Nvidia web site က download လုပ်ယူလို့ ရတဲ့ driver ထဲမှာ Apple MacBook တွေရဲ့ Nvidia Geforce 320M အတွက် support မပါပါဘူး။ ဒါနဲ့ ကျွန်တော် ရှေ့မှာ ပြောခဲ့တဲ့ နည်းအတိုင်း ရမရ လက်တွေ့ စမ်းကြည့် ခဲ့ပါတယ်။
Geforce 320M ရဲ့ device ID ပါတဲ့ စာကြောင်းကို Windows 7 device manager ကနေ ကြည့်ပြီး မှတ်ထား လိုက်ပါတယ်။ ပြီးတော့ Nvidia က ရတဲ့ driver အသစ်ရဲ့ INF file ထဲမှာ device ID ဆင်တူမယ့် စာကြောင်း ကို ရှာကြည့်တော့ device ID နဲ့ ဆင်တူတဲ့ စာကြောင်းတောင် ရှာလို့ မရခဲ့ ပါဘူး။
ဒါနဲ့ Geforce 320M အတွက် နဂိုမူလ driver အဟောင်းကို ဖွင့်ပြီး အဲဒီထဲက INF file ထဲမှာ device ID ပါတဲ့ စာကြောင်းတွေကို ရှာပါတယ်။ ၂ ခုတွေ့ပါတယ်။ အဲဒီ စာကြောင်း ၂ ခုလုံးကို copy ကူးလိုက်ပြီး driver အသစ်ရဲ့ INF file ထဲမှာ မူလ driver အဟောင်းက နေရာချတဲ့ ပုံစံအတိုင်း ကူးထည့် လိုက်ပါတယ်။
ပြီးတော့ driver အဟောင်းရဲ့ INF file ထဲက "Geforce 320M" ဆိုတဲ့ device description နာမည်ပါတဲ့ စာကြောင်းတွေကို ရှာပြီး သူတို့ကို ခုနကလိုပဲ driver အသစ်ရဲ့ INF file ထဲကို copy ကူးထည့် လိုက်ပါတယ်။
အားလုံး ကူးလို့ ပြီးတော့ Nvidia ရဲ့ driver အသစ်ကို install လုပ်တော့ compatible device ကို မတွေ့ဘူး ဆိုတဲ့ error message မပြတော့ပဲ အဆင်ပြေပြေ install လုပ်သွားပါတယ်။ တစ်ခုပဲ ရှိပါတယ်။ Windows 7 က ကျွန်တော်တို့ modify လုပ်ထားတဲ့ driver ကို signature မတွေ့လို့ install လုပ်မှာ သေချာလား မေးပါလိမ့်မယ်။ Install anyway ကိုသာ ရွေးပေးလိုက်ပါ။ သူ့ဘာသာ ဆက်ပြီး install လုပ်သွား ပါလိမ့်မယ်။ Windows ကို reboot လုပ်ပြီးတဲ့ အချိန်မှာ diver အသစ်က ကျွန်တော့ Geforce 320M နဲ့ ကောင်းကောင်း အလုပ် လုပ်တာကို ၀မ်းသာစွာ တွေ့လိုက်ရပါတယ်။
ဒါကြောင့် တစ်ကယ်လို့ Nvidia web site က ရတဲ့ latest driver အသစ်ရဲ့ INF file ထဲမှာ ကိုယ့် graphic chip ရဲ့ hardware ID ကို လုံးဝ ရှာလို့ မတွေ့ရင်လည်း ပြဿနာ မရှိပါဘူး။ Driver အဟောင်းထဲက အတိုင်း သက်ဆိုင်ရာ စာကြောင်းတွေကို ကူးထည့် ပေးလိုက်ရင်လည်း ကောင်းကောင်း အလုပ်လုပ် နိုင်ပါတယ် လို့ ပြောချင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော်တို့ download ဆွဲထားတဲ့ driver က ကျွန်တော်တို့ graphic chip family နဲ့ အလုပ်လုပ် ဖို့တော့ လိုပါတယ်။ (များသော အားဖြင့် လုပ်ပါတယ်)
ဒီ information အရဆိုရင် နောက်ဆို Nvidia GPU တွေ အတွက် driver support မရမှာ မပူရတော့ ဘူးပေါ့။ Device description နာမည် ပါတဲ့ စာကြောင်းတွေမှာ device နာမည်ကို ကိုယ်ကြိုက်တာ လျှောက်ပေးလို့ တောင် ရနိုင်ပါတယ်...။ :)

0 comments:
Post a Comment