Wednesday, August 18, 2010

Install Nvidia drivers for OEM GPUs

ATI က laptop computer တွေမှာ သုံးတဲ့ သူ့ရဲ့ Mobility Radeon graphic processor တွေအတွက် mobility driver တွေကို ATI web site မှာ download လုပ်ခွင့် မပေးပဲ laptop ထုတ်လုပ်သူ Original Equipment Manufacturer (OEM) တွေဆီကနေပဲ download လုပ်ခွင့် ပေးပါတယ်။ ဒါကြောင့် ATI က driver update လုပ်တိုင်း desktop GPU သုံးသူတွေသာ update လုပ်ခွင့် ရပြီး laptop သုံးသူ တွေကတော့ update လုပ်ခွင့် မရခဲ့ပါဘူး။ အဲဒါကို ဖြေရှင်းဖို့ Mobility Modder အကြောင်းကို ကျွန်တော် ဆွေးနွေး ဖူးပါတယ်။

အခုတစ်ခါ ATI နဲ့ အပြိုင် ထိပ်တန်း GPU ထုတ်လုပ် သူ Nvidia အတွက်ပါ။ အခုနောက်ပိုင်း Nvidia က ထုတ်တဲ့ တစ်ချို့ laptop GPU တွေလည်း driver ရှာရတာ ခက်ပါတယ်။ Nvidia web site မှာ ပေးထားတဲ့ driver list ထဲမှာ သူတို့ နာမည် မပါတာတွေ တွေ့ရတတ် ပါတယ်။ Apple MacBook နဲ့ MacBook PRO ကို Windows OS နဲ့ သုံးတဲ့ သူတွေ ပိုပြီး သိမှာပါ။ ဥပမာ- Geforce 320M, Geforce 330M…။

ကိုယ့်ရဲ့ laptop မှာ ပါတဲ့ Nvidia GPU (Graphic Processing Unite) အတွက် Nvidia web site မှာ support မပါဘူး ဆိုရင် (OEM) manufacturer ဆီကနေ သွားရှာရ ပါတယ်။ Nvidia web site က ရတဲ့ နောက်ဆုံး ထွက် updated driver က သုံးလို့ မရပါဘူး။ Install လုပ်တာနဲ့ setup program က compatible ဖြစ်တဲ့ device ကို ရှာလို့ မတွေ့ဘူး ဆိုပြီး error message ပေးပြီး install လုပ်ခွင့် မပေးပါဘူး။ တစ်ကယ်လို့ ဘယ်လိုပဲ ဖြစ်ဖြစ် Nvidia က ထုတ်တဲ့ latest driver ကို ကိုယ့်ရဲ့ laptop GPU အတွက် သုံးချင်တယ် ဆိုရင် လုပ်လို့ ရတဲ့ နည်းရှိပါတယ်။
အမှန်က Nvidia က ကျွန်တော်တို့ laptop GPU ရဲ့ hardware ID ကို သူ့ရဲ့ device list ထဲမှာ မထည့် ပေးထားတဲ့ အတွက် driver setup program က error ပြပြီး install လုပ် မပေးတာပါ။ ဒါကြောင့် ကျွန်တော်တို့က device ID list ထဲကို ကိုယ့်ဘာသာ ထည့်ပေးရပါမယ်။

ပထမဆုံး လုပ်ရမှာက ကိုယ့် laptop ၀ယ်တုန်းက ပါလာတဲ့ driver အဟောင်း ကို ထည့်ထား ပြီးသား
ဆိုရင် ကိုယ့် laptop မှာရှိတဲ့ GPU ရဲ့ hardware ID ကို မှတ်ထား ရပါမယ်။
Device Manager ကို ဖွင့်ပါ။ (My Computer ကို Right Click လုပ်ပြီး Properties ကနေ သွားရင် ရပါတယ်)။ Display adapters ကို ဖွင့်လိုက်ရင် ကိုယ့်စက်ထဲမှာ ရှိတဲ့ graphic card ကို မြင်ရ ပါမယ်။ သူ့ကို right click လုပ်ပြီး ပေါ်လာတဲ့ menu ကနေ Properties ကို ရွေးလိုက်ပါ။
Properties dialog box တစ်ခု ပေါ်လာရင် Details ဆိုတဲ့ tab လေးကို သွားလိုက်ပါ။ Property ဆိုတဲ့ drop list ကနေ Hardware IDs ဆိုတာကို ရွေးလိုက်ပါ။ (ပုံမှာကြည့်ပါ)

Hardware Ids list ထဲက ဒုတိယ စာကြောင်းကို copy ကူးမှတ်ထားပါ။ ဒါမှမဟုတ် ရေးမှတ်ထား လိုက်ပါ။ သူ့မှာ SUBSYS ဆိုတဲ့ စာသား ပါရပါမယ်။

ဥပမာ- PCI\VEN_10DE&DEV_0A29&SUBSYS_035B1234

ဒုတိ အဆင့်အနေနဲ့ Nvidia ကနေ latest driver ကို download လုပ်ပါ။ ကိုယ့်မှာ ရှိတဲ့ Windows OS နဲ့ ကိုက်ညီတာကို download ဆွဲပေါ့နော်။ သူ့ထဲမှာ ပါတဲ့ file တွေကို folder တစ်ခု ထဲကို ဖြည်ချ လိုက်ပါ။
အဲဒီ file တွေထဲကမှ nvac.inf ဆိုတဲ့ file လေးကို တွေ့အောင် ရှာပြီး Notepad လို မျိုး text editor နဲ့ ဖွင့်လိုက်ပါ။ Find ကိုသုံးပြီး ခုနက ကျွန်တော်တို့ ရေးမှတ်ထားတဲ့ ကျွန်တော်တို့ laptop ရဲ့ hardware ID ကို ရှာပါ။  
အရေးကြီးတာက ရှာတဲ့နေရာမှာ SUBSYS နောက်က နံပါတ်တွေကို မထည့်ပါနဲ့။
ဥပမာ- ကျွန်တော်တို့ ရှာတဲ့ ID က PCI\VEN_10DE&DEV_0A29&SUBSYS ဆိုတာ မျိုးပဲ ဖြစ်ရ ပါမယ်။

Find နဲ့ ရှာလိုက်လို့ %NVIDIA_DEV.0A29.01% = ပါတဲ့ စာကြောင်း တွေ့ပြီ ဆိုရင် သူ့ နောက်နားမှာ ရှိတဲ့ hardware ID ကို ကျွန်တော်တို့ ခုနက ရေးမှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ hardware ID တစ်ခုလုံးနဲ့ အစားထိုး လိုက်ပါ။ ပြီးရင်တော့ file ကို save လုပ်ပြီး ပိတ်လိုက်ပါ။

တစ်ကယ်လို့ Driver list ထဲမှာ ကိုယ့် hardware ID ကို ဘယ်လိုမှ ရှာလို့မရဘူး ဆိုရင် driver အဟောင်းက hardware ID ပါတဲ့ စာကြောင်း (များသောအားဖြင့် ၂ ခုဖြစ်တတ်ပါတယ်) တွေကို copy ကူးပြီး driver အသစ်က inf file ထဲကို ထည့်ပေးလိုက် လို့လည်း ရနိုင်ပါတယ်။

အပေါ်က အဆင့်တွေ အားလုံးပြီးသွားရင် Nvidia driver ကို ဖြည်ချထားတဲ့ folder ထဲက setup.exe ကို run ကြည့်ရင် driver installer က hardware ကို မတွေ့ဘူး ဆိုတဲ့ error မပေးတော့ပဲ install လုပ်သွားပါ လိမ့်မယ်။

အခု ကျွန်တော် ပြောပြတဲ့ နည်းက hardware အားလုံး နဲ့ အလုပ်လုပ်ချင်မှ လုပ်မှာပါ။ ကိုယ့် စက်ထဲမှာ ရှိတဲ့ hardware, driver version, installer version အပေါ် မူတည်ပြီး ရနိုင် မရနိုင် ဆိုတာ ရှိလာနိုင် ပါတယ်။ ကိုယ့်ဘာသာ စမ်းကြည့်ပေါ့နော်။

0 comments:

Post a Comment