ့ Visual C++ 2008 Express ထဲက ကြိုက်တာ သုံးလို့ရပါတယ်။ 2008 က မြင့်နေတော့ သူများတွေ၊ ဆရာတွေ ဆီမှာ မရှိတဲ့ ကိစ္စဖြစ်လာနိုင်ပါတယ်။ ဒီတော့ Visual C++ 2005 ကိုပဲ သုံးကြည့်ကြတာပေါ့။ Windows XP မှာ ဘာပြဿနာမှ မရှိပေမယ့် Windows Vista မှာ Visual C++ 2005 Express Edition ကို ထည့်ပြီး run လိုက်ရင် compatibility ပြဿနာ ရှိတယ်လို့ message ပြနိုင်ပါတယ်။ ကိစ္စ တော့မရှိပါဘူး။ ကျွန်တော်တို့ လုပ်မယ့် OpenGL အတွက်က အဆင်ပြေနိုင်ပါတယ်။ အဲလို ပြောလည်း install လုပ်သာ လုပ်လိုက်ပါ။
Visual C++ 2005 Express Edition ကို Microsoft web site မှာ ကျွန်တော်တော့ ရှာလို့ မတွေ့ပါ။ Microsoft က Visual C++ 2008 ကိုပဲ သုံးခိုင်းနေတယ် ထင်ပါတယ်။ ဒါကြောင့် အောက်မှာ ပေးထားတဲ့ link ကနေ Visual C++ 2005 Express Edition ကို download လုပ်လို့ရပါတယ်။ အောက်က link ကို သွားပြီး External Mirror 1 ဆိုတဲ့ link လေးကို click လုပ်လိုက်ရင် download လုပ်လို့ ရပါလိမ့်မယ်။ ဒါဆိုရင် Internet ကနေ web install လုပ်ပေးမယ့် EXE file သေးသေးလေး ရပါလိ့မ်မယ်။ သူ့ကို run လိုက်ရင် install လုပ်ပေးသွားပါလိမ့်မယ်။ Install လုပ်ကာနီး မေးတဲ့အခါမှာ Graphical IDE တစ်ခုကိုပဲ install လုပ်ရင်ရပါတယ်။ ကျန်တာတွေကို မလုပ်ပါနဲ့။ (ပုံမှာကြည့်ပါ)
Download Visual C++ 2005 Express Edition
Visual C++ 2005 Express Edition ကို ထည့်ပြီးပြီ ဆိုရင် C++ programming ကို စရေးလို့ ရပြီပေါ့။ ဒါပေမယ့် OpenGL application တွေကို ဖန်တီးဖို့အတွက် Win32 ပုံစံနဲ့ ရေးရမှာမို့ Visual C++ ကို install လုပ်ရုံနဲ့ မလုံလောက်ပါဘူး။ Microsoft Platform SDK ဒါမှ မဟုတ်၊ Windows SDK ကို ထည့်ပေးရပါမယ်။ Windows Vista ကို သုံးနေတဲ့ သူတွေအတွက် ကျွန်တော်က Widnows SDK ကို ထည့်စေချင်ပါတယ်။ အောက်မှာ ပေးထားတဲ့ link ကနေ Windows SDK ကို download လုပ်လို့ ရပါတယ်။ File size ကြီးတော့ နဲနဲ တော့ ကြာမှာပေါ့။ Windows SDK ကို download လုပ်လိုက်ရင် ISO (disk image) တစ်ခု အနေနဲ့ ရလာပါ လိမ့်မယ်။ သူ့ကို ဖွင့်ချင်ရင် Power ISO လို program သုံးပြီး ဖွင့်လို့ရပါတယ်။ ပြီးမှ အဲဒီကနေ install လုပ်ပေါ့။ (PowerISO ကို insternet ကနေ လွယ်လွယ်လေး download လုပ်လို့ရပါတယ်။ Google နဲ့ ရှာလိုက်ပါ)။ ဒါမှမဟုတ် ရလာတဲ့ ISO CD image ကို CD/DVD ထဲကို burn လုပ်ပြီးမှ install လုပ်လည်း ရပါတယ်။ Platform SDK ဒါမှမဟုတ် Windows SDK တစ်ခုခု ကိုပဲ install လုပ်ပါနော်။ ၂ ခုလုံး ထည့်စရာ မလိုပါဘူး။
Link to download Microsoft Windows SDK
Visual C++ 2005 Express Edition နဲ့ Windows SDK ကို ထည့်ပြီးပြီ ဆိုရင် Win32 program တွေ ရေးဖို့ ready ဖြစ်ပြီပေါ့။ OpenGL program တွေ ဖန်တီးဖို့က OpenGL ကိုလည်း ကိုယ့်စက်ထဲကို download လုပ်ထားဖို့ လိုပါတယ်။ Install လုပ်စရာ မလိုပါဘူး။ Folder တစ်ခုထဲကို ထည့်ထားရင် ရပါတယ်။ OpenGL အတွက် GLUT (OpenGL Utility Toolkit) ကို အောက်မှာပေးထားတဲ့ link ကနေ download လုပ်နိုင်ပါတယ်။
Link to download OpenGL utility (GLUT)
အပေါ်က link ကို သွားပြီး glut-3.7.6-bin.zip ဆိုတာလေးကို နှိပ်လိုက်ရင် GLUT ကို download လုပ်လို့ ရပါတယ်။ ZIP file အနေနဲ့ ရပါလိမ့်မယ်။ သူ့ကို hard disk ထဲက ကြိုက်တဲ့ နေရာကို ဖြေချထားလိုက်ပေါ့။ Visual C++ နဲ့ Windows SDK, GLUT တွေ ဘယ်လို ချိတ်ဆက်တယ် ဆိုတာကို အသေးစိတ် မပြောတော့ဘူးနော်။ လောလောဆယ် က လိုအပ်တာတွေ download လုပ်ဖို့ ပြောပြတာပါ။ (ဒီ blog မှာ သက်ဆိုင်တဲ့ article တွေ ရှိပါတယ်)။
အရင်က ရေးထားတဲ့ အောက်က article လေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဒါဆို ပိုမြင်မယ်လို့ မျှော်လင့်ပါတယ်။
How to create Win32 application with Visutal C++ Express Edition
အခု ကျွန်တော် ပြောပြတာလေးတွေက အစပိုင်း ဘယ်လို လုပ်ရမယ် မသိတဲ့ ကျောင်းသား သစ်တွေ အတွက် အထောက်အကူ ပြုမယ်လို့ မျှော်လင့်ပါတယ်။ အခု ကျွန်တော် ပြောပြထား တဲ့အတိုင်း လိုအပ်တာလေးတွေကို install လုပ်ထားရင် နောက်ပိုင်း အဆင်ပြေလို့ လက်တွေ့ကို စက်နဲ့ ပြောပြပေးရင် အဆင်ပြေတာပေါ့။

0 comments:
Post a Comment