Sunday, September 13, 2009

GLUI for Visual C++ 2008

Visual C++ 2005/2008 နဲ့ အလုပ်လုပ်ရင် Express Edition ကိုပဲ သုံးသုံး၊ Professional Edition ကိုပဲ သုံးသုံး GLUT က အဆင်ပြေပြေ အလုပ်လုပ် ပေမယ့် GLUI (GLUT based User Interface) library တွေက ကောင်းကောင်း အလုပ်မလုပ်တာ တွေ့ရပါတယ်။ GLUI library တွေက သူတို့ကို create (compile) လုပ်ထားတဲ့ အပေါ် မူတည်ပြီး သုံး၇တာ အဆင်မပြေတာ ဖြစ်တတ်ပါတယ်။ GLUT လိုမျိုး မဟုတ်ပါဘူး။
OpenGL application တွေ ရေးမယ့် junior student တွေ အတွက်လည်း GLUT က ပြဿနာ မရှိနိုင် ပေမယ့် user interface တွေ ရေးဖို့ အတွက် GLUI ကို သုံးမယ် ဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ အရင်က ကျွန်တော်တို့ သုံးခဲ့တဲ့ GLUI library တွေက Visual C++ 6.0 လိုမျိုးမှာ အခက်အခဲ မရှိနိုင်ပေမယ့် နောက်ပိုင်း VC++ 2005/2008 တွေမှာ ပြဿနာ ရှိနိုင်ပါတယ်။ အထူးသဖြင့် Express Edition တွေ သုံးတဲ့ အခါ ပြဿနာ တွေ့ရမယ် ထင်ပါတယ်။ ဒါနဲ့ Visual C++ 2008 နဲ့ အဆင်ပြေမယ့် GLUI ကို လိုက်ရှာ ကြည့်တော့ အသင့်သုံးလို့ ရမယ့် library ကို မတွေ့မိပါဘူး။
ဒါနဲ့ source file တွေကို download ဆွဲပြီး ကိုယ့်ဘာသာ VC++ 2008 Express Edition ကို သုံးပြီး compile လုပ်ကြည့်ခဲ့ပါတယ်။ အဲဒီကနေ ရလာတဲ့ GLUI library (debug) လေးနဲ့ VC++ 2008 Express ကို သုံးပြီး GLUT user interface တွေ စမ်းကြည့်တော့ အဆင်ပြေတာ တွေ့ရပါတယ်။ ဒါနဲ့ လောလောဆယ် user interface ရေးနေတဲ့ သူတွေ အဆင်ပြေ အောင် မျှဝေပေးလိုက်ပါတယ်။ အောက်ကပေးထားတဲ့ 4share link ကနေ download ဆွဲလို့ ရမှာပါ။ File size က 15MB လောက်တော့ ရှိပါတယ်။ အဲဒီ GLUI library file ေ
လးကို project ထဲမှာ ပေါင်းထည့်ထား၇င် VC++ 2008 နဲ့ GLUI program ရေးတဲ့ အခါ အဆင်ပြေနိုင် ပါတယ်။

Link to download GLUI library

တစ်ခု သတိထားရမှာ အဲဒီ GLUI library လေးက debug mode အတွက်ပါ။ Release mode အတွက် မဟုတ်ပါဘူး။ ဒါကြောင့် project properties မှာ debug ဖြစ်နေဖို့ လိုပါတယ်။ (ပုံမှာကြည့်ပါ)။

ကျွန်တော်တော့ VC++ 2008 Express Edition နဲ့ စမ်းကြည့်တာ အဆင်ပြေပါတယ်။ တစ်ခုပဲ သတိထားရ မှာက အဲဒီ GLUI library ကြောင့်လို့ ထင်ပါတယ်။ File name အတွက် text box ကို သုံးပြီး GLUI user interface ကနေ filename ကို string အနေနဲ့ လက်ခံတဲ့ အခါ character array အနေနဲ့ သုံးမှ အလုပ်လုပ် တာကို တွေ့ရပါတယ်။ ကျွန်တော် သေချာတော့ မစမ်းကြည့်ရ သေးပါဘူး။ GLUI_String အနေနဲ့ ဆိုရင် အလုပ် မလုပ်ပါဘူး။ ပြီးတော့ char* ဆိုရင်လည်း အလုပ်မလုပ်ပါဘူး။ အောက်က ဥပမာ ကို ကြည့်ကြည့်ပါနော်။

GLUI_String filename;

လို့ ကြေငြာရင်လည်း အလုပ်မလုပ်ပါဘူး။ ဒါမှမဟုတ်….

char* filename;

လို့ character pointer ပုံစံ ပြောရင်လည်း အလုပ်မလုပ်ပဲ error ပြတတ်ပါတယ်။

char filename[25];
လို့ ပြောမှပဲ ကောင်းကောင်း အလုပ်လုပ်သွားတာ တွေ့ရပါတယ်။ သေသေချာချာ အသေးစိတ် ကိုတော့ ကိုယ့်ဘာသာ စမ်းကြည့်ပါနော်။ 25 ဆိုတဲ့ အရေအတွက်ကတော့ ကိုယ်ကြိုက်သလို ပေးလို့ ရပါတယ်။
ဘာပဲ ဖြစ်ဖြစ် အခု ကျွန်တော် ပေးထားတဲ့ GLUI library file လေးက လောလောဆယ် VC++ 2008 ကို သုံးနေတဲ့ သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ GLUI.H ရှိနေတဲ့ folder လေးကို လမ်းကြောင်း ပေးထားဖို့တော့ မမေ့နဲ့ ပေါ့နော်။

0 comments:

Post a Comment